Social Trending

2018 ခုႏွစ္မွာ social credit နည္းပါးတဲ့ လူေပါင္းသန္းနဲ႕ခ်ီကို ခရီးသြားလာခြင့္ပိတ္ပင္လိုက္တဲ့ တရုတ္ႏုိင္ငံ

Zawgyi Version

တရုတ္ႏုိင္ငံဟာ ေလယာဥ္၊ ရထားလက္မွတ္၀ယ္ယူတဲ့သူေပါင္း ၂၃သန္းကို မႏွစ္က ပိတ္ပင္ထားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့သူတို႕ရဲ႕ social credit ရမွတ္ေတြက အလြန္ကိုနည္းပါးေနတဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။ ဒီသတင္းကိုေတာ့ အစိုးရရဲ႕ထုတ္ျပန္ခ်က္ကို ကိုးကားျပီး Associated Press က တင္ျပေပးထားတာျဖစ္ပါတယ္။

ျပီးခဲ့တဲ့ေမလကတည္းက social credit နည္းပါးတဲ့သူေတြကို ခရီးသြားလာခြင့္ပိတ္ပင္မယ္လုိ႕ ေျပာထားျပီးသားပါ။ China’s National Public Credit Information Center ရဲ႕ တင္ျပခ်က္အရ ေလယာဥ္လက္မွတ္၀ယ္ယူမႈပိတ္ပင္မႈဟာ ၁၇.၅သန္း ၊ အျမန္ရထားလက္မွတ္၀ယ္ယူမႈကို ၅.၅သန္း အထိ ပိတ္ပင္ထားတယ္လို႕ သိရပါတယ္။ ဒီလူေတြကေတာ့ အမူအက်င့္ပိုင္းဆုိင္ရာမွာ ျပစ္မႈရွိတဲ့သူေတြဆိုတာ ျပသေနတာျဖစ္ပါတယ္။ ၂၀၁၇ခုႏွစ္တုန္းကေတာ့ လူေပါင္း၆.၁၅သန္းသာ ပိတ္ပင္ခံရတာျဖစ္ပါတယ္။ ဒီေတာ့ အေတာ္ေလးျမင့္တက္လာတယ္လို႕ ဆိုရမွာပါ။

ဒီစနစ္ရဲ႕တစ္စိတ္တစ္ေဒသအေနနဲ႕ တရုတ္အစိုးရဟာ တရားရံုးမွာ ျပစ္မႈထင္ရွားသူေတြကို public blacklist ထုတ္ျပန္ျပီးေတာ့ ေလယာဥ္လက္မွတ္၊ ရထားလက္မွတ္၀ယ္ယူႏုိင္ခြင့္ကို ကန္႕သတ္ထားတာျဖစ္ပါတယ္။

Social credit ေတြကေတာ့ စိတ္ပ်က္စရာ အမူအက်င့္ေတြကို ပေပ်ာက္ေအာင္လုပ္ေဆာင္ေပးပါတယ္။ အမ်ားနဲ႕ခရီးသြားေနခ်ိန္မွာ သူမ်ားမွာထားတဲ့ထိုင္ခံုမွာ၀င္ထုိင္ျပီး ဖယ္မေပးခ်င္တာမ်ိိဳးကို ေတြ႕ရေတာ့မွာ မဟုတ္ပါဘူး။ ဒီလိုမ်ိဳးျဖစ္ခဲ့တဲ့ ဗြီဒီယိုေလးဟာ အြန္လိုင္းမ်ားပ်ံ႕ႏွံ႕သြားတဲ့အခါမွာ တရုတ္ျပည္သူေတြအေနနဲ႕ ဒါမ်ိဳးလူေတြကို အေရးယူေပးဖို႕ ေတာင္းဆိုခဲ့ၾကပါတယ္။

တရုတ္အစိုးရအေနနဲ႕ လူတုိင္းကိုေစာင့္ၾကည့္ႏုိင္ခြင့္ရွိျပီးေတာ့ သူတို႕အမူအက်င့္အလုိက္ အျပစ္ေပးပုိင္ခြင့္လည္း ရထားပါတယ္။ အစိုးရရဲ႕မ်က္လံုးထဲမွာ သင့္ရဲ႕အမွတ္က နည္းေနျပီဆိုရင္ေတာ့ (အခြန္ေရွာင္၊ အျခားသူေတြကို scam လုပ္၊ ေၾကာ္ျငာအတုေတြလုပ္၊ ရထားေပၚမွာ ထိုင္ခံုအပိုေတြယူ) သတိထားသင့္ပါတယ္။ လက္ရွိမွာေတာ့ ျမိဳ႕တစ္ျမိဳ႕ကေန ေနာက္တစ္ျမိဳ႕ကို ခရီးသြားတုိင္း၊ တရုတ္ကေန ထြက္ခြာျခင္း၊ ၀င္ေရာက္ျခင္းေတြျပဳလုပ္တဲ့အခါမွာ လက္ေဗြနဲ႕ ID ေတြကို ေတာင္းခံလ်က္ရွိေနပါတယ္။

