Smartphone Trending

Xiaomi က Snapdragon 855 ပါတဲ့ Mi Mix 3 5G ကို ေၾကညာၿပီ

MWC 2019 မွာ ေရွာင္မီက Mi Mix 3 5G ကို တရား၀င္ ေၾကညာလိုက္ပါၿပီ။ သူ႔မွာ Mi Mix 3 ရဲ႕ Snapdragon 845 အစား 855 နဲ႔ အဆင့္ျမွင့္ထားပါတယ္။ 855 မွာ Qualcomm ရဲ႕ X50 5G Modem ပါပါတယ္။ ေစ်းကလည္း အနည္းငယ္ပိုျမင့္သြားၿပီး 6/64GB Version ကို ယူရို ၅၀၀ အစား ယူရို ၅၉၉ ျဖစ္သြားပါတယ္။ ေမလမွာ ေရာင္းခ်မွာပါ။ အျခား Specs မ်ားက မူလ Mi Mix 3 နဲ႔ တူညီပါတယ္။

သူ႔မွာ Selfie Slider Camera နဲ႔ စြမ္းရည္ျမင့္ အစိတ္အပိုင္းမ်ား ပါပါတယ္။ သူ႔မွာ ၆.၄ လက္မ AMOLED Full HD+ Display ထည့္သြင္းထားၿပီး Screen-to-body Ratio မွာ ၉၃.၄ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ Slider မွာ 24+2MP Camera မ်ားကို တပ္ဆင္ထားၿပီး ေရွာင္မီက Low Light မွာ စြမ္းရည္ အလြန္ျမင့္မားတယ္လို႔ ေျပာပါတယ္။အေနာက္ဘက္မွာ 12+2MP Camera မ်ား ထည့္ေပးထားပါတယ္။ AI Scene Recognition နဲ႔ AI Engine က ေထာက္ကူထားတဲ့ 960fps Slow-mo Video မ်ား ပါပါတယ္။

microSD Card Slot , 3.5mm Audio Jack မ်ား မပါပါဘူး။ USB-C Port ကေန လွ်င္ျမန္စြာ အားသြင္းႏုိင္သလို 10W Wireless Charging လည္း ပါပါတယ္။   MIUI 10 ထည့္သြင္းထားၿပီး Xiao AI Assistant ကို ဆင့္ေခၚႏုိင္တဲ့ ခလုတ္တစ္ခုကို ဘယ္ဘက္မွာ ထည့္ထားပါတယ္။ Xiao က တရုတ္လိုသာ နားလည္ပါတယ္။

unicode

Xiaomi က Snapdragon 855 ပါတဲ့ Mi Mix 3 5G ကို ကြေညာပြီ

MWC 2019 မှာ ရှောင်မီက Mi Mix 3 5G ကို တရားဝင် ကြေညာလိုက်ပါပြီ။ သူ့မှာ Mi Mix 3 ရဲ့ Snapdragon 845 အစား 855 နဲ့ အဆင့်မြှင့်ထားပါတယ်။ 855 မှာ Qualcomm ရဲ့ X50 5G Modem ပါပါတယ်။ ဈေးကလည်း အနည်းငယ်ပိုမြင့်သွားပြီး 6/64GB Version ကို ယူရို ၅၀၀ အစား ယူရို ၅၉၉ ဖြစ်သွားပါတယ်။ မေလမှာ ရောင်းချမှာပါ။ အခြား Specs များက မူလ Mi Mix 3 နဲ့ တူညီပါတယ်။

သူ့မှာ Selfie Slider Camera နဲ့ စွမ်းရည်မြင့် အစိတ်အပိုင်းများ ပါပါတယ်။ သူ့မှာ ၆.၄ လက်မ AMOLED Full HD+ Display ထည့်သွင်းထားပြီး Screen-to-body Ratio မှာ ၉၃.၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ Slider မှာ 24+2MP Camera များကို တပ်ဆင်ထားပြီး ရှောင်မီက Low Light မှာ စွမ်းရည် အလွန်မြင့်မားတယ်လို့ ပြောပါတယ်။အနောက်ဘက်မှာ 12+2MP Camera များ ထည့်ပေးထားပါတယ်။ AI Scene Recognition နဲ့ AI Engine က ထောက်ကူထားတဲ့ 960fps Slow-mo Video များ ပါပါတယ်။

microSD Card Slot , 3.5mm Audio Jack များ မပါပါဘူး။ USB-C Port ကနေ လျှင်မြန်စွာ အားသွင်းနိုင်သလို 10W Wireless Charging လည်း ပါပါတယ်။ MIUI 10 ထည့်သွင်းထားပြီး Xiao AI Assistant ကို ဆင့်ခေါ်နိုင်တဲ့ ခလုတ်တစ်ခုကို ဘယ်ဘက်မှာ ထည့်ထားပါတယ်။ Xiao က တရုတ်လိုသာ နားလည်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.