Smartphone Trending
unicode
Xiaomi က Multi-Camera Phone များထုတ်ဖို့ Light နဲ့ ပူးပေါင်း
ဘာစီလိုနာမှာ ကျင်းပနေတဲ့ MWC 2019 မှာ ရှောင်မီက Light နဲ့ ပူးပေါင်းလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ Light ဟာ ကွန်ပြူတာ အခြေပြု အဆင့်မြင့် ပုံရိပ်ဖော် နည်းပညာ အပိုင်းမှာ ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီ ဖြစ်ပါတယ်။ သူ့ရဲ့ နည်းပညာ ပါတဲ့ ကင်မရာများကို ရှောင်မီရဲ့ စမတ်ဖုန်းများမှာ ထည့်သွင်း အသုံးပြုတော့မှာ ဖြစ်ပါတယ်။ DSLR အဆင့် စွမ်းရည်များကို စမတ်ဖုန်းများမှာ အသုံးပြုျနိုင်တော့မှာ ဖြစ်ပါတယ်။
Light ရဲ့ စီအီးအိုနဲ့ ပူးတွဲ တည်ထောင်သူ Dave Grannan က “ Xiaomi ဟာ တီထွင် ဖန်တီးမှု မြင့်မားတဲ့ စမတ်ဖုန်း ကုမ္ပဏီ ဖြစ်ပါတယ်။ သူတို့နဲ့ လက်တွဲလုပ်ကိုင်ရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ Light ရဲ့ ကွန်ပြူတာ အခြေပြု ပုံရိပ်ဖော် နည်းပညာက စမတ်ဖုန်းများရဲ့ ဓါတ်ပုံ အရည်အသွေးကို အများကြီး ပြောင်းလဲလာစေတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Multi-Camera နည်းပညာကို ရှောင်မီရဲ့ စမတ်ဖုန်းများမှာ အနာဂတ်တွင် မြင်ရတော့မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
ရှောင်မီရဲ့ စမတ်ဖုန်းဌာနမှ ဒုတိယ ဥက္ကဌနဲ့ ကင်မရာ ဌာနမှ အထွေထွေ ဒါရိုက်တာ ဖြစ်သူ Zhu Dan က “ Xiaomi ဟာ အနာဂတ်ထုတ် ကိရိယာများမှာ Light ရဲ့ အဆင့်မြင့် ပုံရိပ်ဖော် နည်းပညာများကို အသုံးပြုနိုင်တော့မယ့်အတွက် ဝမ်းသာဂုဏ်ယူရပါတယ်။ ရှောင်မီဟာ စမတ်ဖုန်း တီထွင်ဆန်းသစ်မှုများအတွက် အကောင်းဆုံး ကြိုးစားနေပါတယ်။ Smartphone Photography ဟာ ကျွန်တော်တို့ အတွက် အဓိက ကျပါတယ်။ ကျွန်တော်တို့ရဲ့ ဖောက်သည်များဟာ အံ့မခန်း ဓါတ်ပုံများကို ရိုက်ကူးနိုင်တော့မှာပါ။ “ လို့ ပြောပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.