Enterprise Trending
ဆမ်ဆောင်းက တကယ်ကိုမိုက်ပြီး အကောင်းဆုံးဖုန်းတွေ ထုတ်နေတာဟုတ်ရဲ့လား
Zawgyi Version
Unicode Version
Galaxy S10 ကတော့ ထွက်ရှိလို့လာခဲ့ပါပြီ။
၂၀၁၀ခုနှစ် ဂျွန်လ ၁၅ရက်နေ့တုန်းက နည်းပညာဘလော့ဂါတွေ၊ ဂျာနယ်သမားတွေအများစုရဲ့လက်ထဲမှာ Samsung Galaxy S ကိုင်ထားကြတယ်။ အဲဒီအချိန်တုန်းက ဖုန်းဈေးကွက်က အတော်လေးကွဲပြားနေပါတယ်။ အခြားစမတ်ဖုန်းလုပ်ငန်းတွေ စမတ်ဖုန်းလောကကို စွန့်ခွာနေရချိန်မှာ သရဖူဆောင်းထားနိုင်ခဲ့တယ်။ ဒီတော့ Galaxy S10 ဟာ အနာဂတ်အတွက် ရှင်သန်စေမယ့်အရာလေးဖြစ်မလားဆိုတာ သုံးသပ်ကြည့်ရအောင်လား။
original Galaxy S ကတော့ ဒီဇိုင်းပိုင်းမှာ Apple ရဲ့ iPhone ကို ကလုန်းလုပ်ထားတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဆမ်ဆောင်းဟာ OLED display နည်းပညာကို စွန့်ဦးတီထွင်ခဲ့ပါတယ်။ အခုဆိုရင် flagship အတော်များများမှာ သုံးနေပြီ။ iPhone တောင်ပါသေးတယ်။ ဆမ်ဆောင်းအပါအဝင် အတော်များများက Bada OS နဲ့ ရုန်းကန်နေရချိန်မှာ iPhone 3GS ကို ကော်ပီပွားလိုက်တော့ အတော်လေး အလုပ်ဖြစ်ခဲ့ပါတယ်။
ဒီနေ့ခေတ်ရဲ့ ထိပ်သီးစမတ်ဖုန်းထုတ်လုပ်သူငါးဦးဟာ iPhone ကို ကော်ပီကူးထားကြတာ တိုက်ဆိုင်မှုတစ်ခုတော့ ဟုတ်မယ်မထင်ဘူး။ Xiaomi ရဲ့ ပထမဆုံး device တွေဟာ Apple နဲ့ ဆင်တူပြီးတော့ ဈေးသက်သာတဲ့ကုန်ကြမ်းတွေကို အသုံးပြုထားပါတယ်။ Huawei ဟာလည်း Apple ရဲ့ 3D Touch လိုမျိုးနည်းပညာရအောင် ကြိုးစားထားပါတယ်။ နောက်ပိုင်းမှာ Android interface ကို iOS လိုမျိုးဖြစ်အောင် လုပ်ဆောင်ထားပါတယ်။ ဆမ်ဆောင်းကတော့ Apple ဆီက ဒီဇိုင်းတွေယူသုံးမှုနဲ့ တရားရင်ဆိုင်မှုတွေလည်း ဖြစ်ခဲ့တဲ့အထိပါပဲ။
ဒါပေမယ့် Apple ကို ကော်ပီကူးလိုက်ချိန်ကစတင်ပြီးတော့ Galaxy S device လေးကို စတင်နိုင်ခဲ့ပါတယ်။ Galaxy S II ကလည်း အကောင်းဆုံးစမတ်ဖုန်းများထဲက တစ်လုံးအဖြစ် ရပ်တည်နိုင်ခဲ့တယ်။ OLED display ကလည်း ပိုကောင်းလာတယ်။ ကင်မရာတွေလည်း မိုက်လာတယ်။ speed, performance နဲ့ အချက်အလက်အမြင့်တွေလည်း သုံးလာနိုင်တယ်။ ဒီဇိုင်းတွေကိုလည်း သူမတူအောင် လုပ်ဆောင်နိုင်ခဲ့တယ်။
