Knowledge Smartphone Smartphone Social Trending

ဆမ္ေဆာင္းသံုးထားတဲ့ ultrasonic fingerprint reader က ဘာေတြေကာင္းေနလို႕လဲ

Zawgyi Version

အသံလိိႈင္းကိုအသံုးျပဳထားတဲ့ လက္ေဗြစနစ္ကို ေတြ႕ျမင္ရပါတယ္။ ဒီနည္းပညာဟာ အေတာ္ေလးကို တိက်မယ္လို႕ ေျပာဆိုေနၾကပါတယ္။ ျမန္ဆန္တယ္၊ ခ်က္ခ်င္းဆိုသလို ေလာ့ခ္ဖြင့္ေပးႏုိင္လိမ့္မယ္။ လက္ေခ်ာင္းေတြဟာ ေခၽြးစို၊ ေရစို၊ ဖုန္တင္ေနမလား။ အဆင္ေျပပါတယ္။ အရာအားလံုးက သင့္လက္ေခ်ာင္းအေပၚမွာ မူတည္ေနပါတယ္။ လံုျခံဳဖို႕အတြက္ ေသာ့တစ္ေခ်ာင္းလိုအပ္တယ္ဆိုရင္ သင့္အတြက္ကေတာ့ သင့္လက္ေခ်ာင္းေလးေတြကိုပဲ ထိန္းသိမ္းရမွာပါ။ ဒါဟာ သင္ပိုင္ဆုိင္ထားတဲ့ သူမတူတဲ့ပိုင္ဆုိင္မႈတစ္ခုပါပဲ။ Qualcomm ရဲ႕ အသံလိႈင္းသံုးလက္ေဗြစနစ္ကေတာ့ သင့္လက္ေခ်ာင္းရဲ႕အသံလိႈင္းကို အသံုးျပဳျပီး သံုးဖက္ျမင္ရုပ္ၾကြအေနနဲ႕ လက္ခံသိမ္းဆည္းထားမွာျဖစ္ပါတယ္။ ဒီေတာ့ ဘယ္လိုမ်ိဳး အလုပ္လုပ္သလဲ။ ဖုန္းအခ်ိဳ႕မွာ ေတြ႕ျမင္ေနရတဲ့ optical sensor ထက္ ပိုေကာင္းတယ္လို႕ ဘာေၾကာင့္မ်ားစဥ္းစားေနၾကတာလဲ။ Optical နဲ႕ ultrasonic fingerprint reader နွစ္ခုလံုးကေတာ့ 0.2mm sensor ေတြကုိ အသံုးျပဳထားပါတယ္။ ဖန္သားျပင္ေအာက္မွာ နည္းပညာသံုးအလႊာေပါင္းမ်ားစြာရွိေနပါတယ္။ ဖန္သားျပင္ကိုထိလိုက္တဲ့အခ်ိန္မွာ လက္ကေန လွ်ပ္စစ္္လိႈ္င္းအေသးစားေလး ထုတ္လႊတ္ပါတယ္။ အဲဒီလိႈင္းေလးက sensor ကို လႈပ္ႏိႈးျပီးေတာ့ လက္ေဗြကိုစတင္ဖတ္ရွဳပါတယ္။ အေရးပါတဲ့အပိုင္းကေတာ့ အခုမွစတာပါ။ sensor ဘယ္လိုဖတ္သလဲဆုိတာပါပဲ။ optical sensor ကေတာ့ 2D အေနနဲ႕ ဖတ္ပါတယ္။ သူဟာ display ကို