DxOMark ရဲ႕ ဗီဒီယို ရိုက္ကူးမႈ အေကာင္းဆံုး ဖုန္း ျဖစ္လာတဲ့ Xiaomi Mi 9

0
623

DxOMark က ဖုန္း ကင္မရာမ်ားကို စမ္းသပ္ရာမွာ နာမည္ႀကီးပါတယ္။ အခုေတာ့ မေန႔ကမွ ေၾကညာလိုက္တဲ့ Xiaomi Mi 9 ရဲ႕ အေနာက္ကင္မရာမ်ားကို စမ္းသပ္လိုက္ပါတယ္။ Mi 9 ဟာ ဓါတ္ပံု အပိုင္းမွာ ၁၁၂ နဲ႔ ဗီဒီယို အပိုင္းမွာ ၉၉ မွတ္ ရရွိထားပါတယ္။ ဗီဒီယို ရမွတ္မွာ သူဟာ အမ်ားဆံုး ျဖစ္လာပါတယ္။ စုစုေပါင္း ရမွတ္မွာ ၁၀၇ ျဖစ္ၿပီး DxOMark ရဲ႕ ကင္မရာ အေကာင္းဆံုး ဖုန္း စာရင္းမွာ Huawei Mate 20 Pro နဲ႔ P20 Pro တို႔ရဲ႕ အေနာက္ နံပါတ္ ၃ ေနရာမွာ ရွိေနပါတယ္။

Mi 9 ဟာ အေနာက္ကင္မရာ သံုးလံုး ပါတဲ့ ေရွာင္မီရဲ႕ ပထမဆံုး ဖုန္း ျဖစ္ပါတယ္။ အဲဒီအထဲက အဓိက ကင္မရာဟာ 48MP Sony IMX586 ျဖစ္ပါတယ္။ Redmi Note 7 ရဲ႕ 48MP Camera က Samsung Sensor ျဖစ္ပါတယ္။ Mi 9 မွာ 16MP Ultra-wide Camera တစ္လံုးနဲ႔ အားျဖည့္ထားပါတယ္။ ေနာက္တစ္လံုးက 12MP Telephoto Camera ျဖစ္ပါတယ္။

ဗီဒီယို အပိုင္းမွာ Mi 9 ဟာ အလြန္ အေသးစိတ္က်တဲ့ 4K Video မ်ားကို ရိုက္ကူးေပးႏိုင္ပါတယ္။ Stabilization ကလည္း အရမ္း ေကာင္းပါတယ္။ အနည္းငယ္တိုးတက္ဖို႔ လိုအပ္တဲ့ အပိုင္းက Dynamic Range ျဖစ္တယ္္လို႔ DxOMark က ေျပာပါတယ္။

unicode

DxOMark ရဲ့ ဗီဒီယို ရိုက်ကူးမှု အကောင်းဆုံး ဖုန်း ဖြစ်လာတဲ့ Xiaomi Mi 9

DxOMark က ဖုန်း ကင်မရာများကို စမ်းသပ်ရာမှာ နာမည်ကြီးပါတယ်။ အခုတော့ မနေ့ကမှ ကြေညာလိုက်တဲ့ Xiaomi Mi 9 ရဲ့ အနောက်ကင်မရာများကို စမ်းသပ်လိုက်ပါတယ်။ Mi 9 ဟာ ဓါတ်ပုံ အပိုင်းမှာ ၁၁၂ နဲ့ ဗီဒီယို အပိုင်းမှာ ၉၉ မှတ် ရရှိထားပါတယ်။ ဗီဒီယို ရမှတ်မှာ သူဟာ အများဆုံး ဖြစ်လာပါတယ်။ စုစုပေါင်း ရမှတ်မှာ ၁၀၇ ဖြစ်ပြီး DxOMark ရဲ့ ကင်မရာ အကောင်းဆုံး ဖုန်း စာရင်းမှာ Huawei Mate 20 Pro နဲ့ P20 Pro တို့ရဲ့ အနောက် နံပါတ် ၃ နေရာမှာ ရှိနေပါတယ်။

Mi 9 ဟာ အနောက်ကင်မရာ သုံးလုံး ပါတဲ့ ရှောင်မီရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ အဲဒီအထဲက အဓိက ကင်မရာဟာ 48MP Sony IMX586 ဖြစ်ပါတယ်။ Redmi Note 7 ရဲ့ 48MP Camera က Samsung Sensor ဖြစ်ပါတယ်။ Mi 9 မှာ 16MP Ultra-wide Camera တစ်လုံးနဲ့ အားဖြည့်ထားပါတယ်။ နောက်တစ်လုံးက 12MP Telephoto Camera ဖြစ်ပါတယ်။

ဗီဒီယို အပိုင်းမှာ Mi 9 ဟာ အလွန် အသေးစိတ်ကျတဲ့ 4K Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ Stabilization ကလည်း အရမ်း ကောင်းပါတယ်။ အနည်းငယ်တိုးတက်ဖို့ လိုအပ်တဲ့ အပိုင်းက Dynamic Range ဖြစ်တယ်လို့ DxOMark က ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.