Posted on Leave a comment

စြမ္းရည္ျမင့္ လုပ္ေဆာင္ခ်က္မ်ား ပါတဲ့ Vivo iQOO ကို ေၾကညာၿပီ

Vivo ရဲ႕ ဘရန္းခြဲ တစ္ခု ျဖစ္တဲ့ iQOO က ဂိမ္း စမတ္ဖုန္း တစ္လံုးကို ေၾကညာလိုက္ပါတယ္။ သူဟာ iQOO ရဲ႕ ပထမဆံုး ဖုန္း ျဖစ္ပါတယ္။ Vivo က iQOO ရဲ႕ အရွည္ဟာ “ I Quest On and On” လို႔ ေျပာပါတယ္။ Vivo iQOO မွာ စြမ္းရည္ျမင့္ ဟာ့ဒ္၀ဲမ်ား ထည့္သြင္းထားပါတယ္။ 8GB RAM ကို ယြမ္ ၃၂၉၈ ( ၄၉၀ ေဒၚလာ) သတ္မွတ္ထားပါတယ္။ 256GB ဟာ ယြမ္ ၃၀၀ ပိုမ်ားပါတယ္။ 12/256GB ကို ယြမ္ ၄၂၉၈ ( ၆၄၀ ေဒၚလာ) က်သင့္မွာပါ။ မတ္လ ၆ ရက္မွာ ေရာင္းမွာပါ။

သူ႔မွာ ၆.၄၁ လက္မ 2340x1080p AMOLED Display ထည့္သြင္းထာၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။ Snapdragon 855 Chipset ေမာင္းႏွင္ထားပါတယ္။ အေနာက္ဘက္ကို ဖန္ျဖင့္ ဖံုးအုပ္ထားပါတယ္။ ဖုန္းရဲ႕ ညာဘက္မွာ ခလုတ္ႏွစ္ခု ပါပါတယ္။ ဖုန္းကို Portrait Mode နဲ႔ ဂိမ္းကစားတဲ့ အခါမွာ အသံုးျပဳလို႔ရပါတယ္။ ဂိမ္းကစားရင္ အပူခ်ိန္ကို ေလွ်ာ့ခ်ေပးတဲ့ Vapor Cooling System ထည့္ထားပါတယ္။ ဂိမ္း အထူးျပဳ လုပ္ေဆာင္ခ်က္မ်ားစြာ ထည့္ထားပါတယ္။

အေနာက္ဘက္မွာ 13MP Wide-angle Lens , 12MP Main Camera နဲ႔ Dual-pixel နည္းပညာပါတဲ့ 2MP Depth Sensor မ်ား ပါတယ္လို႔ သိရပါတယ္။ အေရွ႕ဘက္မွာ 12MP Camera တပ္ဆင္ထားပါတယ္။ 44W Fast-charging ပါတဲ့ 4000mAh Battery ထည့္သြင္းထားပါတယ္။ ၄၅ မိနစ္အတြင္းမွာ ၀ ကေန ၁၀၀ ရာခုိင္ႏႈန္း အားျဖည့္ေပးပါတယ္။ ဒါေပမယ့္ ေစ်းအသက္သာဆံုး ေမာ္ဒယ္ ျဖစ္တဲ့ 6/128GB မွာေတာ့ 22.5W Charging သာ ပါပါတယ္။ Electric Blue နဲ႔ Lava Orange အေရာင္မ်ား ထုတ္လုပ္ထားၿပီး မတ္လ ၆ ရက္မွာ ေရာင္းမွာပါ။

unicode

စွမ်းရည်မြင့် လုပ်ဆောင်ချက်များ ပါတဲ့ Vivo iQOO ကို ကြေညာပြီ

Vivo ရဲ့ ဘရန်းခွဲ တစ်ခု ဖြစ်တဲ့ iQOO က ဂိမ်း စမတ်ဖုန်း တစ်လုံးကို ကြေညာလိုက်ပါတယ်။ သူဟာ iQOO ရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ Vivo က iQOO ရဲ့ အရှည်ဟာ “ I Quest On and On” လို့ ပြောပါတယ်။ Vivo iQOO မှာ စွမ်းရည်မြင့် ဟာ့ဒ်ဝဲများ ထည့်သွင်းထားပါတယ်။ 8GB RAM ကို ယွမ် ၃၂၉၈ ( ၄၉၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ 256GB ဟာ ယွမ် ၃၀၀ ပိုများပါတယ်။ 12/256GB ကို ယွမ် ၄၂၉၈ ( ၆၄၀ ဒေါ်လာ) ကျသင့်မှာပါ။ မတ်လ ၆ ရက်မှာ ရောင်းမှာပါ။

သူ့မှာ ၆.၄၁ လက်မ 2340x1080p AMOLED Display ထည့်သွင်းထာပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ Snapdragon 855 Chipset မောင်းနှင်ထားပါတယ်။ အနောက်ဘက်ကို ဖန်ဖြင့် ဖုံးအုပ်ထားပါတယ်။ ဖုန်းရဲ့ ညာဘက်မှာ ခလုတ်နှစ်ခု ပါပါတယ်။ ဖုန်းကို Portrait Mode နဲ့ ဂိမ်းကစားတဲ့ အခါမှာ အသုံးပြုလို့ရပါတယ်။ ဂိမ်းကစားရင် အပူချိန်ကို လျှော့ချပေးတဲ့ Vapor Cooling System ထည့်ထားပါတယ်။ ဂိမ်း အထူးပြု လုပ်ဆောင်ချက်များစွာ ထည့်ထားပါတယ်။

အနောက်ဘက်မှာ 13MP Wide-angle Lens , 12MP Main Camera နဲ့ Dual-pixel နည်းပညာပါတဲ့ 2MP Depth Sensor များ ပါတယ်လို့ သိရပါတယ်။ အရှေ့ဘက်မှာ 12MP Camera တပ်ဆင်ထားပါတယ်။ 44W Fast-charging ပါတဲ့ 4000mAh Battery ထည့်သွင်းထားပါတယ်။ ၄၅ မိနစ်အတွင်းမှာ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။ ဒါပေမယ့် ဈေးအသက်သာဆုံး မော်ဒယ် ဖြစ်တဲ့ 6/128GB မှာတော့ 22.5W Charging သာ ပါပါတယ်။ Electric Blue နဲ့ Lava Orange အရောင်များ ထုတ်လုပ်ထားပြီး မတ်လ ၆ ရက်မှာ ရောင်းမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.