အသံုးခ်ျပီးေတာ့ အလင္းျပန္ေစပါတယ္။ အလင္းလိႈ္င္းကိုအသံုးျပဳျပီးေတာ့ မွတ္သားျခင္းျဖစ္ပါတယ္။ အရင္မွတ္သားထားတဲ့ပံုရိပ္နဲ႕ ေနာက္ထပ္အသံုးျပဳတဲ့အခါ တုိက္ဆုိင္စစ္ေဆးပါတယ္။ ultrasonic sensor ကေတာ့ ၾကိမ္ႏႈန္းျမင့္အသံလိႈင္းကိုအသံုးျပဳျခင္းျဖစ္ပါတယ္။ ဒါဟာ သားေကာင္ကို အသံနဲ႕ လင္းပိုင္ေတြရွာတဲ့နည္းနဲ႕ ဆက္ႏြယ္ေနပါတယ္။ မ်က္ႏွာျပင္ကိုထိလိုက္တယ္။ sensor နိုးလာတယ္။ အသံလိႈင္းကိုလက္ဆီပို႕လႊတ္ျပီး ဖတ္လိုက္မယ္။ အသံလိႈင္းေတြက အေရျပားရဲ႕ ပထမဆံုးအလႊာကို ေလးမီလီမီတာအထိ ထိုးေဖာက္လိုက္ပါတယ္။ အသံလိႈင္းဆိုတာအရည္ေတြကိုလည္း ထိုးေဖာက္ႏုိင္ပါတယ္။ ဒါေၾကာင့္ စိုစြတ္ေနရင္ေတာင္ အလုပ္ျဖစ္ပါတယ္။ အသံလိႈင္းေတြျပန္ရုိက္ခတ္သြားတဲ့အခ်ိန္မွာ sensor module ေတြက လိႈင္းအလ်ားကို လွ်ပ္စစ္အခ်က္ျပစနစ္အျဖစ္ေျပာင္းျပီးေတာ့ လက္ေဗြစနစ္ကို မွတ္တမ္းတင္ပါတယ္။ ေနာက္ဆံုးမွာေတာ့ သံုးဖက္ျမင္ရုပ္ၾကြအေနနဲ႕ ေျာင္းလဲလိုက္ပါတယ္။ ဒီေတာ့ optical sensor ေလာက္ အရူးလုပ္ဖို႕ မလြယ္ေတာ့ပါဘူး။ optical sensor သံုးထားတဲ့ဖုန္းေတြက လက္ေဗြဖတ္ဖို႕အတြက္ စကၠန္႕ပိုင္းအခ်ိန္ယူရေပမယ့္လည္း အသံလိႈင္းနည္းပညာကေတာ့ မလိုအပ္ေတာ့ပါဘူး။ ဒါေပမယ့္ ultrasonic fingerprint scanner ေတြမွာလည္း ကန္႕သတ္ခ်က္ရွိတယ္။ သူတို႕ဟာ flexible OLEDနဲ႕ပဲ ေပါင္းစပ္ႏုိင္ပါတယ္။ ဒါေၾကာင့္ စြမ္းေဆာင္ရည္ျမင့္ဖုန္းေတြမွာသာ အလုုပ္လုပ္ႏုိင္မွာပါ။ display ေတြ ေစ်းသက္သာလာမယ္ဆိုရင္ေတာ့ Qualcomm ရဲ႕နည္းပညာက ဖုန္းအမ်ားစုေပၚမွာ သက္ေရာက္လာမယ္လို႕ ေမွ်ာ္လင့္ပါတယ္။ ဗြီဒီယိုေလးကိုလည္း ရွဳစားၾကည့္ပါဦး။

