Posted on Leave a comment

အိႏၵိယမွာ ေၾကညာလိုက္တဲ့ Redmi Note 7 Pro

Xiaomi က အိႏၵိယမွာ Redmi Note 7 နဲ႔ Note 7 Pro တို႔ကို ေၾကညာလိုက္ပါတယ္။ ပရိုဗားရွင္းဟာ ယခင္ေၾကညာထားတဲ့ Redmi Note 7 ထက္ ပေရာက္ဆက္ဆာ၊ Storage နဲ႔ ကင္မရာ အပိုင္းမွာ ပိုေကာင္းလာပါတယ္။ Redmi Note 7 Pro ရဲ႕ 4/64GB ကို ရူပီး ၁၃ ၉၉၉ နဲ႔ 6/128GB ကို ရူပီး ၁၆ ၉၉၉ သတ္မွတ္ထားပါတယ္။

မတ္လ ၁၃ ရက္မွာ ေရာင္းခ်ေပးမွာ ျဖစ္ၿပီး Neptune Blue, Nebula Red နဲ႔ Space Black အေရာင္မ်ား ထုတ္လုပ္ထားပါတယ္။ Redmi Note 7 Pro နဲ႔ Note 7 ရဲ႕ တူညီတဲ့ အခ်က္မ်ားမွာ ၆.၃ လက္မ Full HD+ Display နဲ႔ အရြယ္ေသး Notch မ်ား ျဖစ္ပါတယ္။ အေရွ႕နဲ႔ အေနာက္ဘက္ကို Gorilla Glass 5 နဲ႔ ကာကြယ္ထားပါတယ္။ Octa-core Qualcomm Snapdragon 675 SoC ေမာင္းႏွင္ထားပါတယ္။ 256GB အထိ ၀င္ဆန္႔တဲ့ microSD Card စိုက္ႏုိင္ပါတယ္။

အေနာက္ဘက္မွာ 48MP+5MP AI Dual Camera နဲ႔ အေရွ႕ဘက္မွာ 13MP Camera မ်ား ထည့္သြင္းထားပါတယ္။ Android Pie အေျချပဳ MIUI 10 ထည့္သြင္းထားၿပီး System Optimisations အပိုင္းမွာ ၁၀ ဆပိုျမန္တယ္လို႔ ေရွာင္မီက ေျပာပါတယ္။ Quick Charge 4.0 ပါတဲ့ 4000mAh Battery ပါပါတယ္။

လက္ေဗြရာ အာရံုခံ ကိရိယာကို အေနာက္ဘက္မွာ ထည့္သြင္းထားပါတယ္။ USB Type-C Port ကေန လွ်င္ျမန္စြာ အားသြင္းနိုင္ပါတယ္။ Dual-SIM Phone ျဖစ္ပါတယ္။

unicode

အိန္ဒိယမှာ ကြေညာလိုက်တဲ့ Redmi Note 7 Pro

Xiaomi က အိန္ဒိယမှာ Redmi Note 7 နဲ့ Note 7 Pro တို့ကို ကြေညာလိုက်ပါတယ်။ ပရိုဗားရှင်းဟာ ယခင်ကြေညာထားတဲ့ Redmi Note 7 ထက် ပရောက်ဆက်ဆာ၊ Storage နဲ့ ကင်မရာ အပိုင်းမှာ ပိုကောင်းလာပါတယ်။ Redmi Note 7 Pro ရဲ့ 4/64GB ကို ရူပီး ၁၃ ၉၉၉ နဲ့ 6/128GB ကို ရူပီး ၁၆ ၉၉၉ သတ်မှတ်ထားပါတယ်။

မတ်လ ၁၃ ရက်မှာ ရောင်းချပေးမှာ ဖြစ်ပြီး Neptune Blue, Nebula Red နဲ့ Space Black အရောင်များ ထုတ်လုပ်ထားပါတယ်။ Redmi Note 7 Pro နဲ့ Note 7 ရဲ့ တူညီတဲ့ အချက်များမှာ ၆.၃ လက်မ Full HD+ Display နဲ့ အရွယ်သေး Notch များ ဖြစ်ပါတယ်။ အရှေ့နဲ့ အနောက်ဘက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ Octa-core Qualcomm Snapdragon 675 SoC မောင်းနှင်ထားပါတယ်။ 256GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။

အနောက်ဘက်မှာ 48MP+5MP AI Dual Camera နဲ့ အရှေ့ဘက်မှာ 13MP Camera များ ထည့်သွင်းထားပါတယ်။ Android Pie အခြေပြု MIUI 10 ထည့်သွင်းထားပြီး System Optimisations အပိုင်းမှာ ၁၀ ဆပိုမြန်တယ်လို့ ရှောင်မီက ပြောပါတယ်။ Quick Charge 4.0 ပါတဲ့ 4000mAh Battery ပါပါတယ်။

လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ USB Type-C Port ကနေ လျှင်မြန်စွာ အားသွင်းနိုင်ပါတယ်။ Dual-SIM Phone ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.