Smartphone Trending

အလွမ္းေ၀းေနတဲ့ foldable device ခရီးလမ္းမွာ ဦးေဆာင္ေနတဲ့ Huawei Mate X ရဲ႕ hand on

Zawgyi Version

Mate X ဟာ အိတ္ေဆာင္နဲ႕ တက္ဘလက္ေလာကရဲ႕ ေပါင္းကူးသဖြယ္ပါပဲ။

Mate X အသစ္ေလးကို စာနယ္ဇင္းသမားေတြအတြက္ ခ်ေပးတဲ့အခ်ိန္မွာ ကၽြန္ေတာ္လည္း ျမည္းစမ္းခြင့္ရခဲ့ပါတယ္။ hands-on experience ေလးေၾကာင့္ သိခ်င္ေနတဲ့အေၾကာင္းအရာေလးေတြကိုလည္း အတြင္းက်က်သိခြင့္ရခဲ့ပါတယ္။ software UX က ဘယ္လိုမ်ိဳးလဲ။ ခံႏုိင္ရည္ရွိရဲ႕လား။ ပြန္းရာျခစ္ရာခံႏုိင္ရဲ႕လား။ အစြမ္းကုန္သံုးတဲ့အခ်ိန္မွာ ဘတ္ထရီဘယ္ေလာက္ခံမလဲ။ အကုန္ေတာ့ မေျဖႏုိင္ေသးပါဘူး။ ဒါေပမယ့္ သိထားသေလာက္ေတာ့ ေျပာျပေပးသြားပါ့မယ္။

Screen ရဲ႕ ခံစားမႈက ဘယ္လိုလဲ

OLED display က ပလတ္စတစ္ပါ။ ဒီေန႕မွာေတြ႕ျမင္ေနရတဲ့ ဖန္သားျပင္ေတာ့ မဟုတ္ပါဘူး။ ဒါကလည္း ေရွာင္လႊဲလို႕မရပါဘူး။ ဖန္သားျပင္က ေကြးညြတ္လုိ႕မရႏုိင္တဲ့အတြက္ေၾကာင့္ပါ။ ဒါေပမယ့္လည္း ပလတ္စတစ္ေၾကာင့္ ဒုကၡျဖစ္ေစတာမ်ိဳး မေတြ႕ခဲ့ပါဘူး။ ပံုမွန္ဖန္သားျပင္သံုးစမတ္ဖုန္းေတြလို လုပ္ေဆာင္ႏုိင္ပါတယ္။ အဓိကက်တဲ့အခ်က္ကေတာ့ ပလတ္စတစ္ရဲ႕ႏူးညံ့တဲ့မ်က္ႏွာျပင္မွာ ပြန္းရာျခစ္ရာထင္သြားတဲ့ကိစၥပါပဲ။

Viewing angles, contrast, color saturation, vibrancy စတာေတြကေတာ့ ဒီေန႕ေခတ္စမတ္္ဖုန္းေတြမွာ ျမင္ေတြ႕ေနရသေလာက္ ေကာင္းမြန္ပါတယ္။ plastic display ဟာ ဖန္သားျပင္ထက္စာရင္ ေရာင္ျပန္အားနည္းတာကို ေတြ႕ရပါတယ္။ ဒါေလးကိုေတာ့ ၾကိဳက္မိပါတယ္။

အေရးၾကီးတဲ့ေမးခြန္းတစ္ခုကေတာ့ အလယ္ေခါင္မွာဆက္ထားတဲ့ေက်ာရိုးကို ျမင္ရ၊ ခံစားေနရလားဆိုတာပါပဲ။ အေျဖကေတာ့ နိုးပါ။ Mate X ကို သံုးေနတဲ့အခ်ိန္မွာ ျပားကပ္ကပ္ foldable တစ္ခုလို႕သာ ခံစားရပါတယ္။

ခံစားခ်က္

မိုက္ပါတယ္။ အေလးခ်ိန္နဲ႕ပတ္သတ္ျပီးေတာ့ အနည္းငယ္ေတာ့ အံ့ၾသမိပါတယ္။ ျမင္ရတာထက္ ပိုမိုအေလးခ်ိန္စီးတာကို ေတြ႕ရပါတယ္။ ေကာင္းပါတယ္။ €2,299 တန္ပစၥည္းတစ္ခုက ေပါ့ပါးေနမွာကို မလိုလားပါဘူး။ Mate X က လက္ထဲမွာ စီးစီးပိုင္ပိုင္ရွိလွပါတယ္။ 4,500mAh ဘတ္ထရီက အတြင္းမွာရွိေနတာဆိုေတာ့ အေလးခ်ိန္က ေသခ်ာေပါက္ကိုစီးမွာပါ။

