Smartphone Trending

MWC 2019 မွာ ေၾကညာခဲ့တဲ့ Galaxy A30 နဲ႕ A50

Zawgyi Version

MWC စစခ်င္းမွာပဲ Samsung fan ေတြအေနနဲ႕ Galaxy S10 ေတြကို ေတြ႕ျမင္လိုက္ရပါတယ္။ ဒါေပမယ့္လည္း ဒီေလာက္နဲ႕တင္ ျပီးဆံုးသြားမွာမဟုတ္ပါဘူး။ Galaxy A series ေတြျဖစ္တဲ့ Galaxy A30 နဲ႕ A50 တို႕လည္း က်န္ရွိေနပါေသးတယ္။ အဲဒီဖုန္းေတြဟာ S10 series နဲ႕ယွဥ္ရင္ မေျပာပေလာက္ေပမယ့္လည္း feature အသစ္ေတြပါ၀င္ေနတာဆိုေတာ့ Samsung သံုးစြဲသူေတြကို မက္ေမာေစမွာပါ။

Samsung Galaxy A30

Samsung Galaxy A30 ကေတာ့ ၆.၄လက္မ Super AMOLED Infinity-U display ၊ မ်က္ႏွာျပင္ကိုယ္ထည္အခ်ိဳး 85.1% နဲ႕ ထြက္ရွိလာတာပါ။ resolution အေနနဲ႕ 2340 x 1080 px ၊ 19.5:9 aspect ratio ၊ pixel density က 403 ppi ျဖစ္ပါတယ္။ အနားသတ္ေတြကို လံုး၀န္းထားျပီး အေရွ႕ဘက္မွာဖန္သားျပင္၊ ေက်ာဘက္မွာေတာ့ ပလတ္စတစ္ကိုအသံုးျပဳေပးထားပါတယ္။ Galaxy A30 မွာ 3.5 mm headphone jack ကို ဆက္လက္ေတြ႕ျမင္ေနရဦးမွာ ျဖစ္ပါတယ္။ 14nm Exynos 7885 chipset နဲ႕အတူ octa-core CPU ၊ Mali-G71 GPU တို႕ကလည္း ပါ၀င္အားျဖည့္ေပးထားပါတယ္။ ေရြးခ်ယ္စရာအေနနဲ႕ RAM 3GB/4GB နဲ႕ storage ကေတာ့ 32GB/64GB ဆိုျပီးေတာ့ ရွိပါတယ္။ မမ္မိုရီကေတာ့ microSD slot ထပ္စိုက္လို႕ရပါတယ္။ ပမာဏအေနနဲ႕ 512GB အထိ ေထာက္ပံ့ေပးထားပါတယ္။ Galaxy A30 ကေတာ့ Android 9.0 (Pie) နဲ႕ ေတြ႕ျမင္ရမွာပါ။ ဟန္းဆက္ေလးမွာ 16MP (f/1.7) sensor ၊ 5MP (f/2.2) sensor တို႕ပါ၀င္တဲ့ ေက်ာဘက္ကင္မရာႏွစ္လံုးစနစ္ကို တပ္ဆင္္ေပးထားပါတယ္။ 16MP (f/2.0) အေရွ႕ကင္မရာကိုေတာ့ အေရွ႕ဘက္notch ေလးထဲမွာျမွဳပ္ထားျပီး earpiece ေအာက္မွာ ေတြ႕ျမင္ရမွာပါ။ ဘတ္ထရီအေနနဲ႕ 4,000 mAh ထည့္သြင္းေပးထားျပီး ေအာက္ေျခမွာရွိတဲ့ USB Type-C ကိုအသံုးျပဳျပီးေတာ့ အားသြင္းရမွာပါ။ အားသြင္းေပါက္ေဘးမွာေတာ့ loudspeaker grille နဲ႕ audio jack တို႕ ရွိပါတယ္။ IP68 certified ျဖစ္တာမို႕ ေရ၊ ဖုန္ဒဏ္ ခံႏုိင္ပါတယ္။ လက္ေဗြစနစ္ကေတာ့ အေနာက္ဘက္မွာတပ္ဆင္ထားျပီး အေရာင္ေတြကေတာ့ Black, White နဲ႕ Blue ဆိုျပီး ေရြးခ်ယ္၀ယ္ယူႏုိင္ပါတယ္။

