Posted on Leave a comment

MWC 2019 မွာ ျပသခဲ့တဲ့ ပံုမွန္မဟုတ္ေသာဖုန္းအမ်ိဳးအစားမ်ား

Zawgyi Version

Mobile World Congress ဆိုတာဟာ ကမာၻေပၚမွာ အၾကီးက်ယ္ဆံုးေသာစမတ္ဖုန္းျပပြဲၾကီးတစ္ခုလို႕ ဆိုရမွာပါ။ ဒီႏွစ္မွာ နည္းနည္းထူးဆန္းပါတယ္။ Samsung နဲ႕ Huawei တို႕မွာလည္း ေခါက္ခ်ိဳးဖုန္းေတြ ေတြ႕ျမင္ရပါတယ္။ LG ရဲ႕ flagship ကလည္း အေၾကာေတြေထာင္သြားေစခဲ့တယ္။ Nokia ကလည္း trypophobia (အေပါက္ေၾကာက္တဲ့ေရာဂါ) ရွိတဲ့သူေတြ ပိုဆိုးေစခဲ့ပါတယ္။

ေနာက္ျပီး ဟဲဗီး၀ိတ္ေတြကိုလည္း ၾကည့္ရတာ စိတ္၀င္စားဖို႕ေကာင္းလိုက္တာ။ ပါ၀ါဘဏ္ၾကီးကိုမ်ား ခ်ထားသလားေအာက္ေမ့ရ။ ေ၀ၚကီေတာ္ကီကို ဖုန္းအေနနဲ႕ ျပထားတာလား။ ဒါမွမဟုတ္ QWERTY ကို ထပ္သံုးခ်င္ေအာင္လုပ္ထားတာလား။ စာဖတ္သူစိတ္ၾကိဳက္ေတြ႕ျမင္ရမယ့္ MWC 2019 ဖုန္းေတြျဖစ္ပါတယ္။

၀တုတ္ေကာင္ေလး

Related image

18,000mAh power bank နဲ႕ Android phone ကို ေပါင္းစပ္လိုက္ရင္ ဘာျဖစ္လာမလဲ။ Power Max P18K Pop ကေတာ့ အဲဒီလိုေပါင္းစပ္မႈျဖစ္ပါတယ္။ P18K ဟာ ကၽြန္ေတာ္တို႕ျမင္ဖူးသမွ်ထဲမွာ အထူဆံုး၊ အေလးဆံုး Android phone ျဖစ္လာပါတယ္။ အားတစ္ခါသြင္းထားရင္ ရက္ေပါင္းမ်ားစြာခံပါတယ္။ အားတစ္ခါသြင္းရင္ ဘယ္ေလာက္ခံမလဲဆိုတာစမ္းဖုိ႕လူတစ္ေယာက္တည္းနဲ႕ ရပါ့မလား။ သံုးေလးေယာက္ေလာက္ စမ္းရမယ္ထင္တယ္။

Star Trek tricorder

Star Trek တုန္းက ပါခဲ့တဲ့ tricorder ေလးကိုမွတ္မိိၾကေသးတယ္မလား။ CloudMinds ရဲ႕ဖန္တီးမႈေၾကာင့္ထြက္ေပၚလာတဲ့ Xi ကေတာ့ ကမာၻ႕ပထမဆံုးေသာ စမတ္ဖုန္း spectrometer ျဖစ္ပါတယ္။ သူဟာ ေလဆာကိုထုတ္လႊတ္ျပီး ဓာတုပစၥည္းေတြကိုစစ္ေဆးကာ နာမည္ကို စကၠန္႕ပိုင္းအတြင္းမွာ ေဖာ္ျပေပးႏုိင္ပါတယ္။ Instagram ကိုလည္း သံုးႏုိင္သလို Fortnite လည္း ရပါတယ္။ CloudMinds BGD21 ဟာ ultrasound scanner နဲ႕ေပါင္းစပ္ထားေသးတာဆိုေတာ့ စြန္းမုိက္ျပီေလ။

