Posted on Leave a comment

ေခါက္ခ်ိဳးစမတ္ဖုန္းေတြအတြက္ LG ရဲ႕ အေျဖ

Zawgyi Version

ခ်က္ခ်င္းရႏုိင္မယ့္ ေခါက္္ခ်ိဳးစမတ္ဖုန္းလို႕ ေျပာရမယ္။

ဒီကေန႕မိတ္ဆက္လိုက္တဲ့ LG V50 အသစ္က ေတာ့ Snapdragon 855 processor ၊ ဘတ္ထရီပမာဏခပ္မ်ားမ်ား၊ 5G တို႕ကို ထည့္သြင္းေပးထားပါတယ္။ ဟုတ္ပါတယ္။ LG ရဲ႕ ပထမဆံုး 5G ဖုန္းျဖစ္ပါတယ္။ V50 ဟာ entire second screen နဲ႕ ထြက္ရွိလာမယ္လို႕ သိရပါတယ္။

LG Dual Screen ဖုန္းေလးျဖစ္ပါတယ္။ ၆.၄လက္မ display ကို အသံုးျပဳထားျပီး secondary panel ကေတာ့ ၆.၂လက္မ ေဒါင့္ျဖတ္အထိသာ ကန္႕သတ္ထားပါတယ္။ ဒါေၾကာင့္ ေဘးေဘာင္ေတြကေတာ့ ၾကီးေနတုန္းပါပဲ။ Dual Screen system ေလးကို စမ္းသပ္ခြင့္ရခဲ့တဲ့အတြက္ေၾကာင့္ အားသာခ်က္၊ အားနည္းခ်က္ေလးေတြကို ေျပာျပခ်င္ပါတယ္။

စစခ်င္းေတာ့ ေကာင္းတာေလးေတြ ေျပာရေအာင္။ screen အပိုပါလာတဲ့အပိုင္းမွာေတာ့ ၀ယ္လိုအားရွိနုိင္တယ္္လို႕ ျမင္မိိပါတယ္။ screen ထုတ္လုပ္သူအေတာ္မ်ားမ်ားက အိတ္ေဆာင္အရြယ္ေတြထုတ္ေနၾကပါတယ္။ ေစ်းႏႈန္းကလည္း မနည္းပါဘူး။ တကယ္ေတာ့ LG Dual Screen ပါတဲ့ LG V50 ာ အိတ္ေဆာင္အရြယ္ေလာက္ပါပဲ။ ထူသြားတယ္ဆိုေပမယ့္လည္း သယ္ေဆာင္မႈကို မထိခိုက္ေစပါဘူး။ ေနာက္တစ္ခုကေတာ့ ပတၱာရဲ႕ဒီဇိုင္းပါပဲ။ ၃၆၀ဒီဂရီအထိ လွည့္ႏိုင္ပါတယ္။ ဒါေၾကာင့္ မွန္သဖြယ္အသံုးျပဳႏုိင္လို႕ အျခားသူတစ္ေယာက္က ကိုယ့္ကိုဓါတ္ပံုရုိက္ေပးေနခ်ိန္မွာ ဖရိန္၀င္ရဲ႕လား တကူးတကစစ္ေနဖို႕ မလိုအပ္ေတာ့ပါဘူး။

LG က range အင္မတန္နည္းျပီး bandwidth ခပ္ျမင့္ျမင့္ကိုသံုးထားတဲ့ Wi-Fi chipset ကို ထည့္သြင္းထားလို႕ V50 နဲ႕ second screen ကို ဆက္သြယ္တဲ့ေနရာမွာ ေႏွာင့္ေႏွးမႈမရွိပါဘူး။ V50 plus Dual Screen combo ကို စမ္းသပ္ၾကည့္တဲ့အခ်ိန္မွာ ေႏွးတယ္လို႕ကို မခံစားရလိုက္ရပါဘူး။ desktop မွာ Monitor ႏွစ္လံုးနဲ႕ အလုပ္လုပ္ေနသလို ခံစားရမွာပါ။

V50 ရဲ႕ အေနာက္ဘက္မွာ Pogo pins ေတြ ရွိပါတယ္။ သူတို႕ကေတာ့ Dual Screen case ဆီကို ဖုန္းရဲ႕ပါ၀ါေတြ ခ်ိတ္ဆက္ေပးထားတာပါ။ ဒါေၾကာင့္ second screen အတြက္ ပါ၀ါသက္သက္မလိုအပ္ပါဘူး။ ဒါေပမယ့္ ဘတ္ထရီပမာဏေတာ့ မ်ားမ်ားသံုးလိမ့္မယ္။