သံုးရလြယ္ကူမႈအပိုင္းမွာဆိုရင္လည္း တက္ဘလက္ပံုစံေလးဟာ လက္တစ္ဖက္တည္းနဲ႕လည္း ကိုင္လို႕ရပါတယ္။ 8:7.1 aspect ratio ေၾကာင့္ landscape ၊ portrait orientations ေတြ ရွိတယ္ဆိုရံုပါပဲ။ အဲဒီလိုပံုစံကေတာ့ web သံုး၊ YouTube ၾကည့္တာမ်ိဳးအတြက္ အဆင္ေျပပါတယ္။

တစ္၀က္ေလာက္ပဲ ဖြင့္လိုက္မယ္ဆုိရင္ေတာ့ စားပြဲေပၚမွာ တင္ထားလို႕ရတဲ့အေနအထားေလး ျဖစ္ပါတယ္။ အေနာက္ဘက္မ်က္ႏွာျပင္ကို ေထာက္တုိင္အေနနဲ႕ အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။ ေခါက္လိုက္မယ္ဆုိရင္ေတာ့ ဖုန္းတစ္လံုးအေနနဲ႕ သံုးႏုိင္မွာပါ။ အေနာက္ဘက္ ၆.၄လက္မနဲ႕ အဓိက ၆.၆လက္မ မ်က္နွာျပင္အျဖစ္ အသံုးျပဳရမွာျဖစ္ပါတယ္။

ဆက္ထားတဲ့ပတၱာက ဘယ္လိုခံစားရေစလဲ

Mate X ရဲ႕ အမိုက္ဆံုးအခ်က္လို႕ ေျပာရမလား။ ပတၱာေလးက မရွိသလိုပါပဲ။ ေျပာရေလာက္ေအာင္ မရွိပါဘူး။ ဒီအတုိင္းဖြင့္လိုက္တာမ်ိဳးေပ့ါ။ Huawei ရဲ႕ ခံႏုိင္စြမ္းဦးစားေပးလုပ္ေဆာင္မႈကို ျမင္ေတြ႕ရပါတယ္။ အရမ္းၾကီး ေခ်ာေမြ႕ေနတာမ်ိဳးေတာ့ မရွိပါဘူး။ ပတၱာေလးကေတာ့ က်ိဳးမယ့္အေနအထားမရွိပါဘူး။ ဒါေပမယ့္လည္း Mate X ေလးကေတာ့ တစ္ခုခုျဖစ္သြားႏုိင္ပါတယ္။

Huawei ဟာ Mate X ရဲ႕ အေျမာင္းေလးေပၚမွာ သတၳဳဘားေလးတစ္ခုထည့္ထားပါတယ္။ စိတ္ပူတာက ေသခ်ာကပ္ေနရဲ႕လား။ ပတၱာမွာက ပြတ္မႈအားရွိေနတဲ့အတြက္ေၾကာင့္ စိတ္ပူေနမိတာပါ။ ဖြင့္ဖို႕အတြက္လည္း ခလုတ္တစ္ခုထည့္ေပးထားပါေသးတယ္။

€2,299 ေပးရတဲ့ခံစားမႈမ်ိဳး ရရဲ႕လား

Mate X ဟာ ဒီဇုိင္းကို ရွိျပီးသားမွာ ထပ္မြမ္းမံထားတာမဟုတ္ပါဘူး။ form factor အသစ္ပါ။ စမတ္ဖုန္းနဲ႕ တက္ဘလက္ကိုအေျခခံထားတယ္ေျပာေျပာ အသစ္ပါ။ Samsung Galaxy Foldနဲ႕ယွဥ္ရင္ေတာင္ အသစ္ျဖစ္ပါတယ္။ ဒါေၾကာင့္ hybrid device ေတြနဲ႕ ယွဥ္မဆံုးျဖတ္ေစခ်င္ပါဘူး။ စမတ္ဖုန္းစံႏႈန္းေတြ၊ စမတ္ဖုန္းေစ်းႏႈန္းေတြနဲ႕ မတုိင္းတာလုိက္ပါနဲ႕။

Mate X ကို ကၽြန္ေတာ္တိုိ႕ဆီမွာရွိေနတဲ့ ေခါင္ခိုက္ေနတဲ့ စမတ္ဖုန္းစံႏႈန္းေတြနဲ႕ယွဥ္လိုက္မယ္ဆုိရင္ေတာ့ မွန္းခ်က္နဲ႕ႏွမ္းထြက္ေတာ့ မကိုက္ဘူးျဖစ္မွာပါ။ အနည္းဆံုးေတာ့ hardware design မွာေပါ့။ ကၽြန္ေတာ္တို႕လိုခ်င္တဲ့ ေခါက္ခ်ိဳးဖုန္းေတာ့ မေရာက္ႏိုင္ေသးပါဘူး။ သြားဖို႕အေတာ္ေလးေ၀းပါေသးတယ္။ ဒါေပမယ့္လည္း Huawei Mate X ကေတာ့ အျခားသူေတြနဲ႕ယွဥ္လုိက္ရင္ ျမန္ျမန္ေရာက္ႏွင့္ေနတယ္ဆိုတာကို သိထားရပါတယ္။

