Posted on Leave a comment

ခ်က္ခ်င္းအသံုးမတည့္ႏုိင္ေသးတဲ့ Galaxy S10 ရဲ႕ Wi-Fi 6 နဲ႕ ပိုမိုျမန္ဆန္ေသာ LTE စနစ္

Zawgyi Version

အင္တာနက္ျမန္ႏႈန္းေတြကေတာ့ တျဖည္းျဖည္းျမန္ဆန္ေနၾကပါျပီ။

ဆန္းသစ္တဲ့ feature မဟုတ္ႏုိင္ေပမယ့္လည္း ဆမ္ေဆာင္းရဲ႕ Galaxy S10 လုိင္းကေတာ့ ေန႕စဥ္အသံုးျပဳေနရတဲ့အစိတ္အပုိင္းေတြကို upgrade ေကာင္းေကာင္းလုပ္ေပးထားပါတယ္။ ဖုန္းအသစ္ေတြျဖစ္တဲ့ S10, S10 Plus နဲ႕ S10E တို႕မွာ Wi-Fi 6 ၊ 2 gigabit LTE speeds တို႕ကို အသံုးျပဳေပးထားပါတယ္။ မႏွစ္ကတုန္းက 1.2 gigabits ပဲရွိခဲ့တာပါ။ ဒါေၾကာင့္ cell network ဒါမွမဟုတ္ home router ျဖစ္ျဖစ္ ဘယ္လိုေနေန  ပိုမိိုျမန္ဆန္တဲ့အင္တာနက္ကို ရရွိေတာ့မွာပါ။

စဥ္းစားရမွာတစ္ခ်က္ကေတာ့ ရွိပါေသးတယ္။ wireless network မွာဆုိရင္ေတာ့ 2 Gbps ကို မရႏုိင္ပါဘူး။ ဒါက သီအိုရီအရ အျမန္ဆံုးႏႈန္းျဖစ္ပါတယ္။ အနည္းဆံုးေတာ့ လက္ရွိသံုးေနတဲ့အျမန္ႏႈန္းေတြထက္ ပိုမိုျမန္ဆန္လာမယ္လို႕ေတာ့ တြက္ဆႏုိင္ပါတယ္။

Wi-Fi 6 အသံုးျပဳမႈအတြက္လည္း ကန္႕သတ္ခ်က္ေတြရွိေနတုန္းပါပဲ။ အဓိကအားျဖင့္ေတာ့ လက္ရွိမွာ Wi-Fi 6 router ေတြကို ဘယ္သူမွမထုတ္ေသးပါဘူး။ ဒီေတာ့ အဲဒီအတြက္အက်ိဳးေက်းဇူးကို ခံစားလို႕ရႏုိင္မွာ မဟုတ္ေသးပါဘူး။ သတင္းေကာင္းကေတာ့ Wi-Fi 6 ကို ဒီႏွစ္ထဲမွာ ထည့္သြင္းေပးေတာ့မယ့္ device ေတြ ရွိေနပါတယ္။ ဆိုေတာ့ မၾကာခင္မွာ အသံုးမ်ားလာေတာ့မွာပါ။ အခုအခ်ိန္မွာေတာ့ Galaxy S10 ဟာ အားသာခ်က္ၾကီးၾကီးမားမား မရႏုိင္ေသးပါဘူး။ ဒီႏွစ္ ဒါမွမဟုတ္ လုပ္ငန္းၾကီးေတြက အမီလိုက္လာခ်ိန္မွ သူ႕အစြမ္းကိုျပသေပးႏုိင္လိမ့္မယ္လို႕ ေျပာခ်င္ပါတယ္။

Unicode Version

အင်တာနက်မြန်နှုန်းတွေကတော့ တဖြည်းဖြည်းမြန်ဆန်နေကြပါပြီ။
ဆန်းသစ်တဲ့ feature မဟုတ်နိုင်ပေမယ့်လည်း ဆမ်ဆောင်းရဲ့ Galaxy S10 လိုင်းကတော့ နေ့စဉ်အသုံးပြုနေရတဲ့အစိတ်အပိုင်းတွေကို upgrade ကောင်းကောင်းလုပ်ပေးထားပါတယ်။ ဖုန်းအသစ်တွေဖြစ်တဲ့ S10, S10 Plus နဲ့ S10E တို့မှာ Wi-Fi 6 ၊ 2 gigabit LTE speeds တို့ကို အသုံးပြုပေးထားပါတယ်။ မနှစ်ကတုန်းက 1.2 gigabits ပဲရှိခဲ့တာပါ။ ဒါကြောင့် cell network ဒါမှမဟုတ် home router ဖြစ်ဖြစ် ဘယ်လိုနေနေ ပိုမိုမြန်ဆန်တဲ့အင်တာနက်ကို ရရှိတော့မှာပါ။
စဉ်းစားရမှာတစ်ချက်ကတော့ ရှိပါသေးတယ်။ wireless network မှာဆိုရင်တော့ 2 Gbps ကို မရနိုင်ပါဘူး။ ဒါက သီအိုရီအရ အမြန်ဆုံးနှုန်းဖြစ်ပါတယ်။ အနည်းဆုံးတော့ လက်ရှိသုံးနေတဲ့အမြန်နှုန်းတွေထက် ပိုမိုမြန်ဆန်လာမယ်လို့တော့ တွက်ဆနိုင်ပါတယ်။
Wi-Fi 6 အသုံးပြုမှုအတွက်လည်း ကန့်သတ်ချက်တွေရှိနေတုန်းပါပဲ။ အဓိကအားဖြင့်တော့ လက်ရှိမှာ Wi-Fi 6 router တွေကို ဘယ်သူမှမထုတ်သေးပါဘူး။ ဒီတော့ အဲဒီအတွက်အကျိုးကျေးဇူးကို ခံစားလို့ရနိုင်မှာ မဟုတ်သေးပါဘူး။ သတင်းကောင်းကတော့ Wi-Fi 6 ကို ဒီနှစ်ထဲမှာ ထည့်သွင်းပေးတော့မယ့် device တွေ ရှိနေပါတယ်။ ဆိုတော့ မကြာခင်မှာ အသုံးများလာတော့မှာပါ။ အခုအချိန်မှာတော့ Galaxy S10 ဟာ အားသာချက်ကြီးကြီးမားမား မရနိုင်သေးပါဘူး။ ဒီနှစ် ဒါမှမဟုတ် လုပ်ငန်းကြီးတွေက အမီလိုက်လာချိန်မှ သူ့အစွမ်းကိုပြသပေးနိုင်လိမ့်မယ်လို့ ပြောချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.