Posted on Leave a comment

Samsung က ေခါက္ခ်ိဳး Galaxy Fold ကို ေၾကညာၿပီ

Samsung က ေခါက္ခ်ိဳး Galaxy Fold ကို ေၾကညာလိုက္ပါၿပီ။ သူ႔ကို အေမရိကန္မွာ ဧၿပီလ ၂၆ ရက္နဲ႔ ဥေရာပမွာ ေမလ ၃ ရက္ေန႔မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ တန္ဖိုးအနည္းဆံုး ေမာ္ဒယ္မွာ အေမရိကန္တြင္ ၁၉၈၀ ေဒၚလာ ရွိပါတယ္။ ၂၀၀၀ ယူရိုျဖင့္ ဥေရာပမွာ ေရာင္းမွာပါ။ သူ႔မွာ ၇.၃ လက္မ Infinity Flex Display ပါၿပီး သူ႔ကို ေခါက္ခ်ိဳးႏုိင္ပါတယ္။ သူ႔ကို ေခါက္ခ်ိဳးလိုက္ရင္ ဖုန္း အရြယ္ ျဖစ္သြားၿပီး အျပင္ဘက္မွ ၄.၆ လက္မ HD+ Display ကို အသံုးျပဳႏိုင္ပါတယ္။

ေဒတာ ကူးေျပာင္းရာမွာ လွ်င္ျမန္တဲ့ 512GB UFS 3.0 ပါပါတယ္။ Snapdragon 855 , 12GB RAM မ်ား ထည့္သြင္းထားပါတယ္။ ဘက္ထရီ ၂ လံုး ပါၿပီးစုစုေပါင္း ပမာဏမွာ 4380mAh ျဖစ္ပါတယ္။ အေနာက္ဘက္မွာ 16MP Ultra-wide Camera, 12MP Wide-angle နဲ႔ Telephoto Cameras မ်ား ထည့္သြင္းထားပါတယ္။ ဆဲလ္ဖီးအတြက္ 10MP Cover Camera ပါပါတယ္။ အတြင္းပိုင္းမွာ ၂ လံုး ပါပါတယ္။ ေခါက္ခ်ိဳး သံုးသည္ျဖစ္ေစ ျဖန္႔ၿပီး သံုးသည္ျဖစ္ေစ အနည္းဆံုး ကင္မရာ တစ္လံုးကို သံုးႏုိင္မွာပါ။

သူ႔အတြက္ အေရာင္ ေလးမ်ိဳး ထုတ္လုပ္ထားပါတယ္။ App သံုးခုကို တစ္ၿပိဳင္နက္ သံုးႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါပါတယ္။ ေခါက္ခ်ိဳး ဖုန္းအတြက္ Android 9 Pie ကို Samsung က Google နဲ႔ ပူးေပါင္း ဖန္တီးခဲ့ပါတယ္။ အရြယ္ေသး စကရင္ကေန အရြယ္ႀကီး စကရင္ကို ေျပာင္းသံုးတဲ့ အခါမွာ UI ကို လိုက္ဖက္ေအာင္ ျပဳလုပ္ေပးတဲ့ App Continuity ပါပါတယ္။

unicode

Samsung က ခေါက်ချိုး Galaxy Fold ကို ကြေညာပြီ

Samsung က ခေါက်ချိုး Galaxy Fold ကို ကြေညာလိုက်ပါပြီ။ သူ့ကို အမေရိကန်မှာ ဧပြီလ ၂၆ ရက်နဲ့ ဥရောပမှာ မေလ ၃ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်မှာ အမေရိကန်တွင် ၁၉၈၀ ဒေါ်လာ ရှိပါတယ်။ ၂၀၀၀ ယူရိုဖြင့် ဥရောပမှာ ရောင်းမှာပါ။ သူ့မှာ ၇.၃ လက်မ Infinity Flex Display ပါပြီး သူ့ကို ခေါက်ချိုးနိုင်ပါတယ်။ သူ့ကို ခေါက်ချိုးလိုက်ရင် ဖုန်း အရွယ် ဖြစ်သွားပြီး အပြင်ဘက်မှ ၄.၆ လက်မ HD+ Display ကို အသုံးပြုနိုင်ပါတယ်။

ဒေတာ ကူးပြောင်းရာမှာ လျှင်မြန်တဲ့ 512GB UFS 3.0 ပါပါတယ်။ Snapdragon 855 , 12GB RAM များ ထည့်သွင်းထားပါတယ်။ ဘက်ထရီ ၂ လုံး ပါပြီးစုစုပေါင်း ပမာဏမှာ 4380mAh ဖြစ်ပါတယ်။ အနောက်ဘက်မှာ 16MP Ultra-wide Camera, 12MP Wide-angle နဲ့ Telephoto Cameras များ ထည့်သွင်းထားပါတယ်။ ဆဲလ်ဖီးအတွက် 10MP Cover Camera ပါပါတယ်။ အတွင်းပိုင်းမှာ ၂ လုံး ပါပါတယ်။ ခေါက်ချိုး သုံးသည်ဖြစ်စေ ဖြန့်ပြီး သုံးသည်ဖြစ်စေ အနည်းဆုံး ကင်မရာ တစ်လုံးကို သုံးနိုင်မှာပါ။

သူ့အတွက် အရောင် လေးမျိုး ထုတ်လုပ်ထားပါတယ်။ App သုံးခုကို တစ်ပြိုင်နက် သုံးနိုင်တဲ့ လုပ်ဆောင်ချက် ပါပါတယ်။ ခေါက်ချိုး ဖုန်းအတွက် Android 9 Pie ကို Samsung က Google နဲ့ ပူးပေါင်း ဖန်တီးခဲ့ပါတယ်။ အရွယ်သေး စကရင်ကနေ အရွယ်ကြီး စကရင်ကို ပြောင်းသုံးတဲ့ အခါမှာ UI ကို လိုက်ဖက်အောင် ပြုလုပ်ပေးတဲ့ App Continuity ပါပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.