ဗံုးကြဲေတာင္မပ်က္စီးမယ့္ ေ၀ၚကီေတာ္ကီ

Image result for Nomu T18

ဒါကေတာ့ ကၽြန္ေတာ္တို႕အၾကိဳက္ပါပဲ။ လူ႕ေလာကၾကီးက ေဖာက္ခြဲေရးသမားေတြဒဏ္ကို အလူးအလဲခံေနရခ်ိန္မွာ ဒဏ္ခံႏုိင္တဲ့အရာေလးတစ္ခုေတာ့ ကၽြန္ေတာ္တို႕လိုအပ္တယ္မဟုတ္လား။ Samsungs နဲ႕ iPhone ေတြက ဒီေနရာမွာ အသံုးမတည့္ေတာ့ပါဘူး။ ဒီေတာ့ အၾကမ္းခံ walkie-talkie ေလး လိုအပ္လာတဲ့ေနရာကို ေရာက္လာပါျပီ။ Nomu T18 ကေတာ့ သင္လိုအပ္ေနတဲ့အရာေလးပါ။ IP68 water resistance ၊ built-in VHF/UHF walkie-talkie ၊ anti-explosion hardening ၊ fingerprint recognition ၊ 3,200mAh battery အရွင္၊ အေနာက္ဘက္မွာ လက္ကိုင္ေလးပါ၀င္မွာပါ။ ကဲ ကိုင္လုိက္ၾကစို႕။

two-in-one

Image result for HiSense A6

HiSense A6 ကေတာ့ အျခားဖုန္းေတြထက္ ကၽြန္ေတာ္တို႕နဲ႕ယဥ္တယ္လို႕ ေျပာရမွာပါ။ ဖုန္းကို display ႏွစ္ခုနဲ႕ျမင္ဖူးရဲ႕လား။ တစ္ခုက OLED ၊ တစ္ခုက e-ink နဲ႕ေနာ္။ အေနာက္ဘက္မွာသံုးထားတဲ့ e-ink screen ကေတာ့ စာဖတ္တဲ့အခ်ိန္မွာ အသံုးတည့္ပါတယ္။ ဒါေပမယ့္လည္း ဒီထက္ပိုျပီးအသံုးက်ပါေသးတယ္။ full Android interface အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။ အေရာင္ေတြကို မျမင္ခ်င္ရင္လည္း အဆင္ေျပပါတယ္။ ဘတ္ထရီစားလည္း သက္သာတယ္။

identity crisis

Image result for Nubia Alpha

ဒါက တကယ္ေတာ့ စမတ္ဖုန္းတစ္လံုးမဟုတ္ပါဘူး။ Nubia ကေတာ့ အေပၚကနာမည္ေလးေပးထားပါတယ္။ Nubia Alpha ေလးမွာ smartwatch ရဲ႕ အခ်က္အလက္ေတြပါ၀င္တဲ့အျပင္ စမတ္ဖုန္းရဲ႕ feature ေတြလည္း ထည့္သြင္းေပးထားပါတယ္။ eSIM အသံုးျပဳျပီး ဖုန္းေခၚလို႕ရႏုိင္ပါတယ္။ ေကြးညြတ္ထားတဲ့ OLED screen ပါ၀င္သလို ကင္မရာ၊ gesture controls ၊ GPS ၊ fitness tracking ေတြလည္း ပါ၀င္ေနပါတယ္။ ၾကည့္ေကာင္းတဲ့ပစၥည္းေလးေတာ့ မျဖစ္လာေသးပါဘူး။ ဒါေပမယ့္လည္း အတြင္းပိုင္းက နည္းပညာေတြကေတာ့ အံ့မခန္းပါပဲ။

