Smartphone Trending

Caviar ရဲ႕ သိန္း ၁ ေထာင္ေက်ာ္တန္ စိန္ iPhone XS နဲ႔ XS Max

ရုရွား ကုမၸဏီ Caviar က တန္ဖိုးႀကီး ထုတ္ကုန္မ်ားကို စိန္၊ ေရႊမ်ားျဖင့္ အလွဆင္ၿပီး ပိုၿပီး တန္ဖိုးႀကီးေအာင္ဖန္တီးေလ့ ရွိပါတယ္။ ယခင္ကလည္း   သိန္း၃၀၀ ေက်ာ္ တန္ေၾကးရွိတဲ့ iPhone XS Max နဲ႔ Apple Watch Series 4 တို႔ကို ေရာင္းခ်ေပးခဲ့ပါတယ္။ေဒၚလာအားျဖင့္ ေဒၚလာ ၂၁ ၀၅၀ ျဖစ္ပါတယ္။ သူ႔ရဲ႕ အမည္ဟာ iPhone XS Max “Swiss DreamsWatchphone “ ျဖစ္ၿပီး သူ႔မွာ ေရႊျဖင့္ ပံုေဖာ္ထားတဲ့ ကမာၻ႕ေျမပံုတစ္ခု ပါပါတယ္။ သူ႔ရဲ႕အေနာက္ဘက္မွာ ေရႊျဖင့္ အလွဆင္ထားတဲ့ Apple Watch Series 4 ကို ကပ္ထားတာက ထူးျခားခ်က္ျဖစ္ပါတယ္။၂ ခုစလံုးကို ပူးတြဲၿပီး ကိုင္ေဆာင္ရမွာ ျဖစ္ပါတယ္။

အခုေတာ့ Caviar က ဒီထက္ ေစ်းႀကီးတဲ့ iPhone XS နဲ႔ XS Max မ်ားကို ေရာင္းခ်ေပးလိုက္ပါတယ္။ Prima Collection Model မ်ားရဲ႕ တန္ဖိုး အနည္းဆံုးဟာ ၆၃၉၀ ေဒၚလာရွိၿပီး တန္ဖိုး အမ်ားဆံုးဟာ ၇၇၆၇၀ ေဒၚလာ ရွိပါတယ္။ ျမန္မာေငြအားျဖင့္ သိန္း ၁၀၀ ကေန သိန္း ၁၀၀၀ ေက်ာ္အထိ ရွိပါတယ္။ ဖုန္းတစ္လံုးစီမွာ စိန္အလံုးေပါင္း ၂၀ ထက္ မနည္း ထည့္သြင္းထားပါတယ္။

ကုမၸဏီက ရုရွားရဲ႕ နာမည္ေက်ာ္ ဘဲေလး အက ၃ ဖြံ႕ကို ဂုဏ္ျပဳတဲ့ အေနနဲ႔ ထုတ္လုပ္ေရာင္းခ်တာ ျဖစ္ပါတယ္။ အဲဒီ အဖြဲ႕ ၃ ခုမွ နာမည္ေက်ာ္ အကသမား ၃ ဦးရဲ႕ အမည္မ်ားကို ဖုန္းမ်ားရဲ႕ အမည္မ်ား အျဖစ္ အသံုးျပဳထားပါတယ္။ အုိင္ဖုန္းမ်ားကို Odette, Nikiya နဲ႔ Aurora လို႔ အမည္ေပးထားပါတယ္။ ကုမၸဏီရဲ႕ ဒီစာမ်က္ႏွာမွာ ေမာ္ဒယ္အားလံုးကို ၾကည့္ရႈႏုိင္ပါတယ္။

unicode

Caviar ရဲ့ သိန်း ၁ ထောင်ကျော်တန် စိန် iPhone XS နဲ့ XS Max

ရုရှား ကုမ္ပဏီ Caviar က တန်ဖိုးကြီး ထုတ်ကုန်များကို စိန်၊ ရွှေများဖြင့် အလှဆင်ပြီး ပိုပြီး တန်ဖိုးကြီးအောင်ဖန်တီးလေ့ ရှိပါတယ်။ ယခင်ကလည်း   သိန်း၃၀၀ ကျော် တန်ကြေးရှိတဲ့ iPhone XS Max နဲ့ Apple Watch Series 4 တို့ကို ရောင်းချပေးခဲ့ပါတယ်။ဒေါ်လာအားဖြင့် ဒေါ်လာ ၂၁ ၀၅၀ ဖြစ်ပါတယ်။ သူ့ရဲ့ အမည်ဟာ iPhone XS Max “Swiss DreamsWatchphone “ ဖြစ်ပြီး သူ့မှာ ရွှေဖြင့် ပုံဖော်ထားတဲ့ ကမ္ဘာ့မြေပုံတစ်ခု ပါပါတယ်။ သူ့ရဲ့အနောက်ဘက်မှာ ရွှေဖြင့် အလှဆင်ထားတဲ့ Apple Watch Series 4 ကို ကပ်ထားတာက ထူးခြားချက်ဖြစ်ပါတယ်။၂ ခုစလုံးကို ပူးတွဲပြီး ကိုင်ဆောင်ရမှာ ဖြစ်ပါတယ်။

အခုတော့ Caviar က ဒီထက် ဈေးကြီးတဲ့ iPhone XS နဲ့ XS Max များကို ရောင်းချပေးလိုက်ပါတယ်။ Prima Collection Model များရဲ့ တန်ဖိုး အနည်းဆုံးဟာ ၆၃၉၀ ဒေါ်လာရှိပြီး တန်ဖိုး အများဆုံးဟာ ၇၇၆၇၀ ဒေါ်လာ ရှိပါတယ်။ မြန်မာငွေအားဖြင့် သိန်း ၁၀၀ ကနေ သိန်း ၁၀၀၀ ကျော်အထိ ရှိပါတယ်။ ဖုန်းတစ်လုံးစီမှာ စိန်အလုံးပေါင်း ၂၀ ထက် မနည်း ထည့်သွင်းထားပါတယ်။

ကုမ္ပဏီက ရုရှားရဲ့ နာမည်ကျော် ဘဲလေး အက ၃ ဖွံ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ထုတ်လုပ်ရောင်းချတာ ဖြစ်ပါတယ်။ အဲဒီ အဖွဲ့ ၃ ခုမှ နာမည်ကျော် အကသမား ၃ ဦးရဲ့ အမည်များကို ဖုန်းများရဲ့ အမည်များ အဖြစ် အသုံးပြုထားပါတယ်။ အိုင်ဖုန်းများကို Odette, Nikiya နဲ့ Aurora လို့ အမည်ပေးထားပါတယ်။ ကုမ္ပဏီရဲ့ ဒီစာမျက်နှာမှာ မော်ဒယ်အားလုံးကို ကြည့်ရှုနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.