Posted on Leave a comment

Intel 5G Modem Chip မ်ား ေနာက္က်မႈေၾကာင့္ 5G iPhone ထြက္တာေနာက္က်မည္

အန္းဒရြိဳက္ ကုမၸဏီမ်ားကေတာ့ Apple ထက္ ေစာစီးစြာ ၂၀၁၉ ခုႏွစ္မွာ 5G Handsets မ်ားကို ေရာင္းခ်မွာ ျဖစ္ပါတယ္။ Oppo , LG, Samsung, Huawei , Lenovo , Sony , Xiaomi တို႔က ၂၀၁၉ ခုႏွစ္မွာ 5G Handsets မ်ားကို ေရာင္းခ်မယ္လို႔ ေၾကညာထားၾကပါတယ္။ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔မွာ 5G ကြန္ယက္မ်ားကို အေစာဆံုး အသံုးျပဳႏုိင္ၾကမွာ ျဖစ္ပါတယ္။ ဖြံ႕ၿဖိဳးဆဲနုိင္ငံမ်ားမွာေတာ့ 5G ကြန္ယက္ကို အသံုးျပဳဖို႔ ေနာက္က်ဦးမွာ ျဖစ္ပါတယ္။

အခုေတာ့ Intel က အိုင္ဖုန္း အတြက္ 5G Modem ကို ၂၀၂၀ ခုႏွစ္ မတိုင္ခင္မွာ ေရာင္းခ်ေပးႏုိင္မွာ မဟုတ္ဘူးလို႔ ေၾကညာလိုက္ပါတယ္။ အဲဒီအတြက္ 5G iPhone မ်ားကို ၂၀၂၀ ခုႏွစ္ မတိုင္ခင္မွာ ေရာင္းခ်ႏုိင္မွာ မဟုတ္ပါဘူး။

ယခင္ႏွစ္ ေႏွာင္းပိုင္းက Fast Company က ရရွိတဲ့ သတင္းအခ်က္အလက္မ်ားအရ Apple က Intel 8161 5G Modem Chip ကို အသံုးျပဳမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ Intel က အပူလြန္ကဲတဲ့ ျပႆနာမ်ားနဲ႔ ရင္ဆိုင္ေနရတယ္လို႔ သတင္းထြက္ခဲ့ပါတယ္။FCC က ၿပီးခဲ့တဲ့ ႏွစ္မွာ 5G နည္းပညာကို စမ္းသပ္ဖို႔ Apple အား ခြင့္ျပဳခ်က္ေပးခဲ့ပါတယ္။ Apple ဟာ Intel ရဲ႕ Modem မ်ားကို အဓိက ၀ယ္ယူေနသူ ျဖစ္ပါတယ္။ ဒါေပမယ့္ Apple က ၂၀၂၀ ခုႏွစ္ထုတ္ အိုင္ဖုန္းမ်ားမွာ Intel ရဲ႕ Bluetooth နဲ႔ WiFi Chip မ်ားကို အသံုးျပဳမွာ မဟုတ္ဘူးလို႔ သတင္းထြက္ေနပါတယ္။

unicode

Intel 5G Modem Chip များ နောက်ကျမှုကြောင့် 5G iPhone ထွက်တာနောက်ကျမည်

အန်းဒရွိုက် ကုမ္ပဏီများကတော့ Apple ထက် စောစီးစွာ ၂၀၁၉ ခုနှစ်မှာ 5G Handsets များကို ရောင်းချမှာ ဖြစ်ပါတယ်။ Oppo , LG, Samsung, Huawei , Lenovo , Sony , Xiaomi တို့က ၂၀၁၉ ခုနှစ်မှာ 5G Handsets များကို ရောင်းချမယ်လို့ ကြေညာထားကြပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့မှာ 5G ကွန်ယက်များကို အစောဆုံး အသုံးပြုနိုင်ကြမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာတော့ 5G ကွန်ယက်ကို အသုံးပြုဖို့ နောက်ကျဦးမှာ ဖြစ်ပါတယ်။

အခုတော့ Intel က အိုင်ဖုန်း အတွက် 5G Modem ကို ၂၀၂၀ ခုနှစ် မတိုင်ခင်မှာ ရောင်းချပေးနိုင်မှာ မဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။ အဲဒီအတွက် 5G iPhone များကို ၂၀၂၀ ခုနှစ် မတိုင်ခင်မှာ ရောင်းချနိုင်မှာ မဟုတ်ပါဘူး။

ယခင်နှစ် နှောင်းပိုင်းက Fast Company က ရရှိတဲ့ သတင်းအချက်အလက်များအရ Apple က Intel 8161 5G Modem Chip ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Intel က အပူလွန်ကဲတဲ့ ပြဿနာများနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းထွက်ခဲ့ပါတယ်။FCC က ပြီးခဲ့တဲ့ နှစ်မှာ 5G နည်းပညာကို စမ်းသပ်ဖို့ Apple အား ခွင့်ပြုချက်ပေးခဲ့ပါတယ်။ Apple ဟာ Intel ရဲ့ Modem များကို အဓိက ဝယ်ယူနေသူ ဖြစ်ပါတယ်။ ဒါပေမယ့် Apple က ၂၀၂၀ ခုနှစ်ထုတ် အိုင်ဖုန်းများမှာ Intel ရဲ့ Bluetooth နဲ့ WiFi Chip များကို အသုံးပြုမှာ မဟုတ်ဘူးလို့ သတင်းထွက်နေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.