Smartphone Trending

တရုတ္မွာ စကၠန္႔ပိုင္းအတြင္း ပစၥည္းျပတ္သြားတဲ့ Xiaomi Mi 9

Xiaomi က တရုတ္လူမႈကြန္ရက္ ၀ီဘိုမွာ Mi 9 ရဲ႕ ပထမဆံုး Flash Sale တြင္ ၅၃ စကၠန္႔အတြင္း ပစၥည္းျပတ္သြားတယ္လို႔ ေၾကညာလိုက္ပါတယ္။ ၿပီးခဲ့တဲ ဗုဒၶဟူးေန႔က ပထမဆံုး အသုတ္ကို ေရာင္းခဲ့တာပါ။ အလံုးေရ ဘယ္ေလာက္ေရာင္းရသလဲ ဆိုတာကိုေတာ့ မေျပာပါဘူး။ သူ႔ရဲ႕ Specs မ်ားကို ေအာက္မွာ ျပန္လည္ေဖာ္ျပလိုက္ပါတယ္။

Xiaomi Mi 9 ဟာ အေနာက္ကင္မရာ သံုးလံုး ပါတဲ့ ကုမၸဏီရဲ႕ ပထမဆံုး ဖုန္း ျဖစ္လာပါတယ္။ အဲဒီအထဲက အဓိက ကင္မရာဟာ 48MP Sony IMX586 ျဖစ္ပါတယ္။ Redmi Note 7 ရဲ႕ 48MP Camera က Samsung Sensor ျဖစ္ပါတယ္။ Mi 9 မွာ 16MP Ultra-wide Camera တစ္လံုးနဲ႔ အားျဖည့္ထားပါတယ္။

သူ႔မွာ ၆.၃၉ လက္မ Super AMOLED FullHD+ Display ထည့္သြင္းထားၿပီး Screen-to-body Ratio မွာ ၉၀.၇ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ အရြယ္ေသး Waterdrop Notch ပါပါတယ္။ Always-on Display မွာ အေရာင္မ်ားကို ျပသေပးႏုိင္လာပါတယ္။ Notch မွာ 20MP Camera ထည့္ထားပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ AI အေျချပဳ Face Unlock ပါလာမွာပါ။

မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ထည့္ထားပါတယ္။ NFC ကေန Google Pay ကို သံုးႏုိင္ပါတယ္။ Dual-frequency GPS နဲ႔ IR Blaster ပါလာပါတယ္။ မ်က္ႏွာျပင္ကို Gorilla Glass 6 နဲ႔ အေနာက္ဘက္ကို Gorilla Glass 5 နဲ႔ ဖံုးအုပ္ထားပါတယ္။ အေနာက္ကင္မရာမ်ားကို Sapphire Glass နဲ႔ ကာကြယ္ထားပါတယ္။ ေရစိုခံ စြမ္းရည္ေတာ့ မပါပါဘူး။

Charge Turbo အမည္ရ လွ်င္ျမန္စြာ အားသြင္းစနစ္ပါလာၿပီး USB-C ကေန 27W ႏႈန္းအထိ အားသြင္းေပးပါတယ္။ ဒါေပမယ့္ 18W Charger သာ ထည့္ထားပါတယ္။ ႀကိဳးမဲ့ အားသြင္းရင္ 20W အထိ ျမန္တာက လက္ရွိမွာ အျမန္ဆံုးျဖစ္ေနပါတယ္။ 3300mAh Battery ပါပါတယ္။ Snapdragon 855 , 6GB RAM , 64 or 128GB Storage မ်ား ပါပါတယ္။