Unicode Version

Mate X ဟာ အိတ်ဆောင်နဲ့ တက်ဘလက်လောကရဲ့ ပေါင်းကူးသဖွယ်ပါပဲ။
Mate X အသစ်လေးကို စာနယ်ဇင်းသမားတွေအတွက် ချပေးတဲ့အချိန်မှာ ကျွန်တော်လည်း မြည်းစမ်းခွင့်ရခဲ့ပါတယ်။ hands-on experience လေးကြောင့် သိချင်နေတဲ့အကြောင်းအရာလေးတွေကိုလည်း အတွင်းကျကျသိခွင့်ရခဲ့ပါတယ်။ software UX က ဘယ်လိုမျိုးလဲ။ ခံနိုင်ရည်ရှိရဲ့လား။ ပွန်းရာခြစ်ရာခံနိုင်ရဲ့လား။ အစွမ်းကုန်သုံးတဲ့အချိန်မှာ ဘတ်ထရီဘယ်လောက်ခံမလဲ။ အကုန်တော့ မဖြေနိုင်သေးပါဘူး။ ဒါပေမယ့် သိထားသလောက်တော့ ပြောပြပေးသွားပါ့မယ်။


Screen ရဲ့ ခံစားမှုက ဘယ်လိုလဲ
OLED display က ပလတ်စတစ်ပါ။ ဒီနေ့မှာတွေ့မြင်နေရတဲ့ ဖန်သားပြင်တော့ မဟုတ်ပါဘူး။ ဒါကလည်း ရှောင်လွှဲလို့မရပါဘူး။ ဖန်သားပြင်က ကွေးညွတ်လို့မရနိုင်တဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့်လည်း ပလတ်စတစ်ကြောင့် ဒုက္ခဖြစ်စေတာမျိုး မတွေ့ခဲ့ပါဘူး။ ပုံမှန်ဖန်သားပြင်သုံးစမတ်ဖုန်းတွေလို လုပ်ဆောင်နိုင်ပါတယ်။ အဓိကကျတဲ့အချက်ကတော့ ပလတ်စတစ်ရဲ့နူးညံ့တဲ့မျက်နှာပြင်မှာ ပွန်းရာခြစ်ရာထင်သွားတဲ့ကိစ္စပါပဲ။
Viewing angles, contrast, color saturation, vibrancy စတာတွေကတော့ ဒီနေ့ခေတ်စမတ်ဖုန်းတွေမှာ မြင်တွေ့နေရသလောက် ကောင်းမွန်ပါတယ်။ plastic display ဟာ ဖန်သားပြင်ထက်စာရင် ရောင်ပြန်အားနည်းတာကို တွေ့ရပါတယ်။ ဒါလေးကိုတော့ ကြိုက်မိပါတယ်။
အရေးကြီးတဲ့မေးခွန်းတစ်ခုကတော့ အလယ်ခေါင်မှာဆက်ထားတဲ့ကျောရိုးကို မြင်ရ၊ ခံစားနေရလားဆိုတာပါပဲ။ အဖြေကတော့ နိုးပါ။ Mate X ကို သုံးနေတဲ့အချိန်မှာ ပြားကပ်ကပ် foldable တစ်ခုလို့သာ ခံစားရပါတယ်။
ခံစားချက်
မိုက်ပါတယ်။ အလေးချိန်နဲ့ပတ်သတ်ပြီးတော့ အနည်းငယ်တော့ အံ့သြမိပါတယ်။ မြင်ရတာထက် ပိုမိုအလေးချိန်စီးတာကို တွေ့ရပါတယ်။ ကောင်းပါတယ်။ €2,299 တန်ပစ္စည်းတစ်ခုက ပေါ့ပါးနေမှာကို မလိုလားပါဘူး။ Mate X က လက်ထဲမှာ စီးစီးပိုင်ပိုင်ရှိလှပါတယ်။ 4,500mAh ဘတ်ထရီက အတွင်းမှာရှိနေတာဆိုတော့ အလေးချိန်က သေချာပေါက်ကိုစီးမှာပါ။
သုံးရလွယ်ကူမှုအပိုင်းမှာဆိုရင်လည်း တက်ဘလက်ပုံစံလေးဟာ လက်တစ်ဖက်တည်းနဲ့လည်း ကိုင်လို့ရပါတယ်။ 8:7.1 aspect ratio ကြောင့် landscape ၊ portrait orientations တွေ ရှိတယ်ဆိုရုံပါပဲ။ အဲဒီလိုပုံစံကတော့ web သုံး၊ YouTube ကြည့်တာမျိုးအတွက် အဆင်ပြေပါတယ်။
