Posted on Leave a comment

Super Night Scene Mode ရသြားတဲ့ Xiaomi Mi 8 SE

Mi Mix 3 မွာ Huawei P20 Pro ရဲ႕ Night Mode လို စြမ္းရည္မ်ိဳး ပါလာၿပီး Low Light မွာ စြမ္းရည္ အလြန္ ေကာင္းပါတယ္။  Xiaomi ရဲ႕ အဲဒီ ေဆာ့ဖ္၀ဲ လုပ္ေဆာင္ခ်က္ကို Super Night Scene Mode လို႔ အမည္ေပးထားပါတယ္။ အခုေတာ့ သူ႔ကို MIUI V10.2.3.0.PEBCNXM Update ျဖင့္ Mi 8 SE အတြက္ ထည့္သြင္းေပးလိုက္ပါတယ္။

အဲဒီ လုပ္ေဆာင္ခ်က္ကို Mi Mix 3 မွာ စတင္ မိတ္ဆက္ခဲ့တာ ျဖစ္ၿပီး အဲဒီေနာက္မွာ Mi 8 , Mi 8 Pro , Mi 8 Explorer Edition , Redmi Note 7 , Mi Mix 2S မ်ားမွာပါ ထည့္သြင္းေပးခဲ့ပါတယ္။ အခုေတာ့ Mi 8 SE မွာပါ သံုးႏိုင္ပါၿပီ။  ဒီလုပ္ေဆာင္ခ်က္က အလင္းေရာင္နည္းပါးတဲ့ အေျခအေနမ်ားမွာ ဓါတ္ပံု ၈ ပံုကို တစ္ၿပိဳင္နက္ ရိုက္ကူးၿပီး အေကာင္းဆံုး ၁ ပံုကို ဖန္တီးေပးပါတယ္။ Low Light Photo ေတြ အလြန္ ေကာင္းမြန္မွာပါ။

ယခင္ကေတာ့ ေရွာင္မီရဲ႕ စမတ္ဖုန္းမ်ားဟာ ကင္မရာ စြမ္းရည္ အပိုင္းမွာ အားနည္းခဲ့ပါတယ္။ အခုေတာ့ ေရွာင္မီ စမတ္ဖုန္းမ်ားရဲ႕ ကင္မရာ စြမ္းရည္မ်ားဟာ အလြန္ တိုးတက္လာပါၿပီ။ တန္ဖိုးနည္းကေန တန္ဖိုးျမင့္ စမတ္ဖုန္းမ်ား အားလံုးမွာ တိုးတက္လာတာ ျဖစ္ပါတယ္။Xiaomi Mi Mix 2S နဲ႔ Mi 8 တို႔ရဲ႕ ကင္မရာမ်ားကလည္း ေကာင္းမြန္ပါတယ္။ DxOMark က သူတို႔ ၂ လံုးအတြက္ ၉၇ နဲ႔ ၉၉ မွတ္ အသီးသီး ေပးထားပါတယ္။

Mi Mix 3 ရဲ႕ ကင္မရာမ်ားဟာ သူတို႔နဲ႔ တူညီပါတယ္။ ဒါေပမယ့္ DxOMark က Mi Mix 3 ကို ၁၀၃ မွတ္ ေပးထားပါတယ္။ ဓါတ္ပံုအတြက္ ၁၀၇ နဲ႔ ဗီဒီယိုအတြက္ ၉၃ မွတ္ ေပးထားပါတယ္။ကင္မရာမ်ား တူညီေပမယ့္ Mi Mix 3 က အမွတ္ ပိုမ်ားေနျခင္းမွာ Image Processing ေၾကာင့္ ျဖစ္ပါတယ္။

unicode

Super Night Scene Mode ရသွားတဲ့ Xiaomi Mi 8 SE


Mi Mix 3 မှာ Huawei P20 Pro ရဲ့ Night Mode လို စွမ်းရည်မျိုး ပါလာပြီး Low Light မှာ စွမ်းရည် အလွန် ကောင်းပါတယ်။ Xiaomi ရဲ့ အဲဒီ ဆော့ဖ်ဝဲ လုပ်ဆောင်ချက်ကို Super Night Scene Mode လို့ အမည်ပေးထားပါတယ်။ အခုတော့ သူ့ကို MIUI V10.2.3.0.PEBCNXM Update ဖြင့် Mi 8 SE အတွက် ထည့်သွင်းပေးလိုက်ပါတယ်။

အဲဒီ လုပ်ဆောင်ချက်ကို Mi Mix 3 မှာ စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အဲဒီနောက်မှာ Mi 8 , Mi 8 Pro , Mi 8 Explorer Edition , Redmi Note 7 , Mi Mix 2S များမှာပါ ထည့်သွင်းပေးခဲ့ပါတယ်။ အခုတော့ Mi 8 SE မှာပါ သုံးနိုင်ပါပြီ။ ဒီလုပ်ဆောင်ချက်က အလင်းရောင်နည်းပါးတဲ့ အခြေအနေများမှာ ဓါတ်ပုံ ၈ ပုံကို တစ်ပြိုင်နက် ရိုက်ကူးပြီး အကောင်းဆုံး ၁ ပုံကို ဖန်တီးပေးပါတယ်။ Low Light Photo တွေ အလွန် ကောင်းမွန်မှာပါ။

ယခင်ကတော့ ရှောင်မီရဲ့ စမတ်ဖုန်းများဟာ ကင်မရာ စွမ်းရည် အပိုင်းမှာ အားနည်းခဲ့ပါတယ်။ အခုတော့ ရှောင်မီ စမတ်ဖုန်းများရဲ့ ကင်မရာ စွမ်းရည်များဟာ အလွန် တိုးတက်လာပါပြီ။ တန်ဖိုးနည်းကနေ တန်ဖိုးမြင့် စမတ်ဖုန်းများ အားလုံးမှာ တိုးတက်လာတာ ဖြစ်ပါတယ်။Xiaomi Mi Mix 2S နဲ့ Mi 8 တို့ရဲ့ ကင်မရာများကလည်း ကောင်းမွန်ပါတယ်။ DxOMark က သူတို့ ၂ လုံးအတွက် ၉၇ နဲ့ ၉၉ မှတ် အသီးသီး ပေးထားပါတယ်။

Mi Mix 3 ရဲ့ ကင်မရာများဟာ သူတို့နဲ့ တူညီပါတယ်။ ဒါပေမယ့် DxOMark က Mi Mix 3 ကို ၁၀၃ မှတ် ပေးထားပါတယ်။ ဓါတ်ပုံအတွက် ၁၀၇ နဲ့ ဗီဒီယိုအတွက် ၉၃ မှတ် ပေးထားပါတယ်။ကင်မရာများ တူညီပေမယ့် Mi Mix 3 က အမှတ် ပိုများနေခြင်းမှာ Image Processing ကြောင့် ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.