Galaxy S II ထွက်ရှိလာချိန်မှာတော့ Samsung နဲ့ HTC က အတူတူပါပဲ။ နည်းပညာအမြင့်ဆုံး Android vendor တွေပေ့ါ။ HTC ရဲ့ ၂၀၁၁ ပိတ်ဆို့မှုကတော့ သူတို့နှစ်ယောက်ရဲ့နီးစပ်မှုကို ဖြိုခွဲလိုက်သလိုပါပဲ။ Samsung ရဲ့ global smartphone leadership ကို ရစေတဲ့အကြောင်းဆိုရင်တော့ S II ပဲ ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခုကတော့ iPhone လောက်နီးနီးကောင်းမွန်တဲ့ Android flagship ပေ့ါ။
နှစ်အနည်းငယ်ကြာအောင် Galaxy S ဒီဇိုင်းတွေရဲ့ စိုက်ထုတ်မှုအားကို ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ Galaxy S III ကတော့ နည်းနည်း မကြိုက်ပေမယ့် Galaxy S4 ကလည်း ဒီဇိုင်းမကောင်းဘူးလို့ ပြောရပါလိမ့်မယ်။ အဲဒီလိုနေ့ရက်ဆိုးတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့မှာကိုယ်ပိုင်စိတ်ကူးမရှိခဲ့ပါဘူး။ Galaxy S5 ဆိုရင် အနာကပ်ပလာစတာကြီးနဲ့ တူလို့တဲ့။
အဲဒီနောက်မှာ Galaxy Alpha ကတော့ ဒီဇိုင်းပိုင်းကို အသားပေးထားပါတယ်။ တော်တော်လေးကောင်းလာတယ်လို့ မြင်မိပါတယ်။ ၂၀၁၅မှာ Galaxy S6 နဲ့ S6 Edge တို့ရဲ့ထွက်ရှိလာမှုက ဆမ်ဆောင်းရဲ့ခေါင်းဆောင်နေရာကို ထောက်ပံ့ပေးစေခဲ့ပြီးတော့ ကြိုးမဲ့အားသွင်းစနစ်နဲ့ ဒီဇိုင်းအဆန်းတွေကလည်း အကူအညီဖြစ်လာစေခဲ့ပါတယ်။ Galaxy S II အပြင် S6 ကလည်း Android ဖုန်းဈေးကွက်ကို ဦးဆောင်စေနိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။
၂၀၁၆ခုနှစ်မှာတော့ Google က Nexus တွေရဲ့လိုအပ်ချက်တွေကို Pixel နဲ့အတူ ပြောင်းလဲပစ်နိုင်ခဲ့ပြီး ကင်မရာပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ တစ်နှစ်တည်းမှာ OnePlus ကလည်း ဆမ်ဆောင်းရဲ့ဈေးနှုန်းထက်သက်သာတဲ့ flagship ကောင်းကောင်းတွေကို ချပြခဲ့တယ်။ ဆမ်ဆောင်းကတော့ Galaxy Note 7 ကိစ္စနဲ့ တိုင်ပတ်သွားခဲ့တယ်။
Galaxy Note 7 ရဲ့ဖြစ်ရပ်ဆိုးပြီးနောက်မှာတော့ Galaxy S8 နဲ့ Galaxy S9 series တို့ဟာ နလံပြန်ထူစေနိုင်ခဲ့တယ်။ S8 မှာ fingerprint reader လေးကို နေရာပြန်စဉ်လိုက်ခြင်းကလည်း ပိုကောင်းသွားစေခဲ့တာပါ။ ၂၀၁၈မှာ ဆွဲဆောင်နိုင်အားနည်းသွားလို့ ရောင်းအားသိပ်မကောင်းခဲ့ပေမယ့်လည်း Galaxy S10 ကတော့ ဝိုး ဖြစ်စေခဲ့တယ်။
