Gadget Trending

ရုပ္အဆုိးဆံုး foldable phone ျဖစ္လာတဲ့ Energizer &JU Power Max P8100S

Zawgyi Version

Energizer ဟာ 18,000mAh စမတ္ဖုန္းနဲ႕ ေခါင္းၾကီးပိုင္းသတင္းေတြကို သိမ္းပိုက္ထားျပီးေနာက္မွာ ေခါက္ခ်ိဳး Power Max P8100S နဲ႕ ေပၚလာျပန္ပါတယ္။

MWC 2019 မွာ ေၾကညာခဲ့တဲ့ Power Max P8100S မွာ display ႏွစ္ခုပါ၀င္ပါတယ္။ တစ္ခုက ၆လက္မ Full HD+ resolution ၊ ေနာက္တစ္ခုက ၈.၁လက္မ Full HD+ resolution ျဖစ္ပါတယ္။ Huawei Mate X နဲ႕မတူတာကေတာ့ ၈လက္မမ်က္ႏွာျပင္တစ္ခုတည္းကို သံုးထားတာမ်ိဳးမဟုတ္ပါဘူး။

Power Max P8100S ရဲ႕ display ေတြကို သံုးခြင့္မရခဲ့တာမိို႕ အေသးစိတ္ေတာ့ မေျပာျပတတ္ပါဘူး။ သူက ဖန္သားျပင္နဲ႕ တည္ေဆာက္ေပးထားတာပါ။ Samsung နဲ႕ Huawei ကေတာ့ ေရရွည္ခံေအာင္လုပ္ေဆာင္ထားပါတယ္။ Energizer ကေတာ့ သူတို႕ရဲ႕ထုတ္လုပ္မႈကို ေနရာဦးထားမႈေတြေၾကာင့္ ေမာ္ဒယ္လ္ကို မျပသႏုိင္ခဲ့ဘူးလို႕ ေထာက္ျပထားပါတယ္။

ကၽြန္ေတာ္တိို႕ျမင္ဖူးသမွ် ေခါက္ခ်ိဳးဖုန္းေတြထဲမွာ ရုပ္အဆိုးဆံုးျဖစ္သြားေစတာက အလယ္ကဆက္ထားတဲ့ ပတၱာေၾကာင့္ပါပဲ။ အေကာ္ဒီယံလိုလိုပါပဲ။ ဒီဇုိင္းဟာ ကုန္က်စရိတ္သက္သာေအာင္လုပ္ေဆာင္္ထားတယ္လို႕ ျမင္မိပါတယ္။ ဒါေပမယ့္လည္း အခ်ိန္ၾကာၾကာအသံုးျပဳႏုိင္ေစဖို႕အတြက္လည္း စဥ္းစားထားဖို႕လိုအပ္ပါတယ္။

Power Max P8100S ရဲ႕ အခ်က္အလက္ေတြဟာ 2019 flagship စမတ္ဖုန္းေတြလိုပါပဲ။ အေနာက္ဘက္မွာ 48 နဲ႕ 12 MP ကိုသံုးထားျပီး 24MP အေရွ႕ကင္မရာ၊ Qualcomm Snapdragon 855processor ၊ 8GB RAM ၊ 256GB မမ္မိုရီ၊ 10,000mAh battery တုိ႕ကို ထည့္သြင္းေပးထားပါတယ္။ ေနာက္ျပီး 5G သံုးလို႕ရပါေသးတယ္။

အံ့ၾသသြားမွာကေတာ့ ေစ်းႏႈန္းပါပဲ။ ေဒၚလာ၉၆၆ဆိုေတာ့ ေခါက္ခ်ိဳးဖုန္းေတြထဲမွာ ေစ်းအသက္သာဆံုးပါပဲ။ ျပီးေတာ့ 5G လည္းပါေနေသးတယ္။ ဘယ္အခ်ိန္မွာ launch လုပ္မလဲဆိုတာကေတာ့ မသိရေသးပါဘူး။

Unicode Version

Energizer ဟာ 18,000mAh စမတ်ဖုန်းနဲ့ ခေါင်းကြီးပိုင်းသတင်းတွေကို သိမ်းပိုက်ထားပြီးနောက်မှာ ခေါက်ချိုး Power Max P8100S နဲ့ ပေါ်လာပြန်ပါတယ်။
MWC 2019 မှာ ကြေညာခဲ့တဲ့ Power Max P8100S မှာ display နှစ်ခုပါဝင်ပါတယ်။ တစ်ခုက ၆လက်မ Full HD+ resolution ၊ နောက်တစ်ခုက ၈.၁လက်မ Full HD+ resolution ဖြစ်ပါတယ်။ Huawei Mate X နဲ့မတူတာကတော့ ၈လက်မမျက်နှာပြင်တစ်ခုတည်းကို သုံးထားတာမျိုးမဟုတ်ပါဘူး။


Power Max P8100S ရဲ့ display တွေကို သုံးခွင့်မရခဲ့တာမို့ အသေးစိတ်တော့ မပြောပြတတ်ပါဘူး။ သူက ဖန်သားပြင်နဲ့ တည်ဆောက်ပေးထားတာပါ။ Samsung နဲ့ Huawei ကတော့ ရေရှည်ခံအောင်လုပ်ဆောင်ထားပါတယ်။ Energizer ကတော့ သူတို့ရဲ့ထုတ်လုပ်မှုကို နေရာဦးထားမှုတွေကြောင့် မော်ဒယ်လ်ကို မပြသနိုင်ခဲ့ဘူးလို့ ထောက်ပြထားပါတယ်။
ကျွန်တော်တို့မြင်ဖူးသမျှ ခေါက်ချိုးဖုန်းတွေထဲမှာ ရုပ်အဆိုးဆုံးဖြစ်သွားစေတာက အလယ်ကဆက်ထားတဲ့ ပတ္တာကြောင့်ပါပဲ။ အကော်ဒီယံလိုလိုပါပဲ။ ဒီဇိုင်းဟာ ကုန်ကျစရိတ်သက်သာအောင်လုပ်ဆောင်ထားတယ်လို့ မြင်မိပါတယ်။ ဒါပေမယ့်လည်း အချိန်ကြာကြာအသုံးပြုနိုင်စေဖို့အတွက်လည်း စဉ်းစားထားဖို့လိုအပ်ပါတယ်။
Power Max P8100S ရဲ့ အချက်အလက်တွေဟာ 2019 flagship စမတ်ဖုန်းတွေလိုပါပဲ။ အနောက်ဘက်မှာ 48 နဲ့ 12 MP ကိုသုံးထားပြီး 24MP အရှေ့ကင်မရာ၊ Qualcomm Snapdragon 855processor ၊ 8GB RAM ၊ 256GB မမ်မိုရီ၊ 10,000mAh battery တို့ကို ထည့်သွင်းပေးထားပါတယ်။ နောက်ပြီး 5G သုံးလို့ရပါသေးတယ်။
အံ့သြသွားမှာကတော့ ဈေးနှုန်းပါပဲ။ ဒေါ်လာ၉၆၆ဆိုတော့ ခေါက်ချိုးဖုန်းတွေထဲမှာ ဈေးအသက်သာဆုံးပါပဲ။ ပြီးတော့ 5G လည်းပါနေသေးတယ်။ ဘယ်အချိန်မှာ launch လုပ်မလဲဆိုတာကတော့ မသိရသေးပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.