Posted on Leave a comment

အားအျပည့္သြင္းထားရင္ ရက္ ၅၀ ေလာက္ အသံုးခံတဲ့ Energizer ရဲ႕ ဖုန္း

MWC မွာ Energizer က ဖုန္း အသစ္တစ္လံုးကို ျပသလိုက္ပါတယ္။ သူ႔ရဲ႕ ဖုန္းဟာ စြမ္းရည္အျမင့္ဆံုး ဘက္ထရီပါတဲ့ ဖုန္းလို႔ ေျပာပါတယ္။ Energizer Power Max P18K Pop လို႔ အမည္ေပးထားၿပီး တစ္ခါအားသြင္းထားရင္ ၂ ရက္ၾကာ ဗီဒီယိုမ်ားကို ၾကည့္ရႈႏုိင္တယ္လို႔ ကုမၸဏီက ေျပာပါတယ္။ Standby သံုးရင္ ရက္ေပါင္း ၅၀ အသံုးခံပါတယ္။

သူဟာ အျခား ကိရိယာမ်ားကိုလည္း အားသြင္းေပးနိုင္တဲ့ အတြက္ သူ႔ကို ပါ၀ါဘန္႔လိုပါ အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။ ဘက္ထရီက အရြယ္အစား အရမ္းႀကီးမားတဲ့ အတြက္ သူဟာ အထူဆံုး စမတ္ဖုန္း ျဖစ္လာပါတယ္။ ကုမၸဏီက သူ႔ရဲ႕ အထူကို မေျပာေပမယ့္ ၁၈ မီလီမီတာေလာက္ ရွိတယ္လို႔ Gsmarena က ေျပာပါတယ္။

သူ႔မွာ မ်က္ႏွာျပင္ အခ်ိဳး 18:9 ရွိတဲ့ ၆.၂ လက္မ Full HD+ Display ထည့္သြင္းထားပါတယ္။ MediaTek Helio P70 Processor ေမာင္းနွင္ထားပါတယ္။ 6GB RAM , 128GB Storage မ်ား ထည့္သြင္းထားပါတယ္။ 128GB အထိ ၀င္ဆန္႔တဲ့ microSD Card စိုက္ႏုိင္ပါတယ္။ အေနာက္ဘက္ ကင္မရာ သံုးလံုး က 12+5+2MP မ်ား ျဖစ္ပါတယ္။ အေရွ႕ဘက္မွာ 16+2MP Dual Camera ကို Pop-up Design အသံုးျပဳထားပါတယ္။ သူ႔ရဲ႕ ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္ အခ်ိန္ကို မသိရေသးပါဘူး။

unicode

အားအပြည့်သွင်းထားရင် ရက် ၅၀ လောက် အသုံးခံတဲ့ Energizer ရဲ့ ဖုန်း

MWC မှာ Energizer က ဖုန်း အသစ်တစ်လုံးကို ပြသလိုက်ပါတယ်။ သူ့ရဲ့ ဖုန်းဟာ စွမ်းရည်အမြင့်ဆုံး ဘက်ထရီပါတဲ့ ဖုန်းလို့ ပြောပါတယ်။ Energizer Power Max P18K Pop လို့ အမည်ပေးထားပြီး တစ်ခါအားသွင်းထားရင် ၂ ရက်ကြာ ဗီဒီယိုများကို ကြည့်ရှုနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Standby သုံးရင် ရက်ပေါင်း ၅၀ အသုံးခံပါတယ်။

သူဟာ အခြား ကိရိယာများကိုလည်း အားသွင်းပေးနိုင်တဲ့ အတွက် သူ့ကို ပါဝါဘန့်လိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီက အရွယ်အစား အရမ်းကြီးမားတဲ့ အတွက် သူဟာ အထူဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။ ကုမ္ပဏီက သူ့ရဲ့ အထူကို မပြောပေမယ့် ၁၈ မီလီမီတာလောက် ရှိတယ်လို့ Gsmarena က ပြောပါတယ်။

သူ့မှာ မျက်နှာပြင် အချိုး 18:9 ရှိတဲ့ ၆.၂ လက်မ Full HD+ Display ထည့်သွင်းထားပါတယ်။ MediaTek Helio P70 Processor မောင်းနှင်ထားပါတယ်။ 6GB RAM , 128GB Storage များ ထည့်သွင်းထားပါတယ်။ 128GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။

အနောက်ဘက် ကင်မရာ သုံးလုံး က 12+5+2MP များ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 16+2MP Dual Camera ကို Pop-up Design အသုံးပြုထားပါတယ်။ သူ့ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.