Unicode Version

အသံလှိုင်းကိုအသုံးပြုထားတဲ့ လက်ဗွေစနစ်ကို တွေ့မြင်ရပါတယ်။ ဒီနည်းပညာဟာ အတော်လေးကို တိကျမယ်လို့ ပြောဆိုနေကြပါတယ်။ မြန်ဆန်တယ်၊ ချက်ချင်းဆိုသလို လော့ခ်ဖွင့်ပေးနိုင်လိမ့်မယ်။ လက်ချောင်းတွေဟာ ချွေးစို၊ ရေစို၊ ဖုန်တင်နေမလား။ အဆင်ပြေပါတယ်။ အရာအားလုံးက သင့်လက်ချောင်းအပေါ်မှာ မူတည်နေပါတယ်။ လုံခြုံဖို့အတွက် သော့တစ်ချောင်းလိုအပ်တယ်ဆိုရင် သင့်အတွက်ကတော့ သင့်လက်ချောင်းလေးတွေကိုပဲ ထိန်းသိမ်းရမှာပါ။ ဒါဟာ သင်ပိုင်ဆိုင်ထားတဲ့ သူမတူတဲ့ပိုင်ဆိုင်မှုတစ်ခုပါပဲ။ Qualcomm ရဲ့ အသံလှိုင်းသုံးလက်ဗွေစနစ်ကတော့ သင့်လက်ချောင်းရဲ့အသံလှိုင်းကို အသုံးပြုပြီး သုံးဖက်မြင်ရုပ်ကြွအနေနဲ့ လက်ခံသိမ်းဆည်းထားမှာဖြစ်ပါတယ်။ ဒီတော့ ဘယ်လိုမျိုး အလုပ်လုပ်သလဲ။ ဖုန်းအချို့မှာ တွေ့မြင်နေရတဲ့ optical sensor ထက် ပိုကောင်းတယ်လို့ ဘာကြောင့်များစဉ်းစားနေကြတာလဲ။ Optical နဲ့ ultrasonic fingerprint reader နှစ်ခုလုံးကတော့ 0.2mm sensor တွေကို အသုံးပြုထားပါတယ်။ ဖန်သားပြင်အောက်မှာ နည်းပညာသုံးအလွှာပေါင်းများစွာရှိနေပါတယ်။ ဖန်သားပြင်ကိုထိလိုက်တဲ့အချိန်မှာ လက်ကနေ လျှပ်စစ်လှိုင်းအသေးစားလေး ထုတ်လွှတ်ပါတယ်။ အဲဒီလှိုင်းလေးက sensor ကို လှုပ်နှိုးပြီးတော့ လက်ဗွေကိုစတင်ဖတ်ရှုပါတယ်။ အရေးပါတဲ့အပိုင်းကတော့ အခုမှစတာပါ။ sensor ဘယ်လိုဖတ်သလဲဆိုတာပါပဲ။ optical sensor ကတော့ 2D အနေနဲ့ ဖတ်ပါတယ်။ သူဟာ display ကို အသုံးချပြီးတော့ အလင်းပြန်စေပါတယ်။ အလင်းလှိုင်းကိုအသုံးပြုပြီးတော့ မှတ်သားခြင်းဖြစ်ပါတယ်။ အရင်မှတ်သားထားတဲ့ပုံရိပ်နဲ့ နောက်ထပ်အသုံးပြုတဲ့အခါ တိုက်ဆိုင်စစ်ဆေးပါတယ်။ ultrasonic sensor ကတော့ ကြိမ်နှုန်းမြင့်အသံလှိုင်းကိုအသုံးပြုခြင်းဖြစ်ပါတယ်။ ဒါဟာ သားကောင်ကို အသံနဲ့ လင်းပိုင်တွေရှာတဲ့နည်းနဲ့ ဆက်နွယ်နေပါတယ်။ မျက်နှာပြင်ကိုထိလိုက်တယ်။ sensor နိုးလာတယ်။ အသံလှိုင်းကိုလက်ဆီပို့လွှတ်ပြီး ဖတ်လိုက်မယ်။ အသံလှိုင်းတွေက အရေပြားရဲ့ ပထမဆုံးအလွှာကို လေးမီလီမီတာအထိ ထိုးဖောက်လိုက်ပါတယ်။ အသံလှိုင်းဆိုတာအရည်တွေကိုလည်း ထိုးဖောက်နိုင်ပါတယ်။ ဒါကြောင့် စိုစွတ်နေရင်တောင် အလုပ်ဖြစ်ပါတယ်။ အသံလှိုင်းတွေပြန်ရိုက်ခတ်သွားတဲ့အချိန်မှာ sensor module တွေက လှိုင်းအလျားကို လျှပ်စစ်အချက်ပြစနစ်အဖြစ်ပြောင်းပြီးတော့ လက်ဗွေစနစ်ကို မှတ်တမ်းတင်ပါတယ်။ နောက်ဆုံးမှာတော့ သုံးဖက်မြင်ရုပ်ကြွအနေနဲ့ ေြာင်းလဲလိုက်ပါတယ်။ ဒီတော့ optical sensor လောက် အရူးလုပ်ဖို့ မလွယ်တော့ပါဘူး။ optical sensor သုံးထားတဲ့ဖုန်းတွေက လက်ဗွေဖတ်ဖို့အတွက် စက္ကန့်ပိုင်းအချိန်ယူရပေမယ့်လည်း အသံလှိုင်းနည်းပညာကတော့ မလိုအပ်တော့ပါဘူး။ ဒါပေမယ့် ultrasonic fingerprint scanner တွေမှာလည်း ကန့်သတ်ချက်ရှိတယ်။ သူတို့ဟာ flexible OLEDနဲ့ပဲ ပေါင်းစပ်နိုင်ပါတယ်။ ဒါကြောင့် စွမ်းဆောင်ရည်မြင့်ဖုန်းတွေမှာသာ အလုပ်လုပ်နိုင်မှာပါ။ display တွေ ဈေးသက်သာလာမယ်ဆိုရင်တော့ Qualcomm ရဲ့နည်းပညာက ဖုန်းအများစုပေါ်မှာ သက်ရောက်လာမယ်လို့ မျှော်လင့်ပါတယ်။ ဗွီဒီယိုလေးကိုလည်း ရှုစားကြည့်ပါဦး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.