အဆက္ေဟာင္း

Image result for FXtec pro 1

QWERTY ေလွ်ာဖုန္းေလးကို မွတ္မိၾကဦးမွာပါ။ FXtec လုပ္ငန္းက တစ္ဖန္ျပန္လည္ အသက္သြင္းလိုက္ပါတယ္။ Pro 1 ေလးဟာ ကၽြန္ေတာ္တို႕ကို အထင္ၾကီးေစပါတယ္။ full hardware keyboard ပါ၀င္တဲ့အျပင္ OLED display ခပ္လန္းလန္းတို႕ကို သံုးထားပါတယ္။

Unicode Version

Mobile World Congress ဆိုတာဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးသောစမတ်ဖုန်းပြပွဲကြီးတစ်ခုလို့ ဆိုရမှာပါ။ ဒီနှစ်မှာ နည်းနည်းထူးဆန်းပါတယ်။ Samsung နဲ့ Huawei တို့မှာလည်း ခေါက်ချိုးဖုန်းတွေ တွေ့မြင်ရပါတယ်။ LG ရဲ့ flagship ကလည်း အကြောတွေထောင်သွားစေခဲ့တယ်။ Nokia ကလည်း trypophobia (အပေါက်ကြောက်တဲ့ရောဂါ) ရှိတဲ့သူတွေ ပိုဆိုးစေခဲ့ပါတယ်။
နောက်ပြီး ဟဲဗီးဝိတ်တွေကိုလည်း ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းလိုက်တာ။ ပါဝါဘဏ်ကြီးကိုများ ချထားသလားအောက်မေ့ရ။ ဝေါ်ကီတော်ကီကို ဖုန်းအနေနဲ့ ပြထားတာလား။ ဒါမှမဟုတ် QWERTY ကို ထပ်သုံးချင်အောင်လုပ်ထားတာလား။ စာဖတ်သူစိတ်ကြိုက်တွေ့မြင်ရမယ့် MWC 2019 ဖုန်းတွေဖြစ်ပါတယ်။
ဝတုတ်ကောင်လေး

Related image


18,000mAh power bank နဲ့ Android phone ကို ပေါင်းစပ်လိုက်ရင် ဘာဖြစ်လာမလဲ။ Power Max P18K Pop ကတော့ အဲဒီလိုပေါင်းစပ်မှုဖြစ်ပါတယ်။ P18K ဟာ ကျွန်တော်တို့မြင်ဖူးသမျှထဲမှာ အထူဆုံး၊ အလေးဆုံး Android phone ဖြစ်လာပါတယ်။ အားတစ်ခါသွင်းထားရင် ရက်ပေါင်းများစွာခံပါတယ်။ အားတစ်ခါသွင်းရင် ဘယ်လောက်ခံမလဲဆိုတာစမ်းဖို့လူတစ်ယောက်တည်းနဲ့ ရပါ့မလား။ သုံးလေးယောက်လောက် စမ်းရမယ်ထင်တယ်။
Star Trek tricorder


Star Trek တုန်းက ပါခဲ့တဲ့ tricorder လေးကိုမှတ်မိကြသေးတယ်မလား။ CloudMinds ရဲ့ဖန်တီးမှုကြောင့်ထွက်ပေါ်လာတဲ့ Xi ကတော့ ကမ္ဘာ့ပထမဆုံးသော စမတ်ဖုန်း spectrometer ဖြစ်ပါတယ်။ သူဟာ လေဆာကိုထုတ်လွှတ်ပြီး ဓာတုပစ္စည်းတွေကိုစစ်ဆေးကာ နာမည်ကို စက္ကန့်ပိုင်းအတွင်းမှာ ဖော်ပြပေးနိုင်ပါတယ်။ Instagram ကိုလည်း သုံးနိုင်သလို Fortnite လည်း ရပါတယ်။ CloudMinds BGD21 ဟာ ultrasound scanner နဲ့ပေါင်းစပ်ထားသေးတာဆိုတော့ စွန်းမိုက်ပြီလေ။
ဗုံးကွဲတောင်မပျက်စီးမယ့် ဝေါ်ကီတော်ကီ