အားနည္းခ်က္ကေတာ့ သူတို႕အသစ္ေပးစြမ္းမယ့္အရာေတြက ခန္႕မွန္းလို႕ရေနတယ္။ ပထမဆံုးအေနနဲ႕ screen ႏွစ္ခုက အရည္အေသြးထပ္တူမက်ႏုိင္ေလာက္ဘူး။ color temperature ၊ viewing angle ေတြ ျခားနားေနတယ္။ အရြယ္အစားပိုင္းလည္း သိပ္သေဘာမက်မိဘူး။ LG ရဲ႕ software design က မဆိုးဘူးဆိုေပမယ့္လည္း ဆန္းျပားေနတာေတြေတာ့ ရွိေနေသးတယ္။ on-screen keyboard လိုမ်ိဳးေပ့ါ။ racing game ေဆာ့တဲ့အခါ second-screen ရဲ႕ simulated gamepad controller နဲ႕ အသားမက်တာမ်ိဳး။ မျပည့္စံုတာမ်ိဳးေလးေတြလည္း ရွိတတ္ပါတယ္။

တကယ္လို႕မ်ား LG က software ကို ျပင္လိုက္မယ္ဆိုရင္ . . . ။ LG ဆီကေန ႏွစ္ေပါင္းမ်ားစြာေစာင့္ဆုိင္းေနခဲ့ရတဲ့အရာမဟုတ္လား။ 5G phone လုပ္လိုက္တယ္ဆိုေပမယ့္လည္း သူတို႕၀ယ္လိုက္တဲ့အခ်ိန္မွာ မသံုးႏုိင္ေသးဘူးေလ။ LG Dual Screen ကေတာ့ မက္ေမာစရာနည္းပါတယ္။ ဒါေပမယ့္လည္း အိတ္ေဆာင္အရြယ္ဆိုတာက ေစ်းကြက္ကိုဖမ္းစားႏုိင္မလား ေစာင့္ၾကည့္ရမွာပါ။

LG ကေတာ့ အနာဂတ္ 5G device ေတြမွာ second display ထည့္ဖို႕စီစဥ္ေနပါတယ္။ ဆိုလိုတာက 5G LG phone တုိင္းမွာ Dual Screen ေလးေတြ ပါ၀င္လာေတာ့မွာပါ။ US V50 ၀ယ္သူေတြေတာ့ စိတ္မေကာင္းပါဘူး။ အေမရိကန္ေစ်းကြက္မွာ မရႏုိင္လို႕ပါ။

ေစ်းႏႈန္းကေတာ့ မသိရေသးပါဘူး။ ေသခ်ာတာကေတာ့ V50 plus Dual Screen ကေတာ့ Samsung Galaxy Fold ၊ Huawei Mate X ထက္ေတာ့ သက္သာပါလိမ့္မယ္။

Unicode Version

ချက်ချင်းရနိုင်မယ့် ခေါက်ချိုးစမတ်ဖုန်းလို့ ပြောရမယ်။


ဒီကနေ့မိတ်ဆက်လိုက်တဲ့ LG V50 အသစ်က တော့ Snapdragon 855 processor ၊ ဘတ်ထရီပမာဏခပ်များများ၊ 5G တို့ကို ထည့်သွင်းပေးထားပါတယ်။ ဟုတ်ပါတယ်။ LG ရဲ့ ပထမဆုံး 5G ဖုန်းဖြစ်ပါတယ်။ V50 ဟာ entire second screen နဲ့ ထွက်ရှိလာမယ်လို့ သိရပါတယ်။


LG Dual Screen ဖုန်းလေးဖြစ်ပါတယ်။ ၆.၄လက်မ display ကို အသုံးပြုထားပြီး secondary panel ကတော့ ၆.၂လက်မ ဒေါင့်ဖြတ်အထိသာ ကန့်သတ်ထားပါတယ်။ ဒါကြောင့် ဘေးဘောင်တွေကတော့ ကြီးနေတုန်းပါပဲ။ Dual Screen system လေးကို စမ်းသပ်ခွင့်ရခဲ့တဲ့အတွက်ကြောင့် အားသာချက်၊ အားနည်းချက်လေးတွေကို ပြောပြချင်ပါတယ်။


