Posted on Leave a comment

OPPO က 10x Lossless Zoom နည်းပညာကို ပြသ

MWC ပွဲ မတိုင်ခင်မှာ OPPO က 10x Lossless Zoom စမတ်ဖုန်း ကင်မရာ စနစ် အသစ်ကို ပြသလိုက်ပါတယ်။ အဲဒီ နည်းပညာကို စမတ်ဖုန်းများမှာ ထည့်သွင်းဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကုမ္ပဏီက အဲဒီ နည်းပညာပါတဲ့ နမူနာ စမတ်ဖုန်းအား ဂျာနယ်လစ်များကို စမ်းသပ် အသုံးပြုခွင့်ပေးခဲ့ပါတယ်။

ဒီနည်းပညာဟာ စမတ်ဖုန်းများမှာ 10x Optical Zoom ကို ရရှိစေပါတယ်။ ယခင်ကတော့ အရွယ်ကြီးတဲ့ Zoom ကိရိယာများ ပါမှသာ ဒီလို Zoom မျိုးကို ဖမ်းယူနိုင်တာ ဖြစ်ပါတယ်။ OPPO ရဲ့ ဒီနည်းပညာဟာ စမတ်ဖုန်းများမှာ အပို ကိရိယာများ တပ်ဆင်စရာ မလိုဘဲ အလားတူ အရည်အသွေးကို ရရှိစေမှာ ဖြစ်ပါတယ်။ OPPO က ဒီနည်းပညာကို Corephotonics နဲ့ ပူးပေါင်း ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကင်မရာ စနစ် အသစ်ကို ယခုနှစ် ကွာတား ၂ မှာ ထုတ်မယ့် ဖုန်းများမှာ ထည့်သွင်းပေးမယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အဲဒီ စမတ်ဖုန်းများကို ရောင်းချမယ့် နိုင်ငံ အပါအ၀င် အခြား သတင်းအချက် အသေးစိတ်များကို ကုမ္ပဏီက ပြောကြားခြင်း မရှိသေးပါဘူး။ ကုမ္ပဏီဟာ အရှေ့တောင် အာရှမှာ အဓိကထားပြီး ဖုန်း ရောင်းချနေတာပါ။ ဒါပေမယ့် မကြာခင်မှာ ဥရောပကို ခြေဆန့်ခဲ့ပါတယ်။ UK, Spain, Netherlands, Italy, Poland,  Turkey နိုင်ငံများမှာ ရောင်းချပေးထားပါတယ်။

မနေ့က ညမှာ ကျင်းပတဲ့ပွဲမှာ ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ဌာနမှ ဒုတိယ ဥက္ကဌ ဖြစ်သူက ဥရောပမှာ အောင်မြင်ရင် အမေရိကန်ကို နယ်ချဲ့မယ်လို့ ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီက ၂၀၁၃ ခုနှစ်မှာ အမေရိကန်တွင် OPPO N1 CyanogemMod Edition ကို ရောင်းချပြီးကတည်းက အဲဒီမှာ ဖုန်းများ ဆက်မရောင်းတော့ပါဘူး။

unicode

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.