Social Trending

ယူအက္စ္အတြက္ 6G အင္တာနက္လိုခ်င္ေနတဲ့ ထရမ့္

Zawgyi Version

ဟုတ္ပါတယ္။ 6G လို႕ ေရးထားတာပါ။

5G ဆိုတာ လက္ရွိမွာ အင္တာနက္လိုင္းနဲ႕ပတ္သတ္ျပီးေတာ့ ေခတ္ထေနတဲ့စကားလံုးပါ။ ဒါေပမယ့္လည္း ေဒၚနယ္ထရမ့္ကေတာ့ ေက်ာ္တက္လိုက္ပါျပီ။ 6G ကို သြားခ်င္ေနတာပါ။ ဒီေန႕မနက္မွာ တြစ္တာေပၚကို ေရးတင္ခဲ့ပါတယ္။ ယူအက္စ္အတြက္ 6G ကို ျမန္ႏုိင္သမွ် အျမန္ဆံုးျမင္ခ်င္ေနျပီတဲ့။

ဘာေၾကာင့္မ်ား ဒီလိုမ်ိဳး ခ်က္ခ်င္းၾကီး တြိ တင္လိုက္သလဲဆိုတာကေတာ့ မရွင္းလင္းေသးပါဘူး။ Fox & Friends က ဆမ္ေဆာင္းရဲ႕ Galaxy S10 5G အေၾကာင္း ေၾကညာလိုက္လို႕မ်ားလား။ Verizon မွာ 5G network မရွိေသးလို႕လည္း ျဖစ္ႏုိင္ပါတယ္။ ဒါမွမဟုတ္ သူကုိင္ထားတဲ့ဖုန္းက AT&T ရဲ႕ 5G E update ရလို႕မ်ားလား။ ယူအက္စ္ carrier ေတြရဲ႕ ျမန္ဆန္တဲ့အျမန္ႏႈန္းဆိုတာကို လွည့္စားမခံရေအာင္ လုပ္မွာလား။ တစ္ခုခုေတာ့ တစ္ခုခုပါပဲ။

တြိေတြအရဆိုရင္ေတာ့ တရုတ္လုပ္ငန္းေတြျဖစ္တဲ့ Huawei တို႕က 5G ကို ဦးေဆာင္ေနတာပါ။ ယူအက္စ္အစိုးရဟာ ကိုယ္ပိုင္ 5G service လုပ္ေဆာင္ဖုိ႕ ျပင္ဆင္ေနတယ္လို႕လည္း မႏွစ္က သတင္းေတြထြက္ထားခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ တရုတ္က လိုအပ္တဲ့အေျခခံအေဆာက္အအံုေတြကို လုပ္ေဆာင္ျပီးသားျဖစ္ေနပါျပီ။ စီမံကိန္းကေတာ့ ဒီလိုအခ်က္ေတြေၾကာင့္ ျမန္ျမန္လုပ္ဖုိ႕ျဖစ္လာတယ္နဲ႕တူပါတယ္။

ထရမ့္ရဲ႕ တြိေတြကေတာ့ ယူအက္စ္ေပၚလစီနဲ႕ နည္းနည္းဆန္းၾကယ္ေနတယ္လို႕ ျမင္ပါတယ္။ ယူအက္စ္ကိုယွဥ္ျပိဳင္မႈမွာ ႏုိင္ေစခ်င္တယ္။ လက္ရွိအဆင့္ျမင့္နည္းပညာေတြရဲ႕ ပိတ္ဆို႕မႈကို မခံရေစခ်င္ဘူးလို႕ ေရးထားပါတယ္။ ဒါက တရုတ္လုပ္ငန္းေတြ ယူအက္စ္ထဲမွာ 5G လုပ္ေနျခင္းကို ပိတ္ဖို႕လုပ္ထားတာနဲ႕ ဆန္႕က်င္မေနဘူးလား။

ယူအက္စ္လုပ္ငန္းေတြအေနနဲ႕ 5G ကို ျမန္ျမန္ေလးဖန္တီးရမယ့္အျပင္ 6G ကုိလည္း ျပင္ဆင္ထားဖို႕ေျပာေနပါတယ္။ လက္ရွိမွာ 6G ဟာ သီအိုရီအရ ရွိေတာင္မရွိေသးပါဘူး။

အေၾကာင္းျပန္ေပးဖို႕ ေျပာၾကားတဲ့အခ်ိန္မွာေတာ့ CTIA က ေျဖရွင္းျခင္း မရွိေသးပါဘူး။ US wireless industry အတြက္ 5G network ေကာင္းေကာင္းရေအာင္ လုပ္ေဆာင္ႏိုင္လိမ့္မယ္လို႕ပဲ ေျပာထားပါတယ္။

လက္ရွိမွာေတာ့ 5G နည္းပညာဟာ ရွိေနျပီျဖစ္တဲ့အတြက္ေၾကာင့္ 6G နဲ႕မတူပဲ ဒီႏွစ္ေတြမွာ ျမင္ႏုိင္ေတာ့မွာပါ။ ဒီအခ်က္ကိုလည္း ထရမ့္က ေထာက္ျပခ်င္တာျဖစ္ႏုိင္ပါတယ္။ ေနာက္က်ေနတဲ့အလုပ္ကို လိုက္လုပ္မယ့္အစား အသစ္ကိုပဲေရွ႕ေရာက္ေအာင္ ျပင္ဆင္ၾကဆိုတဲ့သေဘာမ်ားလား။

ဒါကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပါပဲ။

Unicode Version

ဟုတ်ပါတယ်။ 6G လို့ ရေးထားတာပါ။
5G ဆိုတာ လက်ရှိမှာ အင်တာနက်လိုင်းနဲ့ပတ်သတ်ပြီးတော့ ခေတ်ထနေတဲ့စကားလုံးပါ။ ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်ကတော့ ကျော်တက်လိုက်ပါပြီ။ 6G ကို သွားချင်နေတာပါ။ ဒီနေ့မနက်မှာ တွစ်တာပေါ်ကို ရေးတင်ခဲ့ပါတယ်။ ယူအက်စ်အတွက် 6G ကို မြန်နိုင်သမျှ အမြန်ဆုံးမြင်ချင်နေပြီတဲ့။
ဘာကြောင့်များ ဒီလိုမျိုး ချက်ချင်းကြီး တွိ တင်လိုက်သလဲဆိုတာကတော့ မရှင်းလင်းသေးပါဘူး။ Fox & Friends က ဆမ်ဆောင်းရဲ့ Galaxy S10 5G အကြောင်း ကြေညာလိုက်လို့များလား။ Verizon မှာ 5G network မရှိသေးလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သူကိုင်ထားတဲ့ဖုန်းက AT&T ရဲ့ 5G E update ရလို့များလား။ ယူအက်စ် carrier တွေရဲ့ မြန်ဆန်တဲ့အမြန်နှုန်းဆိုတာကို လှည့်စားမခံရအောင် လုပ်မှာလား။ တစ်ခုခုတော့ တစ်ခုခုပါပဲ။
တွိတွေအရဆိုရင်တော့ တရုတ်လုပ်ငန်းတွေဖြစ်တဲ့ Huawei တို့က 5G ကို ဦးဆောင်နေတာပါ။ ယူအက်စ်အစိုးရဟာ ကိုယ်ပိုင် 5G service လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့လည်း မနှစ်က သတင်းတွေထွက်ထားခဲ့ပါတယ်။ အဲဒီအချိန်မှာ တရုတ်က လိုအပ်တဲ့အခြေခံအဆောက်အအုံတွေကို လုပ်ဆောင်ပြီးသားဖြစ်နေပါပြီ။ စီမံကိန်းကတော့ ဒီလိုအချက်တွေကြောင့် မြန်မြန်လုပ်ဖို့ဖြစ်လာတယ်နဲ့တူပါတယ်။


ထရမ့်ရဲ့ တွိတွေကတော့ ယူအက်စ်ပေါ်လစီနဲ့ နည်းနည်းဆန်းကြယ်နေတယ်လို့ မြင်ပါတယ်။ ယူအက်စ်ကိုယှဉ်ပြိုင်မှုမှာ နိုင်စေချင်တယ်။ လက်ရှိအဆင့်မြင့်နည်းပညာတွေရဲ့ ပိတ်ဆို့မှုကို မခံရစေချင်ဘူးလို့ ရေးထားပါတယ်။ ဒါက တရုတ်လုပ်ငန်းတွေ ယူအက်စ်ထဲမှာ 5G လုပ်နေခြင်းကို ပိတ်ဖို့လုပ်ထားတာနဲ့ ဆန့်ကျင်မနေဘူးလား။
ယူအက်စ်လုပ်ငန်းတွေအနေနဲ့ 5G ကို မြန်မြန်လေးဖန်တီးရမယ့်အပြင် 6G ကိုလည်း ပြင်ဆင်ထားဖို့ပြောနေပါတယ်။ လက်ရှိမှာ 6G ဟာ သီအိုရီအရ ရှိတောင်မရှိသေးပါဘူး။
အကြောင်းပြန်ပေးဖို့ ပြောကြားတဲ့အချိန်မှာတော့ CTIA က ဖြေရှင်းခြင်း မရှိသေးပါဘူး။ US wireless industry အတွက် 5G network ကောင်းကောင်းရအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ပဲ ပြောထားပါတယ်။
လက်ရှိမှာတော့ 5G နည်းပညာဟာ ရှိနေပြီဖြစ်တဲ့အတွက်ကြောင့် 6G နဲ့မတူပဲ ဒီနှစ်တွေမှာ မြင်နိုင်တော့မှာပါ။ ဒီအချက်ကိုလည်း ထရမ့်က ထောက်ပြချင်တာဖြစ်နိုင်ပါတယ်။ နောက်ကျနေတဲ့အလုပ်ကို လိုက်လုပ်မယ့်အစား အသစ်ကိုပဲရှေ့ရောက်အောင် ပြင်ဆင်ကြဆိုတဲ့သဘောများလား။
ဒါကတော့ ဆက်လက်စောင့်ကြည့်ရမှာပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.