စစချင်းတော့ ကောင်းတာလေးတွေ ပြောရအောင်။ screen အပိုပါလာတဲ့အပိုင်းမှာတော့ ဝယ်လိုအားရှိနိုင်တယ်လို့ မြင်မိပါတယ်။ screen ထုတ်လုပ်သူအတော်များများက အိတ်ဆောင်အရွယ်တွေထုတ်နေကြပါတယ်။ ဈေးနှုန်းကလည်း မနည်းပါဘူး။ တကယ်တော့ LG Dual Screen ပါတဲ့ LG V50 ာ အိတ်ဆောင်အရွယ်လောက်ပါပဲ။ ထူသွားတယ်ဆိုပေမယ့်လည်း သယ်ဆောင်မှုကို မထိခိုက်စေပါဘူး။ နောက်တစ်ခုကတော့ ပတ္တာရဲ့ဒီဇိုင်းပါပဲ။ ၃၆၀ဒီဂရီအထိ လှည့်နိုင်ပါတယ်။ ဒါကြောင့် မှန်သဖွယ်အသုံးပြုနိုင်လို့ အခြားသူတစ်ယောက်က ကိုယ့်ကိုဓါတ်ပုံရိုက်ပေးနေချိန်မှာ ဖရိန်ဝင်ရဲ့လား တကူးတကစစ်နေဖို့ မလိုအပ်တော့ပါဘူး။
LG က range အင်မတန်နည်းပြီး bandwidth ခပ်မြင့်မြင့်ကိုသုံးထားတဲ့ Wi-Fi chipset ကို ထည့်သွင်းထားလို့ V50 နဲ့ second screen ကို ဆက်သွယ်တဲ့နေရာမှာ နှောင့်နှေးမှုမရှိပါဘူး။ V50 plus Dual Screen combo ကို စမ်းသပ်ကြည့်တဲ့အချိန်မှာ နှေးတယ်လို့ကို မခံစားရလိုက်ရပါဘူး။ desktop မှာ Monitor နှစ်လုံးနဲ့ အလုပ်လုပ်နေသလို ခံစားရမှာပါ။


V50 ရဲ့ အနောက်ဘက်မှာ Pogo pins တွေ ရှိပါတယ်။ သူတို့ကတော့ Dual Screen case ဆီကို ဖုန်းရဲ့ပါဝါတွေ ချိတ်ဆက်ပေးထားတာပါ။ ဒါကြောင့် second screen အတွက် ပါဝါသက်သက်မလိုအပ်ပါဘူး။ ဒါပေမယ့် ဘတ်ထရီပမာဏတော့ များများသုံးလိမ့်မယ်။
အားနည်းချက်ကတော့ သူတို့အသစ်ပေးစွမ်းမယ့်အရာတွေက ခန့်မှန်းလို့ရနေတယ်။ ပထမဆုံးအနေနဲ့ screen နှစ်ခုက အရည်အသွေးထပ်တူမကျနိုင်လောက်ဘူး။ color temperature ၊ viewing angle တွေ ခြားနားနေတယ်။ အရွယ်အစားပိုင်းလည်း သိပ်သဘောမကျမိဘူး။ LG ရဲ့ software design က မဆိုးဘူးဆိုပေမယ့်လည်း ဆန်းပြားနေတာတွေတော့ ရှိနေသေးတယ်။ on-screen keyboard လိုမျိုးပေ့ါ။ racing game ဆော့တဲ့အခါ second-screen ရဲ့ simulated gamepad controller နဲ့ အသားမကျတာမျိုး။ မပြည့်စုံတာမျိုးလေးတွေလည်း ရှိတတ်ပါတယ်။


တကယ်လို့များ LG က software ကို ပြင်လိုက်မယ်ဆိုရင် . . . ။ LG ဆီကနေ နှစ်ပေါင်းများစွာစောင့်ဆိုင်းနေခဲ့ရတဲ့အရာမဟုတ်လား။ 5G phone လုပ်လိုက်တယ်ဆိုပေမယ့်လည်း သူတို့ဝယ်လိုက်တဲ့အချိန်မှာ မသုံးနိုင်သေးဘူးလေ။ LG Dual Screen ကတော့ မက်မောစရာနည်းပါတယ်။ ဒါပေမယ့်လည်း အိတ်ဆောင်အရွယ်ဆိုတာက ဈေးကွက်ကိုဖမ်းစားနိုင်မလား စောင့်ကြည့်ရမှာပါ။
LG ကတော့ အနာဂတ် 5G device တွေမှာ second display ထည့်ဖို့စီစဉ်နေပါတယ်။ ဆိုလိုတာက 5G LG phone တိုင်းမှာ Dual Screen လေးတွေ ပါဝင်လာတော့မှာပါ။ US V50 ဝယ်သူတွေတော့ စိတ်မကောင်းပါဘူး။ အမေရိကန်ဈေးကွက်မှာ မရနိုင်လို့ပါ။
ဈေးနှုန်းကတော့ မသိရသေးပါဘူး။ သေချာတာကတော့ V50 plus Dual Screen ကတော့ Samsung Galaxy Fold ၊ Huawei Mate X ထက်တော့ သက်သာပါလိမ့်မယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.