Posted on Leave a comment

စက္ရုပ္ျပတိုက္ကို စက္ရုပ္မ်ားနဲ႔ တည္ေဆာက္မယ့္ ေတာင္ကိုရီးယား

ေတာင္ကိုရီးယား ႏုိင္ငံ ဆိုးလ္မွာ Robot Science Museum (RSM) ကို တည္ေဆာက္ေတာ့မွာျဖစ္ပါတယ္။ တည္ေဆာက္မႈ မၿပီးခင္မွာ ျပခန္းတစ္ခုကို ျပသမွာ ျဖစ္ပါတယ္။ ျပတိုက္ကို စက္ရုပ္မ်ားနဲ႔ ဒရုန္းမ်ားက တည္ေဆာက္ၾကမွာ ျဖစ္ပါတယ္။ World Architecture ရဲ႕ အဆိုအရ ျပတိုက္ဟာ စတုရန္းေပ ၈၀၀၀ ေလာက္ရွိၿပီး စက္လံုးပံုသ႑ာန္ ျဖစ္ပါတယ္။ သူ႔ကို တည္ေဆာက္ရတဲ့ ရည္ရြယ္ခ်က္က ဥာဏ္ရည္တု နည္းပညာနဲ႔ စက္ရုပ္မ်ား အေၾကာင္းကို အမ်ားျပည္သူမ်ားအတြက္ ပညာေပးဖို႔ ျဖစ္ပါတယ္။

တူရကီ ဗိသုကာ ကုမၸဏီ Melike Altinisik Architects (MAA) က သူ႔ကို တည္ေဆာက္မွာ ျဖစ္ပါတယ္။ MAA ဟာ အစၥတန္ဘူမွ ၁၂၀၀ စတုရန္းေပ Kucuk Camlica TV Radio Tower တို႔လို နာမည္ေက်ာ္ သိပၸံဆန္ဆန္ အေဆာက္အဦးမ်ားကို ဖန္တီးခဲ့တဲ့ ကုမၸဏီ ျဖစ္ပါတယ္။ ကုမၸဏီ ဟာ စက္ရုပ္မ်ားနဲ႔ အေဆာက္အဦးမ်ားကို တည္ေဆာက္တဲ့ နည္းပညာမွာ ေခတ္ေရွ႕ေျပးေနပါတယ္။

သူ႔ရဲ႕ စက္ရုပ္မ်ားမွာ မတူညီတဲ့ စြမ္းရည္မ်ား ထည့္သြင္းထားပါတယ္။ ဒရုန္း စက္ရုပ္မ်ားက တည္ေဆာက္ေရး လုပ္ငန္းခြင္အား တိုင္းတာ တြက္ခ်က္ျခင္း၊ ေစာင့္ၾကည့္စစ္ေဆးျခင္း၊ ပစၥည္းမ်ားကို သယ္ေဆာင္ျခင္းမ်ားကို ျပဳလုပ္မွာ ျဖစ္ပါတယ္။ ကြန္ကရစ္မ်ားကို 3D Print ထုတ္မယ့္ စက္ရုပ္ အဖြဲ႕လည္း ပါပါတယ္။ သတၱဳျပားမ်ားကို ဂေဟဆက္တဲ့ စက္ရုပ္ အဖြဲ႕ကိုလည္း အသံုးျပဳမွာ ျဖစ္ပါတယ္။

၂၀၂၀ ခုႏွစ္မွာ ပထမဆံုး ျပခန္းကို ျပသဖို႔နဲ႔ ၂၀၂၂ ခုႏွစ္မွာ ျပတိုက္ကို အၿပီး တည္ေဆာက္ဖို႔ ရည္မွန္းထားပါတယ္။

unicode

စက်ရုပ်ပြတိုက်ကို စက်ရုပ်များနဲ့ တည်ဆောက်မယ့် တောင်ကိုရီးယား

တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မှာ Robot Science Museum (RSM) ကို တည်ဆောက်တော့မှာဖြစ်ပါတယ်။ တည်ဆောက်မှု မပြီးခင်မှာ ပြခန်းတစ်ခုကို ပြသမှာ ဖြစ်ပါတယ်။ ပြတိုက်ကို စက်ရုပ်များနဲ့ ဒရုန်းများက တည်ဆောက်ကြမှာ ဖြစ်ပါတယ်။ World Architecture ရဲ့ အဆိုအရ ပြတိုက်ဟာ စတုရန်းပေ ၈၀၀၀ လောက်ရှိပြီး စက်လုံးပုံသဏ္ဍာန် ဖြစ်ပါတယ်။ သူ့ကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်က ဉာဏ်ရည်တု နည်းပညာနဲ့ စက်ရုပ်များ အကြောင်းကို အများပြည်သူများအတွက် ပညာပေးဖို့ ဖြစ်ပါတယ်။

တူရကီ ဗိသုကာ ကုမ္ပဏီ Melike Altinisik Architects (MAA) က သူ့ကို တည်ဆောက်မှာ ဖြစ်ပါတယ်။ MAA ဟာ အစ္စတန်ဘူမှ ၁၂၀၀ စတုရန်းပေ Kucuk Camlica TV Radio Tower တို့လို နာမည်ကျော် သိပ္ပံဆန်ဆန် အဆောက်အဦးများကို ဖန်တီးခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ကုမ္ပဏီ ဟာ စက်ရုပ်များနဲ့ အဆောက်အဦးများကို တည်ဆောက်တဲ့ နည်းပညာမှာ ခေတ်ရှေ့ပြေးနေပါတယ်။

သူ့ရဲ့ စက်ရုပ်များမှာ မတူညီတဲ့ စွမ်းရည်များ ထည့်သွင်းထားပါတယ်။ ဒရုန်း စက်ရုပ်များက တည်ဆောက်ရေး လုပ်ငန်းခွင်အား တိုင်းတာ တွက်ချက်ခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်း၊ ပစ္စည်းများကို သယ်ဆောင်ခြင်းများကို ပြုလုပ်မှာ ဖြစ်ပါတယ်။ ကွန်ကရစ်များကို 3D Print ထုတ်မယ့် စက်ရုပ် အဖွဲ့လည်း ပါပါတယ်။ သတ္တုပြားများကို ဂဟေဆက်တဲ့ စက်ရုပ် အဖွဲ့ကိုလည်း အသုံးပြုမှာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်မှာ ပထမဆုံး ပြခန်းကို ပြသဖို့နဲ့ ၂၀၂၂ ခုနှစ်မှာ ပြတိုက်ကို အပြီး တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.