Smartphone Trending

ZTE က ၂၅ ရက္ေန႔မွွာ 5G Phone ကို ေၾကညာမည္

ZTE က ၂၅ ရက္ေန႔မွာ ေၾကညာမယ့္ ဖုန္းရဲ႕ သတင္းအခ်က္အလက္အခ်ိဳ႕ကို Teaser Image တစ္ခုနဲ႔ အသိေပးလိုက္ပါတယ္။ အဲဒီမွာ 5G Speed လို႔ ေရးသားထားတဲ့ အတြက္ သူဟာ 5G Phone ျဖစ္မွာ ေသခ်ာပါတယ္။ ဒါ့အျပင္ 855 ကို ေဖာ္ျပထားတာက Qualcomm Snapdragon 855 Chipset ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ သူဟာ Axon Series ျဖစ္မလား ၊ Series အသစ္တစ္ခုနဲ႔ ထြက္လာမလား ဆိုတာ ေစာင့္ၾကည့္ရမွာပါ။

ZTE ဟာ ၂၀၁၉ အေစာပိုင္းမွာ 5G စမတ္ဖုန္းကို ယူအက္စ္ေစ်းကြက္တင္သြင္းဖို႕စီစဥ္ထားတယ္ လုိ႔ ယခင္ႏွစ္ကတည္းက ေျပာေနတာပါ။  Bloomberg နဲ႕အင္တာဗ်ဴးမွာ ZTE ရဲ႕ အမႈေဆာင္တစ္ဦးျဖစ္သူ Lixin Cheng ဟာ 5G ေထာက္ပံ့ေပးႏုိင္တဲ့ စမတ္ဖုန္းကို ယူအက္စ္ေစ်းကြက္အတြက္ ၂၀၁၈ အဆံုးပိုင္း ဒါမွမဟုတ္ ၂၀၁၉အေစာပိုင္းမွာ ျဖန္႕ခ်ိေပးႏုိင္ဖို႕ စီစဥ္ထားေၾကာင္း ေျပာခဲ့ပါတယ္။

ဒါေပမယ့္ အခ်ိန္အတုိင္းအတာဟာ လာမယ့္လေတြမွာ 5G network ရဲ႕ျမန္ဆန္တုိးတက္မႈအေပၚ မူတည္ေနတာကေတာ့ ျငင္းမရတဲ့အမွန္တရားတစ္ခုပါ။ အေမရိကန္ရဲ႕ အၾကီးဆံုး carrier ႏွစ္ခုျဖစ္တဲ့ Verizon နဲ႕ AT&T ကေတာ့ 5G network ကို ၂၀၁၈ ႏွစ္ကုန္မွာ စတင္ဖို႕ ေၾကညာျပီးသားပါ။

Sprint ကေတာ့ 5G ၀န္ေဆာင္မႈကို ၂၀၁၉ ေနာက္ပိုင္းမွ စတင္ဖို႕ရည္ရြယ္ထားျပီး T-Mobile ဟာ5G network ကို ၂၀၂၀မွာ စတင္အသံုးျပဳမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ခန္႕မွန္းရသေလာက္ Verizon၊ AT&T နဲ႕ Sprint တစ္ခုခုနဲ႕ တြဲဖက္ထုတ္ႏုိင္ပါတယ္။ ZTE ရဲ႕ Axon M မ်က္ႏွာျပင္ႏွစ္ဖက္ပါတဲ့စမတ္ဖုန္းကိုေတာ့ AT&T နဲ႕ တြဲဖက္လုပ္ေဆာင္ခဲ့ပါတယ္။ ဒါေၾကာင့္ သူဟာ ယူအက္စ္ carriers ေတြနဲ႕ေတာ့ မစိမ္းပါဘူး။

unicode

ZTE က ၂၅ ရက်နေ့မှာ 5G Phone ကို ကြေညာမည်

ZTE က ၂၅ ရက်နေ့မှာ ကြေညာမယ့် ဖုန်းရဲ့ သတင်းအချက်အလက်အချို့ကို Teaser Image တစ်ခုနဲ့ အသိပေးလိုက်ပါတယ်။ အဲဒီမှာ 5G Speed လို့ ရေးသားထားတဲ့ အတွက် သူဟာ 5G Phone ဖြစ်မှာ သေချာပါတယ်။ ဒါ့အပြင် 855 ကို ဖော်ပြထားတာက Qualcomm Snapdragon 855 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ သူဟာ Axon Series ဖြစ်မလား ၊ Series အသစ်တစ်ခုနဲ့ ထွက်လာမလား ဆိုတာ စောင့်ကြည့်ရမှာပါ။

ZTE ဟာ ၂၀၁၉ အစောပိုင်းမှာ 5G စမတ်ဖုန်းကို ယူအက်စ်ဈေးကွက်တင်သွင်းဖို့စီစဉ်ထားတယ် လို့ ယခင်နှစ်ကတည်းက ပြောနေတာပါ။ Bloomberg နဲ့အင်တာဗျူးမှာ ZTE ရဲ့ အမှုဆောင်တစ်ဦးဖြစ်သူ Lixin Cheng ဟာ 5G ထောက်ပံ့ပေးနိုင်တဲ့ စမတ်ဖုန်းကို ယူအက်စ်ဈေးကွက်အတွက် ၂၀၁၈ အဆုံးပိုင်း ဒါမှမဟုတ် ၂၀၁၉အစောပိုင်းမှာ ဖြန့်ချိပေးနိုင်ဖို့ စီစဉ်ထားကြောင်း ပြောခဲ့ပါတယ်။

ဒါပေမယ့် အချိန်အတိုင်းအတာဟာ လာမယ့်လတွေမှာ 5G network ရဲ့မြန်ဆန်တိုးတက်မှုအပေါ် မူတည်နေတာကတော့ ငြင်းမရတဲ့အမှန်တရားတစ်ခုပါ။ အမေရိကန်ရဲ့ အကြီးဆုံး carrier နှစ်ခုဖြစ်တဲ့ Verizon နဲ့ AT&T ကတော့ 5G network ကို ၂၀၁၈ နှစ်ကုန်မှာ စတင်ဖို့ ကြေညာပြီးသားပါ။

Sprint ကတော့ 5G ဝန်ဆောင်မှုကို ၂၀၁၉ နောက်ပိုင်းမှ စတင်ဖို့ရည်ရွယ်ထားပြီး T-Mobile ဟာ5G network ကို ၂၀၂၀မှာ စတင်အသုံးပြုမှာဖြစ်ပါတယ်။ ဒါကြောင့် ခန့်မှန်းရသလောက် Verizon၊ AT&T နဲ့ Sprint တစ်ခုခုနဲ့ တွဲဖက်ထုတ်နိုင်ပါတယ်။ ZTE ရဲ့ Axon M မျက်နှာပြင်နှစ်ဖက်ပါတဲ့စမတ်ဖုန်းကိုတော့ AT&T နဲ့ တွဲဖက်လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ ယူအက်စ် carriers တွေနဲ့တော့ မစိမ်းပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.