Huawei နဲ့ Xiaomi တို့ဟာ ဆမ်ဆောင်းဆီကနေ ဥရောပဈေးကွက်ကို သိမ်းသွားခဲ့ပါတယ်။ Vivo ဆိုရင်လည်း periscope camera ကို မိတ်ဆက်ခဲ့ပြီးတော့ Oppo က sliding screen ၊ OnePlus ကလည်း ဈေးနှုန်းထပ်လျှော့ထားတယ်။ Huawei ရဲ့ ဘတ်ဂျက်brand ဖြစ်တဲ့ Honor တောင်မှ ၂၀၁၉ခုနှစ်မှာ Samsung flagship ထက် သက်သာပြီးတော့ အသစ်အဆန်းတွေကို ထုတ်လုပ်နိုင်ခဲ့တယ်။
အခုအချိန်မှာ ဆမ်ဆောင်းရဲ့ဖုန်းဈေးကွက်ဟာ ဈေးနှုန်းနဲ့ တိုက်ခိုက်ခံနေရပါတယ်။ ဟုတ်ပါတယ်။ ဆမ်ဆောင်းဖုန်းတွေက ဈေးနှုန်းသက်သာခြင်းနဲ့ ပလတ်စတစ်ဆန်ခြင်းတို့အတွက် သိခဲ့ကြတာပါ။ အခုဆိုရင်တော့ ပိုမိုဈေးသက်သာတယ်ဆိုပေမယ့်လည်း အရည်အသွေး၊ ဒီဇိုင်းပိုင်းမှာ ချောင်ချိအောင်လုပ်ထားလို့ မရတဲ့အနေအထားပါ။
Galaxy S10 ကတော့ Galaxy S II ၊ S6 ပြီးနောက်မှာ ထွက်ပေါ်လာတဲ့ ဆန်းသစ်မှုတစ်ခုလို့ ပြောရမှာပါ။ မဟုတ်ခဲ့ဘူးဆိုရင်တောင်မှ S10 ဟာ ခြေတစ်လှမ်းထပ်တိုးလိုက်ခြင်းလို့ ဆိုနိုင်ပါတယ်။ Huawei ကတော့ Galaxy S11 ထွက်လာချိန်မှာ ကျော်တက်သွားနိုင်လောက်ပါတယ်။ တရုတ်တွေဟာ လတိုင်းလိုလိုမှာ ထုတ်ကုန်အသစ်ကို မိတ်ဆက်နေကြတဲ့အချိန်မဟုတ်ပါလား။
ဆမ်ဆောင်းရဲ့သမိုင်းကိုပြန်ကြည့်လိုက်မယ်ဆိုရင် အပြိုင်အဆိုင်များလှတဲ့ဈေးကွက်နေရာကို စဉ်ဆက်မပြတ်လုပ်ဆောင်နေတဲ့ အင်ဂျင်နီယာပိုင်းနဲ့ ကြော်ငြာအားကောင်းကောင်း၊ Appple ဆီကနေ ရရှိလာတဲ့ မကောင်းသတင်းနဲ့ကျော်ဇောမှု စတာတွေကြောင့်လည်း ပါပါလိမ့်မယ်။ ယူအက်စ်၊ ဥရောပမှာ ဈေးကွက်ရထားတယ်ဆိုပေမယ့်လည်း ဆမ်ဆောင်းရဲ့ဦးဆောင်မှုက အားနည်းနေပါသေးတယ်။
ဆမ်ဆောင်းရဲ့ စမတ်ဖုန်းလွှမ်းမိုးမှုကတော့ ဒီနေ့ခေတ်လောက် စိန်ခေါ်မှုတွေ မကြုံရသေးပါဘူး။ Galaxy S10 ကလည်း ဖုန်းကောင်းတစ်လုံးထက်ပိုပါတယ်။ ဆမ်ဆောင်းက ဖုန်းကောင်းတွေလုပ်နေတယ်ဆိုတာသိထားပါတယ်။ ဒါပေမယ့်လည်း အကောင်းဆုံးသောဖုန်းတွေ လုပ်ဆောင်မလား သိချင်နေမိပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.