Enterprise Smartphone Social Trending

နာမည္ၾကီး ကာဗာလုပ္ငန္းတစ္ခုမွ Samsung Galaxy Fold အတြက္ ကာဗာထုတ္လုပ္ေနမႈစတင္

Zawgyi Version

ေကြးဆန္႕ႏိုင္တဲ့မ်က္ႏွာျပင္ကိုအသံုးျပဳထားတဲ့ ေခါက္ခ်ိဳးဖုန္းေတြကို ၂၀၁၉မွာ ေရာင္းခ်ေတာ့မယ္ဆုိကတည္းက ေမးခြန္းတစ္ခုရွိတာကေတာ့ ကာဗာေတြ ဘယ္လိုလုပ္ၾကမလဲ။ Spigen ကေတာ့ Samsung Galaxy Fold ကို တစ္မူထူးျခားတဲ့ဒီဇုိင္းနဲ႕ ထုတ္လုပ္ေနျပီလို႕ သတင္းၾကားထားပါတယ္။ Spigen ဟာ Galaxy Fold မေၾကညာခင္ကတည္းက အမ်ိဳးအစား၂၀ေလာက္ကို စတင္ထုတ္လုပ္ေနျပီလို႕ သိထားပါတယ္။ Galaxy Fold ရဲ႕ အတုိင္းအတာအတိအက်ေတြ ထြက္လာခ်ိန္မွာေတာ့ Spigen ဟာ စမ္းသပ္လို႕ရႏုိင္တဲ့ model တစ္ခုကို ဖန္တီးခဲ့ပါတယ္။

Spigen က Galaxy Fold အတြက္ Thin Fit, Ultra Hybrid နဲ႕ နာမည္ၾကီး Tough Armor model ဆိုျပီးေတာ့ သံုးမ်ိဳးထုတ္ဖို႕ စဥ္းစားထားပါတယ္။ thermoplastic polyurethane (TPU) ၊ polycarbonate (PC) တို႕နဲ႕ ျပဳလုပ္ထားမွာပါ။

Spigen က Galaxy Fold ရဲ႕အလယ္မွာရွိတဲ့ flexible display hinge (ပတၱာ) ကို ဘယ္လိုမ်ား လုပ္မလဲ။ Tough Armor case ျဖစ္တဲ့အတြက္ေၾကာင့္ ေကြးလိို႕ရႏုိင္ေအာင္ ပံုစံသစ္နဲ႕ဖန္တီးထားတယ္လို႕ ေျပာဆိုခြင့္ရွိသူက ေျဖၾကားထားပါတယ္။ အျပိဳင္အဆိုင္ေတြအတြက္ စဥ္းစားစရာမလိုတဲ့အတြက္ေၾကာင့္ ေသခ်ာေလးအလုပ္ျဖစ္လိမ့္မယ္လို႕ယံုၾကည္ေၾကာင္း ထည့္သြင္းေျပာဆိုထားပါတယ္။

Galaxy Fold case ေတြကို စမ္းသပ္ေနဆဲျဖစ္တာမို႕ ဧျပီ ၂၆မတုိင္ခင္ေတာ့ မထြက္ႏုိင္ေသးပါဘူး။

ေနာက္ျပီး Zagg ကလည္း လုပ္ေဆာင္ေနတယ္လို႕သိထားပါတယ္။ ဒါေပမယ့္လည္း သူ႕လုပ္ငန္းစဥ္က အခုမွစမွာဆိုေတာ့ ေမွ်ာ္လင့္မထားပါနဲ႕ဦး။

Samsung ကေရာ ကုိယ္တုိင္လုပ္မလား မေျပာတတ္ေသးပါဘူး။ စိတ္၀င္စားဖို႕ေနာက္တစ္ခ်က္ကေတာ့ Huawei တို႕ တျခား ေခါက္ခ်ိဳးဖုန္းေတြအတြက္ ကာဗာလုပ္ငန္းရွင္ေတြ ဘယ္လိုကစားကြက္ထုတ္မလဲဆိုတာကို ေစာင့္ၾကည့္ရမွာပါ။

Unicode Version

ကွေးဆန့်နိုင်တဲ့မျက်နှာပြင်ကိုအသုံးပြုထားတဲ့ ခေါက်ချိုးဖုန်းတွေကို ၂၀၁၉မှာ ရောင်းချတော့မယ်ဆိုကတည်းက မေးခွန်းတစ်ခုရှိတာကတော့ ကာဗာတွေ ဘယ်လိုလုပ်ကြမလဲ။ Spigen ကတော့ Samsung Galaxy Fold ကို တစ်မူထူးခြားတဲ့ဒီဇိုင်းနဲ့ ထုတ်လုပ်နေပြီလို့ သတင်းကြားထားပါတယ်။ Spigen ဟာ Galaxy Fold မကြေညာခင်ကတည်းက အမျိုးအစား၂၀လောက်ကို စတင်ထုတ်လုပ်နေပြီလို့ သိထားပါတယ်။ Galaxy Fold ရဲ့ အတိုင်းအတာအတိအကျတွေ ထွက်လာချိန်မှာတော့ Spigen ဟာ စမ်းသပ်လို့ရနိုင်တဲ့ model တစ်ခုကို ဖန်တီးခဲ့ပါတယ်။
Spigen က Galaxy Fold အတွက် Thin Fit, Ultra Hybrid နဲ့ နာမည်ကြီး Tough Armor model ဆိုပြီးတော့ သုံးမျိုးထုတ်ဖို့ စဉ်းစားထားပါတယ်။ thermoplastic polyurethane (TPU) ၊ polycarbonate (PC) တို့နဲ့ ပြုလုပ်ထားမှာပါ။
Spigen က Galaxy Fold ရဲ့အလယ်မှာရှိတဲ့ flexible display hinge (ပတ္တာ) ကို ဘယ်လိုများ လုပ်မလဲ။ Tough Armor case ဖြစ်တဲ့အတွက်ကြောင့် ကွေးလို့ရနိုင်အောင် ပုံစံသစ်နဲ့ဖန်တီးထားတယ်လို့ ပြောဆိုခွင့်ရှိသူက ဖြေကြားထားပါတယ်။ အပြိုင်အဆိုင်တွေအတွက် စဉ်းစားစရာမလိုတဲ့အတွက်ကြောင့် သေချာလေးအလုပ်ဖြစ်လိမ့်မယ်လို့ယုံကြည်ကြောင်း ထည့်သွင်းပြောဆိုထားပါတယ်။
Galaxy Fold case တွေကို စမ်းသပ်နေဆဲဖြစ်တာမို့ ဧပြီ ၂၆မတိုင်ခင်တော့ မထွက်နိုင်သေးပါဘူး။
နောက်ပြီး Zagg ကလည်း လုပ်ဆောင်နေတယ်လို့သိထားပါတယ်။ ဒါပေမယ့်လည်း သူ့လုပ်ငန်းစဉ်က အခုမှစမှာဆိုတော့ မျှော်လင့်မထားပါနဲ့ဦး။
Samsung ကရော ကိုယ်တိုင်လုပ်မလား မပြောတတ်သေးပါဘူး။ စိတ်ဝင်စားဖို့နောက်တစ်ချက်ကတော့ Huawei တို့ တခြား ခေါက်ချိုးဖုန်းတွေအတွက် ကာဗာလုပ်ငန်းရှင်တွေ ဘယ်လိုကစားကွက်ထုတ်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.