Smartphone Trending

32-megapixel pop-up ဆယ္လ္ဖီကင္မရာပါ၀င္ျပီး Notch hater ေတြအတြက္ထုတ္ထားတဲ့ Vivo V15 Pro

Zawgyi Version

ေနာက္ျပီး on-screen fingerprint sensor လည္း ပါေသးတယ္။

Vivo က pop-up ဆယ္္လ္ဖီကင္မရာပါ၀င္တဲ့ ဒုတိယေျမာက္ဖုန္းတစ္လံုးကို မိတ္ဆက္လုိက္ပါတယ္။ ဒါေပမယ့္လည္း အျဖစ္သေဘာထက္ပိုပါတယ္။ ဒီလအေစာပိုင္းမွာမိတ္ဆက္ခဲ့တဲ့ V15 Proကေတာ့ 32-megapixel ပါ၀င္တဲ့ အေရွ႕ကင္မရာကို အသံုးျပဳထားပါတယ္။ resolution အျမင့္စားေမာ္ဒယ္လ္တစ္ခုလို႕လည္း ေျပာႏုိင္ပါတယ္။ အေနာက္ဘက္ကင္ရာသံုးလံုးကလည္း 48 megapixel အထိ ေထာက္ပံ့ေပးထားပါတယ္။ V15 Pro ဟာ ၆.၄လက္မ OLED display နဲ႕ fifth-generation in-screen fingerprint sensor တို႕ကို ေပါင္းစပ္ထားပါတယ္။

Default အရေတာ့ အေရွ႕ကင္မရာဟာ 8 megapixel နဲ႕ အလုပ္လုပ္ျပီး အေနာက္ကင္မရာကေတာ့ 12-megapixel နဲ႕ လည္ပတ္ပါတယ္။ maximum resolution အျဖစ္နဲ႕ ေျပာင္းလဲႏုိင္ပါတယ္။ အေနာက္ကင္မရာကေတာ့ 8-megapixel super-wide angle camera ၊ 5-megapixel depth camera တို႕ကို ပူးတြဲတပ္ဆင္ေပးထားပါတယ္။

Vivo V15 Pro popup camera

Qualcomm Snapdragon 675 AIE 8-core processor ၊ 8GB RAM ၊ မမ္မိုရီ 128GB ၊ microSD card ထည့္သြင္းရန္ေနရာ၊ ဘတ္ထရီ 3,700 mAh ပမာဏ၊ Vivo ရဲ႕ Android 9 ၊ Funtouch OS 9 တို႕ကိုလည္း ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ fast charger ပါ၀င္တယ္ဆုိေပမယ့္လည္း V15 Pro မွာ Micro USB သာ ေတြ႕ျမင္ရတဲ့အတြက္ေၾကာင့္ နည္းပညာျမင့္ဖုန္းမွာ နည္းနည္းထူးဆန္းေနပါတယ္။

Notch ျဖဳတ္ထားျပီး မ်က္ႏွာျပင္အျပည့္ရဖို႕အတြက္ Vivo က နည္းလမ္းေပါင္းအခ်ိဳ႕ကို စမ္းသပ္ခဲ့ပါတယ္။ ပထမဆံုးအေနနဲ႕ NEX S နဲ႕အတူ မႏွစ္က pop-up ဆယ္္လ္ဖီကင္မရာတစ္ခုကို မိတ္ဆက္ခဲ့ပါတယ္။ အဲဒီတုန္းက 5 megapixel ပဲရႏုိင္ခဲ့တာပါ။ NEX က အေနာက္ display ပါ၀င္တဲ့အတြက္ေၾကာင့္ အေနာက္ကင္မရာနဲ႕ ဆယ္လ္ဖီဆြဲလို႕ရပါတယ္။ အခုကေတာ့ 32-megapixel နဲ႕ဆိုေတာ့ အရမ္းမုိက္ေနပါျပီ။ ေစ်းႏႈန္းကေတာ့ အိႏိၵယမွာ ရူပီး ၂၈၉၉၀ နဲ႕ ၀ယ္ယူႏုိင္မွာပါ။

Unicode Version

နောက်ပြီး on-screen fingerprint sensor လည်း ပါသေးတယ်။
Vivo က pop-up ဆယ်လ်ဖီကင်မရာပါဝင်တဲ့ ဒုတိယမြောက်ဖုန်းတစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ဒါပေမယ့်လည်း အဖြစ်သဘောထက်ပိုပါတယ်။ ဒီလအစောပိုင်းမှာမိတ်ဆက်ခဲ့တဲ့ V15 Proကတော့ 32-megapixel ပါဝင်တဲ့ အရှေ့ကင်မရာကို အသုံးပြုထားပါတယ်။ resolution အမြင့်စားမော်ဒယ်လ်တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ အနောက်ဘက်ကင်ရာသုံးလုံးကလည်း 48 megapixel အထိ ထောက်ပံ့ပေးထားပါတယ်။ V15 Pro ဟာ ၆.၄လက်မ OLED display နဲ့ fifth-generation in-screen fingerprint sensor တို့ကို ပေါင်းစပ်ထားပါတယ်။
Default အရတော့ အရှေ့ကင်မရာဟာ 8 megapixel နဲ့ အလုပ်လုပ်ပြီး အနောက်ကင်မရာကတော့ 12-megapixel နဲ့ လည်ပတ်ပါတယ်။ maximum resolution အဖြစ်နဲ့ ပြောင်းလဲနိုင်ပါတယ်။ အနောက်ကင်မရာကတော့ 8-megapixel super-wide angle camera ၊ 5-megapixel depth camera တို့ကို ပူးတွဲတပ်ဆင်ပေးထားပါတယ်။

Vivo V15 Pro popup camera


Qualcomm Snapdragon 675 AIE 8-core processor ၊ 8GB RAM ၊ မမ်မိုရီ 128GB ၊ microSD card ထည့်သွင်းရန်နေရာ၊ ဘတ်ထရီ 3,700 mAh ပမာဏ၊ Vivo ရဲ့ Android 9 ၊ Funtouch OS 9 တို့ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ fast charger ပါဝင်တယ်ဆိုပေမယ့်လည်း V15 Pro မှာ Micro USB သာ တွေ့မြင်ရတဲ့အတွက်ကြောင့် နည်းပညာမြင့်ဖုန်းမှာ နည်းနည်းထူးဆန်းနေပါတယ်။
Notch ဖြုတ်ထားပြီး မျက်နှာပြင်အပြည့်ရဖို့အတွက် Vivo က နည်းလမ်းပေါင်းအချို့ကို စမ်းသပ်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ NEX S နဲ့အတူ မနှစ်က pop-up ဆယ်လ်ဖီကင်မရာတစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီတုန်းက 5 megapixel ပဲရနိုင်ခဲ့တာပါ။ NEX က အနောက် display ပါဝင်တဲ့အတွက်ကြောင့် အနောက်ကင်မရာနဲ့ ဆယ်လ်ဖီဆွဲလို့ရပါတယ်။ အခုကတော့ 32-megapixel နဲ့ဆိုတော့ အရမ်းမိုက်နေပါပြီ။ ဈေးနှုန်းကတော့ အိန္ဒိယမှာ ရူပီး ၂၈၉၉၀ နဲ့ ဝယ်ယူနိုင်မှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.