Image result for Nomu T18


ဒါကတော့ ကျွန်တော်တို့အကြိုက်ပါပဲ။ လူ့လောကကြီးက ဖောက်ခွဲရေးသမားတွေဒဏ်ကို အလူးအလဲခံနေရချိန်မှာ ဒဏ်ခံနိုင်တဲ့အရာလေးတစ်ခုတော့ ကျွန်တော်တို့လိုအပ်တယ်မဟုတ်လား။ Samsungs နဲ့ iPhone တွေက ဒီနေရာမှာ အသုံးမတည့်တော့ပါဘူး။ ဒီတော့ အကြမ်းခံ walkie-talkie လေး လိုအပ်လာတဲ့နေရာကို ရောက်လာပါပြီ။ Nomu T18 ကတော့ သင်လိုအပ်နေတဲ့အရာလေးပါ။ IP68 water resistance ၊ built-in VHF/UHF walkie-talkie ၊ anti-explosion hardening ၊ fingerprint recognition ၊ 3,200mAh battery အရှင်၊ အနောက်ဘက်မှာ လက်ကိုင်လေးပါဝင်မှာပါ။ ကဲ ကိုင်လိုက်ကြစို့။
two-in-one

Image result for HiSense A6


HiSense A6 ကတော့ အခြားဖုန်းတွေထက် ကျွန်တော်တို့နဲ့ယဉ်တယ်လို့ ပြောရမှာပါ။ ဖုန်းကို display နှစ်ခုနဲ့မြင်ဖူးရဲ့လား။ တစ်ခုက OLED ၊ တစ်ခုက e-ink နဲ့နော်။ အနောက်ဘက်မှာသုံးထားတဲ့ e-ink screen ကတော့ စာဖတ်တဲ့အချိန်မှာ အသုံးတည့်ပါတယ်။ ဒါပေမယ့်လည်း ဒီထက်ပိုပြီးအသုံးကျပါသေးတယ်။ full Android interface အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အရောင်တွေကို မမြင်ချင်ရင်လည်း အဆင်ပြေပါတယ်။ ဘတ်ထရီစားလည်း သက်သာတယ်။
identity crisis

Image result for Nubia Alpha


ဒါက တကယ်တော့ စမတ်ဖုန်းတစ်လုံးမဟုတ်ပါဘူး။ Nubia ကတော့ အပေါ်ကနာမည်လေးပေးထားပါတယ်။ Nubia Alpha လေးမှာ smartwatch ရဲ့ အချက်အလက်တွေပါဝင်တဲ့အပြင် စမတ်ဖုန်းရဲ့ feature တွေလည်း ထည့်သွင်းပေးထားပါတယ်။ eSIM အသုံးပြုပြီး ဖုန်းခေါ်လို့ရနိုင်ပါတယ်။ ကွေးညွတ်ထားတဲ့ OLED screen ပါဝင်သလို ကင်မရာ၊ gesture controls ၊ GPS ၊ fitness tracking တွေလည်း ပါဝင်နေပါတယ်။ ကြည့်ကောင်းတဲ့ပစ္စည်းလေးတော့ မဖြစ်လာသေးပါဘူး။ ဒါပေမယ့်လည်း အတွင်းပိုင်းက နည်းပညာတွေကတော့ အံ့မခန်းပါပဲ။
အဆက်ဟောင်း

Image result for FXtec pro 1


QWERTY လျှောဖုန်းလေးကို မှတ်မိကြဦးမှာပါ။ FXtec လုပ်ငန်းက တစ်ဖန်ပြန်လည် အသက်သွင်းလိုက်ပါတယ်။ Pro 1 လေးဟာ ကျွန်တော်တို့ကို အထင်ကြီးစေပါတယ်။ full hardware keyboard ပါဝင်တဲ့အပြင် OLED display ခပ်လန်းလန်းတို့ကို သုံးထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.