ေခါက္ခ်ိဳး မ်က္ႏွာျပင္မ်ားကို Apple နဲ႔ Google အား ေရာင္းမယ့္ Samsung

0
353

Samsung က Galaxy Fold ျဖင့္ ေခါက္ခ်ိဳး မ်က္နွာျပင္ နည္းပညာကို ျပသခဲ့ပါတယ္။ အခုေတာ့ သူ႔ရဲ႕ ေခါက္ခ်ိဳး မ်က္နွာျပင္မ်ားကို အျခား စမတ္ဖုန္း ကုမၸဏီမ်ားအား ေရာင္းခ်ေပးေတာ့မယ္လို႔ ETNews က ေရးသားထားပါတယ္။ ဆမ္ေဆာင္းက နမူနာ မ်က္ႏွာျပင္မ်ားကိုေတာင္ အဲဒီ ကုမၸဏီမ်ားထံ ေပးပို႔ထားတယ္လို႔ ေျပာပါတယ္။

ဆမ္ေဆာင္းက ေခါက္ခ်ိဳး မ်က္ႏွာျပင္ နည္းပညာကို သူတစ္ေယာက္ထဲ ႀကိတ္သံုးမွာ မဟုတ္ပါဘူး။ ကုမၸဏီက ဒီနည္းပညာကို အျခား ကုမၸဏီမ်ားအား ေရာင္းခ်ျခင္းျဖင့္ စီးပြားရွာဖို႔ ႀကိဳးစားမွာ ျဖစ္ပါတယ္။ ဆမ္ေဆာင္းဟာ တစ္ႏွစ္လွ်င္ ေခါက္ခ်ိဳး မ်က္ႏွာျပင္ ၂.၄ သန္း ထုတ္လုပ္မယ္လို႔ သိရပါတယ္။ ေရာင္းအား ေကာင္းရင္  ၁၀ သန္းအထိ တိုးခ်ဲ႕ထုတ္လုပ္မယ္လို႔ သတင္းထြက္ေနပါတယ္။

Apple ဟာလည္း ေခါက္ခ်ိဳး မ်က္ႏွာျပင္ နည္းပညာကို ဖန္တီးေနတာ ႏွစ္အနည္းငယ္ ရွိၿပီလို႔ သိရပါတယ္။ ေခါက္ခ်ိဳး အိုင္ဖုန္းရဲ႕ Patent မ်ားလည္း ေပါက္ၾကားထြက္ေပၚေနပါတယ္။ ယခင္သတင္းမ်ားအရ Apple က ၂၀၂၀ ခုႏွစ္ မတိုင္ခင္မွာ ေခါက္ခ်ိဳး အိုင္ဖုန္းကို ေရာင္းခ်ႏုိင္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။ Apple နဲ႔ Samsung တို႔ဟာ သမိုင္းေၾကာင္းအရ ၿပိဳင္ဖက္မ်ား ျဖစ္သလို Samsung က Apple iPhone မ်ားရဲ႕ မ်က္ႏွာျပင္မ်ားကို ထုတ္လုပ္ေပးတဲ့ Supplier လည္း ျဖစ္ပါတယ္။

Apple ရဲ႕ မၾကာခင္က ဒီဇိုင္း Patent အသစ္ေတြမွာေတာ့ ထက္ဝက္ ေခါက္ခ်ိဳးအသုံးျပဳနိုင္တဲ့ ဖုန္းတလုံးကို ေတြ႔ျမင္ရပါတယ္။ Samsung နဲ႔ Xiaomi တို႔က တက္ဘလက္လုိ အသုံးျပဳႏိုင္တဲ့ ေခါက္ခ်ိဳးဖုန္းကို ထုတ္ဖို႔ စီစဥ္ေနခ်ိန္မွာ Apple က အသုံးမျပဳလိုတဲ့အခါ အိတ္ထဲ ေခါက္ထည့္ထားႏိုင္တဲ့ ဖုန္းေသးတမ်ိဳးကိုပါ စဥ္းစားေနပုံ ေပၚပါတယ္။ ဒါ့အျပင္ ကမာခြံလို အဖြင့္အပိတ္ လုပ္ႏိုင္တဲ့ ဒီဇိုင္း၊ သုံးေခါက္ခ်ိဳးႏိုင္တဲ့ ဒီဇိုင္းတို႔ကို ေတြ႔ျမင္ရမွာပါ။ စခရင္ကို အတြင္း၊ အျပင္ ေခါက္ခ်ဳိးႏိုင္တဲ့ ဒီဇိုင္းက iPhone ကို iPad အသြင္ ေျပာင္းေပးႏိုင္မွာပါ။