Samsung Galaxy A50

Samsung Galaxy A50 ကေတာ့ ၆.၄လက္မ Super AMOLED Infinity-U display ၊ မ်က္ႏွာျပင္ကိုယ္ထည္အခ်ိဳး 84.9% နဲ႕ ထြက္ရွိလာပါတယ္။ resolution 2340 x 1080 px ၊ 19.5:9 aspect ratio ၊ display panel ရဲ႕ pixel density ကေတာ့ 403 ppi ျဖစ္ပါတယ္။ ေက်ာဘက္ကိုေတာ့ “3D glasstic” design အေနနဲ႕ ဖန္သားနဲ႕ ပလတ္စတစ္ကို ပူးေပါင္းေပးထားပါတယ္။ Galaxy A30 လိုပဲ IP68 ျဖစ္ပါတယ္။ 10nm Exynos 9610 chipset ကို octa-core CPU ၊ Mali-G72 MP3 GPU တုိ႕နဲ႕ အားျဖည့္ေပးထားပါတယ္။  RAM 4GB/6GB ၊ မမ္မိုရီ 64GB/128GB ႏွစ္မ်ိဳးနဲ႕ ထြက္ရွိေပးထားပါတယ္။ Internal memory ကို microSD slot အသံုးျပဳျပီး 512GB အထိ အသံုးျပဳႏုိင္ပါတယ္။ Android 9.0 Pie ကို Samsung UI အျဖစ္နဲ႕ ျပဳျပင္္ထားတဲ့ဗားရွင္းကို အသံုးျပဳရမွာပါ။

အေနာက္ဘက္မွာ 25MP (f/1.7) sensor ၊ 8MP (f/2.2) ultrawide sensor ၊ third 5MP (f/2.2) depth sensor ကင္မရာသံုးလံုးစနစ္ကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ 25MP (f/2.0) အေရွ႕ကင္မရာကေတာ့ notch ထဲမွာ earpiece နဲ႕ အေပၚေအာက္ကပ္လ်က္ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ 4,000 mAh battery ကို အသံုးျပဳေပးထားျပီးေတာ့ USB Type-C ကတစ္ဆင့္အားသြင္းရမွာျဖစ္ပါတယ္။ သူကေတာ့ မ်က္ႏွာျပင္ေအာက္လက္ေဗြစနစ္ကို အသံုးျပဳေပးထားပါတယ္။ အေရာင္အေနနဲ႕လည္း Black, White, Blue နဲ႕ Coral ဆိုျပီး ေလးမ်ိဳးရႏုိင္မွာပါ။

Samsung ကေတာ့ Galaxy A50 ကို မတ္လမွစတင္ျပီး နယ္သာလန္ႏုိင္ငံမွာ ယူရို၃၄၉ ရူပီး ၂၈၁၀၀ နဲ႕ ေရာင္းခ်မွာပါ။ A30 ကေတာ့ ေစ်းမဖြင့္ရေသးပါဘူး။ မၾကာခင္မွာ ထြက္ရွိလာေတာ့မယ္လို႕ သိထားရပါတယ္။

Unicode Version

MWC စစချင်းမှာပဲ Samsung fan တွေအနေနဲ့ Galaxy S10 တွေကို တွေ့မြင်လိုက်ရပါတယ်။ ဒါပေမယ့်လည်း ဒီလောက်နဲ့တင် ပြီးဆုံးသွားမှာမဟုတ်ပါဘူး။ Galaxy A series တွေဖြစ်တဲ့ Galaxy A30 နဲ့ A50 တို့လည်း ကျန်ရှိနေပါသေးတယ်။ အဲဒီဖုန်းတွေဟာ S10 series နဲ့ယှဉ်ရင် မပြောပလောက်ပေမယ့်လည်း feature အသစ်တွေပါဝင်နေတာဆိုတော့ Samsung သုံးစွဲသူတွေကို မက်မောစေမှာပါ။
Samsung Galaxy A30


Samsung Galaxy A30 ကတော့ ၆.၄လက်မ Super AMOLED Infinity-U display ၊ မျက်နှာပြင်ကိုယ်ထည်အချိုး 85.1% နဲ့ ထွက်ရှိလာတာပါ။ resolution အနေနဲ့ 2340 x 1080 px ၊ 19.5:9 aspect ratio ၊ pixel density က 403 ppi ဖြစ်ပါတယ်။ အနားသတ်တွေကို လုံးဝန်းထားပြီး အရှေ့ဘက်မှာဖန်သားပြင်၊ ကျောဘက်မှာတော့ ပလတ်စတစ်ကိုအသုံးပြုပေးထားပါတယ်။ Galaxy A30 မှာ 3.5 mm headphone jack ကို ဆက်လက်တွေ့မြင်နေရဦးမှာ ဖြစ်ပါတယ်။ 14nm Exynos 7885 chipset နဲ့အတူ octa-core CPU ၊ Mali-G71 GPU တို့ကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ ရွေးချယ်စရာအနေနဲ့ RAM 3GB/4GB နဲ့ storage ကတော့ 32GB/64GB ဆိုပြီးတော့ ရှိပါတယ်။ မမ်မိုရီကတော့ microSD slot ထပ်စိုက်လို့ရပါတယ်။ ပမာဏအနေနဲ့ 512GB အထိ ထောက်ပံ့ပေးထားပါတယ်။ Galaxy A30 ကတော့ Android 9.0 (Pie) နဲ့ တွေ့မြင်ရမှာပါ။