ဖုိင္ေတြကို ေအာင္ျမင္စြာေကာက္ခံျပီးတာနဲ႕ အာဏာပုိင္ေတြဟာ လက္ေဗြနဲ႕ အျခား biometrics (ဇီ၀စနစ္သံုး)ေတြကိုအသံုးျပဳျပီးေတာ့ ရွာေဖြျခင္းေတြ လုပ္ေဆာင္ႏုိင္လိမ့္မယ္လို႕ ေမွ်ာ္မွန္းထားပါတယ္။ ၂၀၂၀ခုႏွစ္မွာ တရုတ္ႏုိင္ငံဟာ တရုတ္ႏုိင္ငံသားတုိင္းရဲ႕ အျပဳအမူ၊ အေနအထိုင္ေတြ ပါ၀င္ေနတဲ့ဖုိင္ေတြကို ရွာႏုိင္ေတာ့မယ္လို႕ ေၾကြးေၾကာ္ထားပါတယ္။

Unicode Version

တရုတ်နိုင်ငံဟာ လေယာဉ်၊ ရထားလက်မှတ်ဝယ်ယူတဲ့သူပေါင်း ၂၃သန်းကို မနှစ်က ပိတ်ပင်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ social credit ရမှတ်တွေက အလွန်ကိုနည်းပါးနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ အစိုးရရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီး Associated Press က တင်ပြပေးထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့မေလကတည်းက social credit နည်းပါးတဲ့သူတွေကို ခရီးသွားလာခွင့်ပိတ်ပင်မယ်လို့ ပြောထားပြီးသားပါ။ China’s National Public Credit Information Center ရဲ့ တင်ပြချက်အရ လေယာဉ်လက်မှတ်ဝယ်ယူမှုပိတ်ပင်မှုဟာ ၁၇.၅သန်း ၊ အမြန်ရထားလက်မှတ်ဝယ်ယူမှုကို ၅.၅သန်း အထိ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ ဒီလူတွေကတော့ အမူအကျင့်ပိုင်းဆိုင်ရာမှာ ပြစ်မှုရှိတဲ့သူတွေဆိုတာ ပြသနေတာဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်တုန်းကတော့ လူပေါင်း၆.၁၅သန်းသာ ပိတ်ပင်ခံရတာဖြစ်ပါတယ်။ ဒီတော့ အတော်လေးမြင့်တက်လာတယ်လို့ ဆိုရမှာပါ။
ဒီစနစ်ရဲ့တစ်စိတ်တစ်ဒေသအနေနဲ့ တရုတ်အစိုးရဟာ တရားရုံးမှာ ပြစ်မှုထင်ရှားသူတွေကို public blacklist ထုတ်ပြန်ပြီးတော့ လေယာဉ်လက်မှတ်၊ ရထားလက်မှတ်ဝယ်ယူနိုင်ခွင့်ကို ကန့်သတ်ထားတာဖြစ်ပါတယ်။
Social credit တွေကတော့ စိတ်ပျက်စရာ အမူအကျင့်တွေကို ပပျောက်အောင်လုပ်ဆောင်ပေးပါတယ်။ အများနဲ့ခရီးသွားနေချိန်မှာ သူများမှာထားတဲ့ထိုင်ခုံမှာဝင်ထိုင်ပြီး ဖယ်မပေးချင်တာမျိုးကို တွေ့ရတော့မှာ မဟုတ်ပါဘူး။ ဒီလိုမျိုးဖြစ်ခဲ့တဲ့ ဗွီဒီယိုလေးဟာ အွန်လိုင်းများပျံ့နှံ့သွားတဲ့အခါမှာ တရုတ်ပြည်သူတွေအနေနဲ့ ဒါမျိုးလူတွေကို အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
တရုတ်အစိုးရအနေနဲ့ လူတိုင်းကိုစောင့်ကြည့်နိုင်ခွင့်ရှိပြီးတော့ သူတို့အမူအကျင့်အလိုက် အပြစ်ပေးပိုင်ခွင့်လည်း ရထားပါတယ်။ အစိုးရရဲ့မျက်လုံးထဲမှာ သင့်ရဲ့အမှတ်က နည်းနေပြီဆိုရင်တော့ (အခွန်ရှောင်၊ အခြားသူတွေကို scam လုပ်၊ ကြော်ငြာအတုတွေလုပ်၊ ရထားပေါ်မှာ ထိုင်ခုံအပိုတွေယူ) သတိထားသင့်ပါတယ်။ လက်ရှိမှာတော့ မြို့တစ်မြို့ကနေ နောက်တစ်မြို့ကို ခရီးသွားတိုင်း၊ တရုတ်ကနေ ထွက်ခွာခြင်း၊ ဝင်ရောက်ခြင်းတွေပြုလုပ်တဲ့အခါမှာ လက်ဗွေနဲ့ ID တွေကို တောင်းခံလျက်ရှိနေပါတယ်။
ဖိုင်တွေကို အောင်မြင်စွာကောက်ခံပြီးတာနဲ့ အာဏာပိုင်တွေဟာ လက်ဗွေနဲ့ အခြား biometrics (ဇီဝစနစ်သုံး)တွေကိုအသုံးပြုပြီးတော့ ရှာဖွေခြင်းတွေ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ ၂၀၂၀ခုနှစ်မှာ တရုတ်နိုင်ငံဟာ တရုတ်နိုင်ငံသားတိုင်းရဲ့ အပြုအမူ၊ အနေအထိုင်တွေ ပါဝင်နေတဲ့ဖိုင်တွေကို ရှာနိုင်တော့မယ်လို့ ကြွေးကြော်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.