unicode

ခေါက်ချိုး မျက်နှာပြင်များကို Apple နဲ့ Google အား ရောင်းမယ့် Samsung

Samsung က Galaxy Fold ဖြင့် ခေါက်ချိုး မျက်နှာပြင် နည်းပညာကို ပြသခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး မျက်နှာပြင်များကို အခြား စမတ်ဖုန်း ကုမ္ပဏီများအား ရောင်းချပေးတော့မယ်လို့ ETNews က ရေးသားထားပါတယ်။ ဆမ်ဆောင်းက နမူနာ မျက်နှာပြင်များကိုတောင် အဲဒီ ကုမ္ပဏီများထံ ပေးပို့ထားတယ်လို့ ပြောပါတယ်။

ဆမ်ဆောင်းက ခေါက်ချိုး မျက်နှာပြင် နည်းပညာကို သူတစ်ယောက်ထဲ ကြိတ်သုံးမှာ မဟုတ်ပါဘူး။ ကုမ္ပဏီက ဒီနည်းပညာကို အခြား ကုမ္ပဏီများအား ရောင်းချခြင်းဖြင့် စီးပွားရှာဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ ဆမ်ဆောင်းဟာ တစ်နှစ်လျှင် ခေါက်ချိုး မျက်နှာပြင် ၂.၄ သန်း ထုတ်လုပ်မယ်လို့ သိရပါတယ်။ ရောင်းအား ကောင်းရင် ၁၀ သန်းအထိ တိုးချဲ့ထုတ်လုပ်မယ်လို့ သတင်းထွက်နေပါတယ်။

Apple ဟာလည်း ခေါက်ချိုး မျက်နှာပြင် နည်းပညာကို ဖန်တီးနေတာ နှစ်အနည်းငယ် ရှိပြီလို့ သိရပါတယ်။ ခေါက်ချိုး အိုင်ဖုန်းရဲ့ Patent များလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ ယခင်သတင်းများအရ Apple က ၂၀၂၀ ခုနှစ် မတိုင်ခင်မှာ ခေါက်ချိုး အိုင်ဖုန်းကို ရောင်းချနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ Apple နဲ့ Samsung တို့ဟာ သမိုင်းကြောင်းအရ ပြိုင်ဖက်များ ဖြစ်သလို Samsung က Apple iPhone များရဲ့ မျက်နှာပြင်များကို ထုတ်လုပ်ပေးတဲ့ Supplier လည်း ဖြစ်ပါတယ်။

Apple ရဲ့ မကြာခင်က ဒီဇိုင်း Patent အသစ်တွေမှာတော့ ထက်ဝက် ခေါက်ချိုးအသုံးပြုနိုင်တဲ့ ဖုန်းတလုံးကို တွေ့မြင်ရပါတယ်။ Samsung နဲ့ Xiaomi တို့က တက်ဘလက်လို အသုံးပြုနိုင်တဲ့ ခေါက်ချိုးဖုန်းကို ထုတ်ဖို့ စီစဉ်နေချိန်မှာ Apple က အသုံးမပြုလိုတဲ့အခါ အိတ်ထဲ ခေါက်ထည့်ထားနိုင်တဲ့ ဖုန်းသေးတမျိုးကိုပါ စဉ်းစားနေပုံ ပေါ်ပါတယ်။ ဒါ့အပြင် ကမာခွံလို အဖွင့်အပိတ် လုပ်နိုင်တဲ့ ဒီဇိုင်း၊ သုံးခေါက်ချိုးနိုင်တဲ့ ဒီဇိုင်းတို့ကို တွေ့မြင်ရမှာပါ။ စခရင်ကို အတွင်း၊ အပြင် ခေါက်ချိုးနိုင်တဲ့ ဒီဇိုင်းက iPhone ကို iPad အသွင် ပြောင်းပေးနိုင်မှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.