Transparent Version မွာ 12GB RAM , 256GB Storage မ်ား ပါၿပီး တရုတ္မွာ Google Assistant အစား Xiao AI ကို ထည့္ထားမွာပါ။ ပံုမွန္ Mi 9 ကို Lavender Violet, Ocean Blue နဲ႔ Piano Black တို႔ ထုတ္လုပ္ထားပါတယ္။ 6/128GB ကို ယြမ္ ၂၉၉၉ ( ၄၅၅ ေဒၚလာ) ၊ 8/128GB ကို ယြမ္ ၃၂၉၉ (၄၉၀ ေဒၚလာ) နဲ႔ 12/256GB ပါတဲ့ Transparent Version ကို ယြမ္ ၃၉၉၉ ( ၅၉၅ ေဒၚလာ) သတ္မွတ္ထားပါတယ္။

unicode

တရုတ်မှာ စက္ကန့်ပိုင်းအတွင်း ပစ္စည်းပြတ်သွားတဲ့ Xiaomi Mi 9

Xiaomi က တရုတ်လူမှုကွန်ရက် ဝီဘိုမှာ Mi 9 ရဲ့ ပထမဆုံး Flash Sale တွင် ၅၃ စက္ကန့်အတွင်း ပစ္စည်းပြတ်သွားတယ်လို့ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ ဗုဒ္ဓဟူးနေ့က ပထမဆုံး အသုတ်ကို ရောင်းခဲ့တာပါ။ အလုံးရေ ဘယ်လောက်ရောင်းရသလဲ ဆိုတာကိုတော့ မပြောပါဘူး။ သူ့ရဲ့ Specs များကို အောက်မှာ ပြန်လည်ဖော်ပြလိုက်ပါတယ်။

Xiaomi Mi 9 ဟာ အနောက်ကင်မရာ သုံးလုံး ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။ အဲဒီအထဲက အဓိက ကင်မရာဟာ 48MP Sony IMX586 ဖြစ်ပါတယ်။ Redmi Note 7 ရဲ့ 48MP Camera က Samsung Sensor ဖြစ်ပါတယ်။ Mi 9 မှာ 16MP Ultra-wide Camera တစ်လုံးနဲ့ အားဖြည့်ထားပါတယ်။

သူ့မှာ ၆.၃၉ လက်မ Super AMOLED FullHD+ Display ထည့်သွင်းထားပြီး Screen-to-body Ratio မှာ ၉၀.၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အရွယ်သေး Waterdrop Notch ပါပါတယ်။ Always-on Display မှာ အရောင်များကို ပြသပေးနိုင်လာပါတယ်။ Notch မှာ 20MP Camera ထည့်ထားပါတယ်။ အချို့ နိုင်ငံများမှာ AI အခြေပြု Face Unlock ပါလာမှာပါ။

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ NFC ကနေ Google Pay ကို သုံးနိုင်ပါတယ်။ Dual-frequency GPS နဲ့ IR Blaster ပါလာပါတယ်။ မျက်နှာပြင်ကို Gorilla Glass 6 နဲ့ အနောက်ဘက်ကို Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပါတယ်။ အနောက်ကင်မရာများကို Sapphire Glass နဲ့ ကာကွယ်ထားပါတယ်။ ရေစိုခံ စွမ်းရည်တော့ မပါပါဘူး။

Charge Turbo အမည်ရ လျှင်မြန်စွာ အားသွင်းစနစ်ပါလာပြီး USB-C ကနေ 27W နှုန်းအထိ အားသွင်းပေးပါတယ်။ ဒါပေမယ့် 18W Charger သာ ထည့်ထားပါတယ်။ ကြိုးမဲ့ အားသွင်းရင် 20W အထိ မြန်တာက လက်ရှိမှာ အမြန်ဆုံးဖြစ်နေပါတယ်။ 3300mAh Battery ပါပါတယ်။ Snapdragon 855 , 6GB RAM , 64 or 128GB Storage များ ပါပါတယ်။

Transparent Version မှာ 12GB RAM , 256GB Storage များ ပါပြီး တရုတ်မှာ Google Assistant အစား Xiao AI ကို ထည့်ထားမှာပါ။ ပုံမှန် Mi 9 ကို Lavender Violet, Ocean Blue နဲ့ Piano Black တို့ ထုတ်လုပ်ထားပါတယ်။ 6/128GB ကို ယွမ် ၂၉၉၉ ( ၄၅၅ ဒေါ်လာ) ၊ 8/128GB ကို ယွမ် ၃၂၉၉ (၄၉၀ ဒေါ်လာ) နဲ့ 12/256GB ပါတဲ့ Transparent Version ကို ယွမ် ၃၉၉၉ ( ၅၉၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.