Gadget Smartphone Trending

စမတ္နာရီလိုေရာ ဖုန္းလိုပါ သံုးႏုိင္မယ့္ Nubia Alpha

စမတ္ဖုန္း ကုမၸဏီမ်ားက စမတ္ဖုန္းလိုေရာ တက္ဘလက္လိုပါ အသံုးျပဳႏုိင္တဲ့ ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ေၾကညာေနၾကပါတယ္။ ဒါေပမယ့္ Nubia ကေတာ့ စမတ္နာရီလိုေရာ ဖုန္းလိုပါ သံုးႏုိင္မယ့္ Nubia Alpha ကို ေၾကညာလိုက္ပါတယ္။ အျခား စမတ္နာရီမ်ားလို လက္မွာ ၀တ္ဆင္ သံုးရမွာပါ။ သူ႔မွာ ၄ လက္မ 960x192p OLED Screen ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္က ရွည္လ်ားပါတယ္။

သူ႔မွာ Snapdragon Wear 2100 Chipset ထည့္ထားတဲ့ အတြက္ သူဟာ စမတ္နာရီလို႔ပဲ ေျပာရမွာ ျဖစ္ပါတယ္။ ၁ ရက္ကေန ၂ ရက္ အထိ အသံုးခံတဲ့ 500mAh Battery ထည့္သြင္းထားပါတယ္။ 1GB RAM , 8GB Storage ထည့္သြင္းထားၿပီး သီခ်င္း အပုဒ္ေရ ၁၀၀၀ သိမ္းထားႏိုင္ပါတယ္။ Custom OS ထည့္သြင္းထားၿပီး Motion Gesture မ်ားနဲ႔ အသံုးျပဳႏိုင္ပါတယ္။

အျခား စမတ္နာရီမ်ားလိုပဲ သူက ကိုယ္လက္လႈပ္ရွားမႈမ်ားကို တိုင္းတာေပးႏုိင္ပါတယ္။ ႏွလံုးခုန္ႏႈန္း နဲ႔ အိပ္စက္မႈကို တိုင္းတာေပးႏုိင္ပါတယ္။ Video Call  နဲ႔ ဓါတ္ပံုရိုက္ဖို႔ အတြက္ 5MP Camera ပါပါတယ္။ ကိုယ္ထည္ကို Stainless Steel နဲ႔ တည္ေဆာက္ထားပါတယ္။ ေရႊ ၁၈ ကာရက္နဲ႔ ဖန္တီးထားတဲ့ Gold Version လည္း ထုတ္လုပ္ထားပါတယ္။ ဗားရွင္းႏွစ္ခုစလံုးဟာ ေရစိုခံပါတယ္။

eSIM Version မွာ ဖုန္း ေျပာႏိုင္ၿပီး 4G LTE ကို အသံုးျပဳႏိုင္ပါတယ္။ ေနာက္ဗားရွင္းတစ္ခုကေတာ့ ဖုန္းနဲ႔ ဘလူးတုကေန ဆက္သြယ္ အသံုးျပဳႏိုင္ပါတယ္။ ၀ိုင္ဖိုင္ ဆက္သြယ္မႈကေန အင္တာနက္ သံုးႏုိင္ပါတယ္။ eSIM Version ကို ယူရို ၅၅၀ နဲ႔ ေရႊ႔ဗားရွင္းကို ယူရို ၆၅၀ သတ္မွတ္ထားပါတယ္။ ဘလူးတု ဗားရွင္းကို ဧၿပီလမွာ ယူရို ၄၅၀ နဲ႔ ေရာင္းေပးမွာပါ။

unicode

စမတ်နာရီလိုရော ဖုန်းလိုပါ သုံးနိုင်မယ့် Nubia Alpha

စမတ်ဖုန်း ကုမ္ပဏီများက စမတ်ဖုန်းလိုရော တက်ဘလက်လိုပါ အသုံးပြုနိုင်တဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ကြေညာနေကြပါတယ်။ ဒါပေမယ့် Nubia ကတော့ စမတ်နာရီလိုရော ဖုန်းလိုပါ သုံးနိုင်မယ့် Nubia Alpha ကို ကြေညာလိုက်ပါတယ်။ အခြား စမတ်နာရီများလို လက်မှာ ဝတ်ဆင် သုံးရမှာပါ။ သူ့မှာ ၄ လက်မ 960x192p OLED Screen ထည့်သွင်းထားပါတယ်။ မျက်နှာပြင်က ရှည်လျားပါတယ်။

သူ့မှာ Snapdragon Wear 2100 Chipset ထည့်ထားတဲ့ အတွက် သူဟာ စမတ်နာရီလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ၁ ရက်ကနေ ၂ ရက် အထိ အသုံးခံတဲ့ 500mAh Battery ထည့်သွင်းထားပါတယ်။ 1GB RAM , 8GB Storage ထည့်သွင်းထားပြီး သီချင်း အပုဒ်ရေ ၁၀၀၀ သိမ်းထားနိုင်ပါတယ်။ Custom OS ထည့်သွင်းထားပြီး Motion Gesture များနဲ့ အသုံးပြုနိုင်ပါတယ်။

အခြား စမတ်နာရီများလိုပဲ သူက ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးနိုင်ပါတယ်။ နှလုံးခုန်နှုန်း နဲ့ အိပ်စက်မှုကို တိုင်းတာပေးနိုင်ပါတယ်။ Video Call  နဲ့ ဓါတ်ပုံရိုက်ဖို့ အတွက် 5MP Camera ပါပါတယ်။ ကိုယ်ထည်ကို Stainless Steel နဲ့ တည်ဆောက်ထားပါတယ်။ ရွှေ ၁၈ ကာရက်နဲ့ ဖန်တီးထားတဲ့ Gold Version လည်း ထုတ်လုပ်ထားပါတယ်။ ဗားရှင်းနှစ်ခုစလုံးဟာ ရေစိုခံပါတယ်။

eSIM Version မှာ ဖုန်း ပြောနိုင်ပြီး 4G LTE ကို အသုံးပြုနိုင်ပါတယ်။ နောက်ဗားရှင်းတစ်ခုကတော့ ဖုန်းနဲ့ ဘလူးတုကနေ ဆက်သွယ် အသုံးပြုနိုင်ပါတယ်။ ဝိုင်ဖိုင် ဆက်သွယ်မှုကနေ အင်တာနက် သုံးနိုင်ပါတယ်။ eSIM Version ကို ယူရို ၅၅၀ နဲ့ ရွှေ့ဗားရှင်းကို ယူရို ၆၅၀ သတ်မှတ်ထားပါတယ်။ ဘလူးတု ဗားရှင်းကို ဧပြီလမှာ ယူရို ၄၅၀ နဲ့ ရောင်းပေးမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.