Smartphone Trending

သိန္း ၄၀ ေလာက္ရွိတဲ့ Huawei ရဲ႕ ေခါက္ခ်ိဳး 5G Mate X

Samsung က သူ႔ရဲ႕ ေခါက္ခ်ိဳး ဖုန္းကို မၾကာခင္ကပဲ ေၾကညာခဲ့ပါတယ္။ အခုေတာ့ သူ႔ထက္ ပါးလႊာၿပီး အရြယ္ပိုႀကီးတဲ့ မ်က္ႏွာျပင္ပါတဲ့ ေခါက္ခ်ိဳးဖုန္းကို ဟြာေ၀းက ျပသလိုက္ပါၿပီ။ Huawei Mate X ကို ျဖန္႔ထားရင္ ၈ လက္မ 2480x2200p Display ကို သံုးႏုိင္ပါတယ္။ ေခါက္ခ်ိဳးၿပီး သံုးရင္ ၆.၆ လက္မ 2480x1148p Display ကို သံုးႏုိင္ပါတယ္။

ေခါက္ခ်ိဳးထားရင္ အေနာက္ဘက္က မ်က္ႏွာျပင္ကိုလည္း သံုးႏုိင္ပါတယ္။ အဲဒီအတြက္ အေနာက္ကင္မရာမ်ားကေန အရည္အေသြးျမင့္ ဆဲလ္ဖီးမ်ား ရိုက္ကူးႏိုင္ပါတယ္။ အေနာက္ကင္မရာ သံုးလံုးပါၿပီး သူ႔ရဲ႕ Specs မ်ားကို ဟြာေ၀းက မေျပာေသးပါဘူး။ Leica Camera မ်ား ပါလာမွာပါ။  ေခါက္ခ်ိဳးထားရင္ ၁၁ မီလီမီတာ အထူ ရွိပါတယ္။ ျဖန္႔ထားရင္ ၅.၄ မီလီမီတာ အထူ ရွိပါတယ္။ Huawei ကိုယ္တိုင္ထုတ္ထားတဲ့ Kirin 980 Processor ထည့္ထားပါတယ္။ 4500mAh Battery ပါပါတယ္။

5G ဆက္သြယ္မႈ အတြက္ Huawei Balong 5000 5G Modem ကို ထည့္သြင္းထားပါတယ္။ 55W SuperCharge ပါၿပီး အားသြင္းအျမန္ဆံုး စမတ္ဖုန္း ျဖစ္လာပါတယ္။ မိနစ္ ၃၀ အတြင္းမွာ ၈၅ ရာခုိင္ႏႈန္း အားျဖည့္ေပးႏိုင္တယ္လို႔ ဟြာေ၀းက ေျပာပါတယ္။ ေဘးဘက္မွ ပါ၀ါခလုတ္မွာ  လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။

8GB RAM , 512GB Storage မ်ား ထည့္သြင္းထားတဲ့ Mate X ကို ယူရို ၂၂၉၉ နဲ႔ ေမလမွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ ျမန္မာေငြ အားျဖင့္ သိန္း ၄၀ ေလာက္ ရွိပါတယ္။

unicode

သိန်း ၄၀ လောက်ရှိတဲ့ Huawei ရဲ့ ခေါက်ချိုး 5G Mate X

Samsung က သူ့ရဲ့ ခေါက်ချိုး ဖုန်းကို မကြာခင်ကပဲ ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ထက် ပါးလွှာပြီး အရွယ်ပိုကြီးတဲ့ မျက်နှာပြင်ပါတဲ့ ခေါက်ချိုးဖုန်းကို ဟွာဝေးက ပြသလိုက်ပါပြီ။ Huawei Mate X ကို ဖြန့်ထားရင် ၈ လက်မ 2480x2200p Display ကို သုံးနိုင်ပါတယ်။ ခေါက်ချိုးပြီး သုံးရင် ၆.၆ လက်မ 2480x1148p Display ကို သုံးနိုင်ပါတယ်။

ခေါက်ချိုးထားရင် အနောက်ဘက်က မျက်နှာပြင်ကိုလည်း သုံးနိုင်ပါတယ်။ အဲဒီအတွက် အနောက်ကင်မရာများကနေ အရည်အသွေးမြင့် ဆဲလ်ဖီးများ ရိုက်ကူးနိုင်ပါတယ်။ အနောက်ကင်မရာ သုံးလုံးပါပြီး သူ့ရဲ့ Specs များကို ဟွာဝေးက မပြောသေးပါဘူး။ Leica Camera များ ပါလာမှာပါ။  ခေါက်ချိုးထားရင် ၁၁ မီလီမီတာ အထူ ရှိပါတယ်။ ဖြန့်ထားရင် ၅.၄ မီလီမီတာ အထူ ရှိပါတယ်။ Huawei ကိုယ်တိုင်ထုတ်ထားတဲ့ Kirin 980 Processor ထည့်ထားပါတယ်။ 4500mAh Battery ပါပါတယ်။

5G ဆက်သွယ်မှု အတွက် Huawei Balong 5000 5G Modem ကို ထည့်သွင်းထားပါတယ်။ 55W SuperCharge ပါပြီး အားသွင်းအမြန်ဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။ မိနစ် ၃၀ အတွင်းမှာ ၈၅ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်တယ်လို့ ဟွာဝေးက ပြောပါတယ်။ ဘေးဘက်မှ ပါဝါခလုတ်မှာ  လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

8GB RAM , 512GB Storage များ ထည့်သွင်းထားတဲ့ Mate X ကို ယူရို ၂၂၉၉ နဲ့ မေလမှာ ရောင်းချမှာ ဖြစ်ပါတယ်။ မြန်မာငွေ အားဖြင့် သိန်း ၄၀ လောက် ရှိပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.