Smartphone Trending

Snapdragon 855 နဲ႔ 12GB RAM ပါလာမယ့္ Vivo iQoo ရဲ႕ ပထမဆံုး ဖုန္း

Vivo ရဲ႕ ဘရန္း အသစ္ တစ္ခု ျဖစ္တဲ့ iQoo က တရုတ္တြင္ မတ္လ ၁ ရက္ေန႔မွာ ပထမဆံုး စမတ္ဖုန္းကို ေၾကညာမွာ ျဖစ္ပါတယ္။ ကုမၸဏီက လူမႈကြန္ရက္မွာ သူ႔ရဲ႕ Teaser Image မ်ားကို မွ်ေ၀လိုက္ပါတယ္။ iQoo က ဖုန္းရဲ႕ အဓိက Specs မ်ားကို Teaser Image မွာ ထည့္သြင္း ေဖာ္ျပထားပါတယ္။ အဲဒီ ဖုန္းမွာ Qualcomm Snapdragon 855 Chipset ပါမယ္လို႔ ေဖာ္ျပထားပါတယ္။ သူ႔ရဲ႕ အမည္နဲ႔ ေစ်းႏႈန္းကို မသိရေသးပါဘူး။

ဒါ့အျပင္ သူ႔မွာ 12GB RAM , 256GB Storage မ်ား ထည့္သြင္းထားမယ္လို႔လည္း ကုမၸဏီက သတင္းေပးထားပါတယ္။ အရြယ္အစား ႀကီးမားတဲ့ 4000mAh Battery တပ္ဆင္ထားၿပီး 44W Fast Charging ပါလာမွာ ျဖစ္ပါတယ္။ USB Type-C Port , NFC, In-display Fingerprint Sensor , Super HDR Camera နည္းပညာမ်ား ပါလာမယ္လို႔ အတည္ျပဳထားပါတယ္။ Super HDR ဟာ ၂၀၁၈ ခုႏွစ္က မိတ္ဆက္ခဲ့တဲ့ Vivo ရဲ႕ နည္းပညာ ျဖစ္ပါတယ္။ Vivo က တရုတ္မွာ ရုပ္သံလိုင္းကေန အဲဒီ ဖုန္းရဲ႕ Teaser တစ္ခုကိုလည္း ျပသခဲ့ပါေသးတယ္။ Teaser မွာ ဖုန္းရဲ႕ အေနာက္ဘက္ကို ျပသထားၿပီး  အေနာက္ကင္မရာ သံုးလံုး ပါလာမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ကင္မရာရဲ႕ သတင္းအခ်က္အလက္မ်ားကို မသိရေသးပါဘူး။ iQoo Phone ကို တရုတ္မွာပဲ ေရာင္းခ်မလား ၊ အျခား ႏုိင္ငံမ်ားမွာလည္း ေရာင္းခ်မလား ဆိုတာ မသိရေသးပါဘူး။

unicode

Snapdragon 855 နဲ့ 12GB RAM ပါလာမယ့် Vivo iQoo ရဲ့ ပထမဆုံး ဖုန်း

Vivo ရဲ့ ဘရန်း အသစ် တစ်ခု ဖြစ်တဲ့ iQoo က တရုတ်တွင် မတ်လ ၁ ရက်နေ့မှာ ပထမဆုံး စမတ်ဖုန်းကို ကြေညာမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက လူမှုကွန်ရက်မှာ သူ့ရဲ့ Teaser Image များကို မျှဝေလိုက်ပါတယ်။ iQoo က ဖုန်းရဲ့ အဓိက Specs များကို Teaser Image မှာ ထည့်သွင်း ဖော်ပြထားပါတယ်။ အဲဒီ ဖုန်းမှာ Qualcomm Snapdragon 855 Chipset ပါမယ်လို့ ဖော်ပြထားပါတယ်။ သူ့ရဲ့ အမည်နဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။

ဒါ့အပြင် သူ့မှာ 12GB RAM , 256GB Storage များ ထည့်သွင်းထားမယ်လို့လည်း ကုမ္ပဏီက သတင်းပေးထားပါတယ်။ အရွယ်အစား ကြီးမားတဲ့ 4000mAh Battery တပ်ဆင်ထားပြီး 44W Fast Charging ပါလာမှာ ဖြစ်ပါတယ်။ USB Type-C Port , NFC, In-display Fingerprint Sensor , Super HDR Camera နည်းပညာများ ပါလာမယ်လို့ အတည်ပြုထားပါတယ်။ Super HDR ဟာ ၂၀၁၈ ခုနှစ်က မိတ်ဆက်ခဲ့တဲ့ Vivo ရဲ့ နည်းပညာ ဖြစ်ပါတယ်။

Vivo က တရုတ်မှာ ရုပ်သံလိုင်းကနေ အဲဒီ ဖုန်းရဲ့ Teaser တစ်ခုကိုလည်း ပြသခဲ့ပါသေးတယ်။ Teaser မှာ ဖုန်းရဲ့ အနောက်ဘက်ကို ပြသထားပြီး အနောက်ကင်မရာ သုံးလုံး ပါလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကင်မရာရဲ့ သတင်းအချက်အလက်များကို မသိရသေးပါဘူး။ iQoo Phone ကို တရုတ်မှာပဲ ရောင်းချမလား ၊ အခြား နိုင်ငံများမှာလည်း ရောင်းချမလား ဆိုတာ မသိရသေးပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.