တစ်ဝက်လောက်ပဲ ဖွင့်လိုက်မယ်ဆိုရင်တော့ စားပွဲပေါ်မှာ တင်ထားလို့ရတဲ့အနေအထားလေး ဖြစ်ပါတယ်။ အနောက်ဘက်မျက်နှာပြင်ကို ထောက်တိုင်အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ခေါက်လိုက်မယ်ဆိုရင်တော့ ဖုန်းတစ်လုံးအနေနဲ့ သုံးနိုင်မှာပါ။ အနောက်ဘက် ၆.၄လက်မနဲ့ အဓိက ၆.၆လက်မ မျက်နှာပြင်အဖြစ် အသုံးပြုရမှာဖြစ်ပါတယ်။
ဆက်ထားတဲ့ပတ္တာက ဘယ်လိုခံစားရစေလဲ
Mate X ရဲ့ အမိုက်ဆုံးအချက်လို့ ပြောရမလား။ ပတ္တာလေးက မရှိသလိုပါပဲ။ ပြောရလောက်အောင် မရှိပါဘူး။ ဒီအတိုင်းဖွင့်လိုက်တာမျိုးပေ့ါ။ Huawei ရဲ့ ခံနိုင်စွမ်းဦးစားပေးလုပ်ဆောင်မှုကို မြင်တွေ့ရပါတယ်။ အရမ်းကြီး ချောမွေ့နေတာမျိုးတော့ မရှိပါဘူး။ ပတ္တာလေးကတော့ ကျိုးမယ့်အနေအထားမရှိပါဘူး။ ဒါပေမယ့်လည်း Mate X လေးကတော့ တစ်ခုခုဖြစ်သွားနိုင်ပါတယ်။
Huawei ဟာ Mate X ရဲ့ အမြောင်းလေးပေါ်မှာ သတ္ထုဘားလေးတစ်ခုထည့်ထားပါတယ်။ စိတ်ပူတာက သေချာကပ်နေရဲ့လား။ ပတ္တာမှာက ပွတ်မှုအားရှိနေတဲ့အတွက်ကြောင့် စိတ်ပူနေမိတာပါ။ ဖွင့်ဖို့အတွက်လည်း ခလုတ်တစ်ခုထည့်ပေးထားပါသေးတယ်။
€2,299 ပေးရတဲ့ခံစားမှုမျိုး ရရဲ့လား
Mate X ဟာ ဒီဇိုင်းကို ရှိပြီးသားမှာ ထပ်မွမ်းမံထားတာမဟုတ်ပါဘူး။ form factor အသစ်ပါ။ စမတ်ဖုန်းနဲ့ တက်ဘလက်ကိုအခြေခံထားတယ်ပြောပြော အသစ်ပါ။ Samsung Galaxy Foldနဲ့ယှဉ်ရင်တောင် အသစ်ဖြစ်ပါတယ်။ ဒါကြောင့် hybrid device တွေနဲ့ ယှဉ်မဆုံးဖြတ်စေချင်ပါဘူး။ စမတ်ဖုန်းစံနှုန်းတွေ၊ စမတ်ဖုန်းဈေးနှုန်းတွေနဲ့ မတိုင်းတာလိုက်ပါနဲ့။
Mate X ကို ကျွန်တော်တို့ဆီမှာရှိနေတဲ့ ခေါင်ခိုက်နေတဲ့ စမတ်ဖုန်းစံနှုန်းတွေနဲ့ယှဉ်လိုက်မယ်ဆိုရင်တော့ မှန်းချက်နဲ့နှမ်းထွက်တော့ မကိုက်ဘူးဖြစ်မှာပါ။ အနည်းဆုံးတော့ hardware design မှာပေါ့။ ကျွန်တော်တို့လိုချင်တဲ့ ခေါက်ချိုးဖုန်းတော့ မရောက်နိုင်သေးပါဘူး။ သွားဖို့အတော်လေးဝေးပါသေးတယ်။ ဒါပေမယ့်လည်း Huawei Mate X ကတော့ အခြားသူတွေနဲ့ယှဉ်လိုက်ရင် မြန်မြန်ရောက်နှင့်နေတယ်ဆိုတာကို သိထားရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.