Posted on Leave a comment

32MP Selfie Camera နဲ့ ပွဲထွက်လာတဲ့ ZTE Blade V10




154g
SoC<not specified>
8x @2.1GHz
4GB + 64GB
Battery3200 mAh
USBType-C
5MP, fixed focus
Front Camera32MP

unicode

32MP Selfie Camera နဲ့ ပှဲထှကျလာတဲ့ ZTE Blade V10

ZTE က MWC 2019 မှာ Blade V10 ကို ကြေညာလိုက်ပါတယ်။ Blade V10 ဟာ စွမ်းရည်မြင့် ဖုန်းတော့ မဟုတ်ပါဘူး။ စွမ်းရည်သင့် Blade Series အသစ် ဖြစ်ပါတယ်။ သူ့ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုက 32MP Front Facing Camera ဖြစ်ပါတယ်။ Vivo V15 Pro မှာလည်း 32MP Camera ကို မြင်တွေ့ခဲ့ကြပြီးပါပြီ။ ဒါပေမယ့် Vivo V15 Pro မှာ Pop-up Slider Design ကို အသုံးပြုထားပါတယ်။ Blade V10 မှာတော့ Waterdrop Notch မှာ ဆဲလ်ဖီး ကင်မရာကို မြှပ်နှံထားတာ ဖြစ်ပါတယ်။ အရှေ့ ကင်မရာမှာ AI Smart Selfie နည်းပညာ ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 16+5MP Dual Camera များ ပါပြီး AI Scene Recognition နည်းပညာ ထည့်သွင်းထားပါတယ်။ ရှုခင်းပေါင်း ၃၀၀ ကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး အကောင်းဆုံး ဓါတ်ပုံများကို ဖန်တီးပေးပါတယ်။

မတ်လမှာ တရုတ်၊ ဥရောနဲ့ ဧပြီလမှာ လက်တင်အမေရိက နိုင်ငံများမှာ ရောင်းချမှာ ဖြစ်ပါတယ်။ ZTE က သူ့ရဲ့ ဈေးနှုန်းကို မပြောသေးပါဘူး။ ဒေါ်လာ ၃၀၀ လောက်သာ ရှိမယ်လို့ ထင်ရပါတယ်။ သူ့ရဲ့ Specs အပြည့်အစုံကို အောက်မှာ လေ့လာပါ။

SpecificationsZTE Blade V10
Dimensions and Weight158 x 75.8 x 7.8 mm;
154g
Display6.3″ FHD+ LCD with a water drop notch;
90.3% screen-to-body ratio
SoC<not specified>
8x @2.1GHz
RAM and Storage3GB + 32GB;
4GB + 64GB
MicroSD expandabilityYes, hybrid second SIM slot
ConnectivityGPS, WiFi 2.4G/5G 802.11 a/b/g/n/ac, BT 4.2
Battery3200 mAh
USBType-C
3.5mm headphone jackYes
Fingerprint ScannerRear
Rear Camera16MP, autofocus +
5MP, fixed focus
Front Camera32MP
Android VersionMiFavor 9.0 UI on top of Android 9 Pie
ColorsBlack, Blue, Green

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.