ဟန်းဆက်လေးမှာ 16MP (f/1.7) sensor ၊ 5MP (f/2.2) sensor တို့ပါဝင်တဲ့ ကျောဘက်ကင်မရာနှစ်လုံးစနစ်ကို တပ်ဆင်ပေးထားပါတယ်။ 16MP (f/2.0) အရှေ့ကင်မရာကိုတော့ အရှေ့ဘက်notch လေးထဲမှာမြှုပ်ထားပြီး earpiece အောက်မှာ တွေ့မြင်ရမှာပါ။ ဘတ်ထရီအနေနဲ့ 4,000 mAh ထည့်သွင်းပေးထားပြီး အောက်ခြေမှာရှိတဲ့ USB Type-C ကိုအသုံးပြုပြီးတော့ အားသွင်းရမှာပါ။ အားသွင်းပေါက်ဘေးမှာတော့ loudspeaker grille နဲ့ audio jack တို့ ရှိပါတယ်။ IP68 certified ဖြစ်တာမို့ ရေ၊ ဖုန်ဒဏ် ခံနိုင်ပါတယ်။ လက်ဗွေစနစ်ကတော့ အနောက်ဘက်မှာတပ်ဆင်ထားပြီး အရောင်တွေကတော့ Black, White နဲ့ Blue ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
Samsung Galaxy A50


Samsung Galaxy A50 ကတော့ ၆.၄လက်မ Super AMOLED Infinity-U display ၊ မျက်နှာပြင်ကိုယ်ထည်အချိုး 84.9% နဲ့ ထွက်ရှိလာပါတယ်။ resolution 2340 x 1080 px ၊ 19.5:9 aspect ratio ၊ display panel ရဲ့ pixel density ကတော့ 403 ppi ဖြစ်ပါတယ်။ ကျောဘက်ကိုတော့ “3D glasstic” design အနေနဲ့ ဖန်သားနဲ့ ပလတ်စတစ်ကို ပူးပေါင်းပေးထားပါတယ်။ Galaxy A30 လိုပဲ IP68 ဖြစ်ပါတယ်။ 10nm Exynos 9610 chipset ကို octa-core CPU ၊ Mali-G72 MP3 GPU တို့နဲ့ အားဖြည့်ပေးထားပါတယ်။ RAM 4GB/6GB ၊ မမ်မိုရီ 64GB/128GB နှစ်မျိုးနဲ့ ထွက်ရှိပေးထားပါတယ်။ Internal memory ကို microSD slot အသုံးပြုပြီး 512GB အထိ အသုံးပြုနိုင်ပါတယ်။ Android 9.0 Pie ကို Samsung UI အဖြစ်နဲ့ ပြုပြင်ထားတဲ့ဗားရှင်းကို အသုံးပြုရမှာပါ။


အနောက်ဘက်မှာ 25MP (f/1.7) sensor ၊ 8MP (f/2.2) ultrawide sensor ၊ third 5MP (f/2.2) depth sensor ကင်မရာသုံးလုံးစနစ်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ 25MP (f/2.0) အရှေ့ကင်မရာကတော့ notch ထဲမှာ earpiece နဲ့ အပေါ်အောက်ကပ်လျက်တွေ့မြင်ရမှာဖြစ်ပါတယ်။ 4,000 mAh battery ကို အသုံးပြုပေးထားပြီးတော့ USB Type-C ကတစ်ဆင့်အားသွင်းရမှာဖြစ်ပါတယ်။ သူကတော့ မျက်နှာပြင်အောက်လက်ဗွေစနစ်ကို အသုံးပြုပေးထားပါတယ်။ အရောင်အနေနဲ့လည်း Black, White, Blue နဲ့ Coral ဆိုပြီး လေးမျိုးရနိုင်မှာပါ။


Samsung ကတော့ Galaxy A50 ကို မတ်လမှစတင်ပြီး နယ်သာလန်နိုင်ငံမှာ ယူရို၃၄၉ ရူပီး ၂၈၁၀၀ နဲ့ ရောင်းချမှာပါ။ A30 ကတော့ ဈေးမဖွင့်ရသေးပါဘူး။ မကြာခင်မှာ ထွက်ရှိလာတော့မယ်လို့ သိထားရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.