Posted on Leave a comment

Galaxy Fold ကို အရွက္ရသြားေစခဲ့တဲ့ Huawei Mate X

Zawgyi Version

ဆမ္ေဆာင္းကေတာ့ Galaxy Fold စမတ္ဖုန္းေတြကို ကယ္လ္ဖိုးနီးယားမွာက်င္းပခဲ့တဲ့ Galaxy S10 launch မွာ တစ္ပါတည္းျပသခဲ့ပါတယ္။ အနာဂတ္ရဲ႕စမတ္ဖုန္းဒီဇုိင္းေတြကို ျပသခဲ့တယ္လို႕လည္း ယံုၾကည္သြားေစခဲ့ပါတယ္။ ဒါေပမယ့္လည္း ကၽြန္ေတာ္တို႕သိထားခဲ့တာကေတာ့ ေခါက္ခ်ိဳးဖုန္းေတြရဲ႕ရိုက္ခတ္မႈက ဒီထက္ပိုျပီးမက္ေလာက္စရာရွိတယ္ဆိုတာပါပဲ။ စိတ္မေကာင္းစရာတစ္ခုကေတာ့ ဆမ္ေဆာင္းဟာ ဒီေရစီးေၾကာင္းရဲ႕ အေကာင္းဆံုးေခါက္ခ်ိဳးဖုန္းတစ္လံုး မျဖစ္ခဲ့ပါဘူး။ Huawei Mate X ေလာက္မေကာင္းပါဘူး။ Huawei ကေတာ့ ဒီပြဲမွာ အသာရသြားပါတယ္။

ဒီေန႕လည္ခင္းမွာ အင္တာနက္ေပၚမွာ ပ်ံ႕က်ဲေနခဲ့တဲ့ ပံုေလးေတြျဖစ္ပါတယ္။ ဒါဟာ Huawei Mate X ရဲ႕ဒီဇိုင္းျဖစ္ႏုိင္ပါတယ္။ ျမင္ရသလိုပါပဲ။ Galaxy Fold နဲ႕ လံုး၀ျခားနားေနပါတယ္။ အျပင္နဲ႕အတြင္းမွာ screen ေတြသံုးထားမယ့္အစား screen တစ္ခုတည္းကို သံုးထားတာပါ။

ဒါဟာ အတည္ျဖစ္မလားဆိုတာ အတည္မျပဳေပးႏုိင္ေသးေပမယ့္လည္း အရိပ္အျမြက္ေျပာေနတာကေတာ့ Huawei ဟာ လြန္ခဲ့တဲ့ရက္အနည္းငယ္ကတည္းက တြစ္တာေပၚမွာ တင္ခဲ့တဲ့ပံုရိပ္ေလးေတြပဲ ျဖစ္ပါတယ္။ ၾကည့္လိုက္ရေအာင္လား။

ေခါက္ခ်ိဳးဒီဇိုင္းအျပင္ Huawei Mate X ဟာ 5G ေထာက္ပံ့ေပးထားမယ္လုိ႕ ၾကားေနပါတယ္။ ေနာက္ျပီး ကင္မရာသံုုးလံုးစနစ္၊ ေဘးလက္လက္ေဗြစနစ္နဲ႕ notch မပါ၀င္ဘူးလို႕ သတင္းေတြထြက္ေနပါတယ္။ ကဲ ပြဲကေတာ့ ၾကည့္ေကာင္းလာပါျပီ။ ေနာက္ျပီး Apple ရဲ႕ ေခါက္ခ်ိဳးဖုန္းသတင္းလည္း က်န္ေနပါေသးတယ္။ ျပန္ေတြ႕ၾကပါမယ္။

Unicode Version

ဆမ်ဆောင်းကတော့ Galaxy Fold စမတ်ဖုန်းတွေကို ကယ်လ်ဖိုးနီးယားမှာကျင်းပခဲ့တဲ့ Galaxy S10 launch မှာ တစ်ပါတည်းပြသခဲ့ပါတယ်။ အနာဂတ်ရဲ့စမတ်ဖုန်းဒီဇိုင်းတွေကို ပြသခဲ့တယ်လို့လည်း ယုံကြည်သွားစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့သိထားခဲ့တာကတော့ ခေါက်ချိုးဖုန်းတွေရဲ့ရိုက်ခတ်မှုက ဒီထက်ပိုပြီးမက်လောက်စရာရှိတယ်ဆိုတာပါပဲ။ စိတ်မကောင်းစရာတစ်ခုကတော့ ဆမ်ဆောင်းဟာ ဒီရေစီးကြောင်းရဲ့ အကောင်းဆုံးခေါက်ချိုးဖုန်းတစ်လုံး မဖြစ်ခဲ့ပါဘူး။ Huawei Mate X လောက်မကောင်းပါဘူး။ Huawei ကတော့ ဒီပွဲမှာ အသာရသွားပါတယ်။
ဒီနေ့လည်ခင်းမှာ အင်တာနက်ပေါ်မှာ ပျံ့ကျဲနေခဲ့တဲ့ ပုံလေးတွေဖြစ်ပါတယ်။ ဒါဟာ Huawei Mate X ရဲ့ဒီဇိုင်းဖြစ်နိုင်ပါတယ်။ မြင်ရသလိုပါပဲ။ Galaxy Fold နဲ့ လုံးဝခြားနားနေပါတယ်။ အပြင်နဲ့အတွင်းမှာ screen တွေသုံးထားမယ့်အစား screen တစ်ခုတည်းကို သုံးထားတာပါ။
ဒါဟာ အတည်ဖြစ်မလားဆိုတာ အတည်မပြုပေးနိုင်သေးပေမယ့်လည်း အရိပ်အမြွက်ပြောနေတာကတော့ Huawei ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက တွစ်တာပေါ်မှာ တင်ခဲ့တဲ့ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ကြည့်လိုက်ရအောင်လား။


ခေါက်ချိုးဒီဇိုင်းအပြင် Huawei Mate X ဟာ 5G ထောက်ပံ့ပေးထားမယ်လို့ ကြားနေပါတယ်။ နောက်ပြီး ကင်မရာသုံးလုံးစနစ်၊ ဘေးလက်လက်ဗွေစနစ်နဲ့ notch မပါဝင်ဘူးလို့ သတင်းတွေထွက်နေပါတယ်။ ကဲ ပွဲကတော့ ကြည့်ကောင်းလာပါပြီ။ နောက်ပြီး Apple ရဲ့ ခေါက်ချိုးဖုန်းသတင်းလည်း ကျန်နေပါသေးတယ်။ ပြန်တွေ့ကြပါမယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.