Smartphone Trending
အသံနဲ့ Android phone တွေကိုဖွင့်ခြင်းအား ဆက်လက်သုံးစွဲခွင့်မရတော့
Zawgyi Version
Unicode Version
Pixel 3 နဲ့ Pixel 3 XL မှာ lock screen ကိုကျော်လို့ရတဲ့ Voice Match လုပ်ဆောင်ချက်ကို ဖြုတ်လိုက်တာ မှတ်မိကြဦးမှာပါ။ အခုဆိုရင်လည်း Voice Match ကို Android တိုင်းမှာ ဖြုတ်ချလိုက်ပါပြီ။
Device လေးကို အပြည့်အဝမဖွင့်တော့ဘဲ Voice Match က Google Assistant ကနေ “personal results” လေးတွေကိုသာ ပြသပေးတော့မှာ ဖြစ်ပါတယ်။ emails, Google Calendar entries, contacts, reminders, memory aids နဲ့ shopping lists တို့လိုပေါ့။ တခြားဟာတွေလိုချင်ရင် ဒါမှမဟုတ် ဖုန်းကိုအပြည့်အဝသုံးချင်ရင်တော့ unlock လုပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။
“Unlock with Voice Match” feature ရဲ့ စိတ်ကူးကတော့ လုံခြုံရေးတိုးတက်အောင်လို့ပဲ ဖြစ်ပါတယ်။ ဒီ feature လေးကိုအရင်တုန်းက သုံးတဲ့အခါမှာ secure feature မဟုတ်ဘူးဆိုပြီးတော့ မက်ဆေ့ချ်လေးပြသပေးပါလိမ့်မယ်။ ဟုတ်ပါတယ်။ သင့်ရဲ့အသံကို ဖမ်းယူထားပြီးတော့ တစ်ယောက်ယောက်ကဖွင့်နိုင်နေပါတယ်။
Voice Match ကို Google Home speakers နဲ့ Smart Display တွေမှာလည်း unlock လုပ်နိုင်တဲ့အနေအထားကနေ ဖယ်ရှားတော့မှာပါ။
တစ်ချိန်တည်းမှာပဲ Voice Match ရဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ hands-free လိုမျိုးသုံးနိုင်ခြင်းကိုလည်း ဖယ်ရှားလိုက်တာနဲ့အတူတူပါပဲ။ play music လို့ပြောချင်တယ်ဆိုရင်တော့ ဖုန်းကို Unlock လုပ်ဖို့လိုအပ်လာတော့မှာပါ။
ဒါဟာ server-side update ဖြစ်တဲ့အတွက်ကြောင့် Google app ထဲက More > Settings > Google Assistant > Phone ကိုသွားလိုက်ပါ။ “Unlock with Voice Match” နေရာလေးမှာ “Lock screen personal results” toggle လေး ပြောင်းလဲနေတာကို တွေ့မြင်ရပါလိမ့်မယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.