Smartphone Trending

5G Phone ကို Tease လုပ္လိုက္တဲ့ OnePlus

OnePlus က MWC မွာ စမတ္ဖုန္း အသစ္မ်ားကို မေၾကညာပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕ ေနာက္ထုတ္မယ့္ 5G Phone ကို အရိပ္အျမြက္ ျပသသြားပါတယ္။ 5G ကြန္ယက္မွာ ဂိမ္းတစ္ခု ကစားေနတာကို သရုပ္ျပသသြားပါတယ္။

ဟန္းဆက္ကိုေတာ့ မျပသသြားဘဲ သူ႔ရဲ႕ စကရင္ကို ျပသသြားပါတယ္။ စကရင္ရဲ႕ အခ်ိဳးဟာ 21:9 ျဖစ္ပါတယ္။ Full HD ထက္ ပိုျမင့္တဲ့ ကုမၸဏီရဲ႕ ပထမဆံုး စကရင္ ျဖစ္ပါတယ္။ ဒါေပမယ့္ ကုမၸဏီက သူ႔ရဲ႕ သတင္းအခ်က္အလက္ အေသးစိတ္ကို ေျပာသြားျခင္း မရွိပါဘူး။ စကရင္မွာ Notch မပါတာကို ျမင္ရပါတယ္။ ဆဲလ္ဖီး ကင္မရာကိုလည္း မျပသထားပါဘူး။ သူဟာ နမူနာ ေမာ္ဒယ္အဆင့္သာ ရွိႏိုင္ပါတယ္။

OnePlus က Sony လိုပဲ ဧၿပီနဲ႔ ဇြန္လမ်ားအတြင္းမွာ 5G Phone ကို ေရာင္းခ်ႏိုင္ပါတယ္။ ကုမၸဏီက 5G Phone ကို ေရာင္းခ်ဖို႔ ဖင္လန္ Carrier Elisa နဲ႔ ပူးေပါင္းထားပါတယ္။ စီအီးအို Pete Lau က 5G Phone မွာ X50 5G Modem ပါတဲ့ Qualcomm Snapdragon 855 Chipset ထည့္သြင္းထားမယ္လို႔ အတည္ျပဳထားပါတယ္။ သူက အေမရိကန္မွာ ေရာင္းခ်မွာ မဟုတ္ဘူးလို႔လည္း အတည္ျပဳထားပါတယ္။ အဲဒီမွာ ေျပာင္းလဲမႈ အနည္းငယ္ ျပဳလုပ္ထားတဲ့ 4G LTE Version ကို ေရာင္းခ်မွာပါ။

unicode

5G Phone ကို Tease လုပ်လိုက်တဲ့ OnePlus

OnePlus က MWC မှာ စမတ်ဖုန်း အသစ်များကို မကြေညာပါဘူး။ ဒါပေမယ့် သူ့ရဲ့ နောက်ထုတ်မယ့် 5G Phone ကို အရိပ်အမြွက် ပြသသွားပါတယ်။ 5G ကွန်ယက်မှာ ဂိမ်းတစ်ခု ကစားနေတာကို သရုပ်ပြသသွားပါတယ်။

ဟန်းဆက်ကိုတော့ မပြသသွားဘဲ သူ့ရဲ့ စကရင်ကို ပြသသွားပါတယ်။ စကရင်ရဲ့ အချိုးဟာ 21:9 ဖြစ်ပါတယ်။ Full HD ထက် ပိုမြင့်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စကရင် ဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီက သူ့ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို ပြောသွားခြင်း မရှိပါဘူး။ စကရင်မှာ Notch မပါတာကို မြင်ရပါတယ်။ ဆဲလ်ဖီး ကင်မရာကိုလည်း မပြသထားပါဘူး။ သူဟာ နမူနာ မော်ဒယ်အဆင့်သာ ရှိနိုင်ပါတယ်။

OnePlus က Sony လိုပဲ ဧပြီနဲ့ ဇွန်လများအတွင်းမှာ 5G Phone ကို ရောင်းချနိုင်ပါတယ်။ ကုမ္ပဏီက 5G Phone ကို ရောင်းချဖို့ ဖင်လန် Carrier Elisa နဲ့ ပူးပေါင်းထားပါတယ်။ စီအီးအို Pete Lau က 5G Phone မှာ X50 5G Modem ပါတဲ့ Qualcomm Snapdragon 855 Chipset ထည့်သွင်းထားမယ်လို့ အတည်ပြုထားပါတယ်။ သူက အမေရိကန်မှာ ရောင်းချမှာ မဟုတ်ဘူးလို့လည်း အတည်ပြုထားပါတယ်။ အဲဒီမှာ ပြောင်းလဲမှု အနည်းငယ် ပြုလုပ်ထားတဲ့ 4G LTE Version ကို ရောင်းချမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.