Posted on Leave a comment

ေနာ္ေ၀မွာ အေစာဆံုးထြက္ရွိလာတဲ့ Galaxy S10 TV ေၾကာ္ျငာ

Zawgyi Version

Galaxy S10 ေပါက္ၾကားမႈေတြကို တင္ဆက္ေပးေနခဲ့တာပါ။ အခုဆိုရင္လည္း ေၾကာ္ျငာေလးကို ထပ္မံေတြ႕ျမင္ရျပန္ပါျပီ။

ဒီကေန႕မနက္မွာေတာ့ ေနာ္ေ၀တီဗြီအသံလႊင့္ရံု TV2 ဟာ Galaxy S10 အတြက္ ေၾကာ္ျငာေလးကို official launch မတုိင္ခင္မွာ ထုတ္လႊင့္ခဲ့တာကို သတင္းရထားပါတယ္။ စကၠန္႕သံုးဆယ္ၾကာေၾကာ္ျငာေလးမွာေတာ့ Galaxy S10 နဲ႕ S10 Plus တို႕ရဲ႕ အဓိက feature ေတြျဖစ္တဲ့ ultrasonic fingerprint reader ၊ အေနာက္ကင္မရာသံုးလံုးနဲ႕ reverse wireless charging တို႕ကို အတည္ျပဳေပးထားပါတယ္။

TV2 ကေတာ့ ဒါဟာ မေတာ္တဆထုတ္လႊင့္ခဲ့မိတာလို႕ အေၾကာင္းျပန္ထားပါတယ္။ ဒါဟာ ဆမ္ေဆာင္းရဲ႕ေၾကာ္ျငာျဖစ္ေၾကာင္း ၁၀၀ရာခုိင္ႏႈန္းေသခ်ာေနပါတယ္။ ဒါဟာ leak သက္သက္မဟုတ္ပါဘူး။ ေနာက္ပိုင္းမွာ ေဒသအလုိက္ေၾကာ္ျငာေတြကိုလည္း ေတြ႕ျမင္ရေတာ့မွၾပါ။

ဗြီဒီယိုေလးထဲမွာ အဓိက အသားေပးေဖာ္ျပထားတာေတြကို ေကာက္ႏုတ္ၾကည့္လိုက္မယ္ဆုုိရင္

•           Infinity-O display – punch hole ထဲမွာ ဆယ္လ္ဖီကင္မရာကို ျမွဳပ္ႏွံထားပါတယ္။ Galaxy S10 Plus ကေတာ့ ေရစက္ပံုအဟိုက္ထဲမွာ ဆယ္လ္ဖီကင္မရာႏွစ္လံုးထည့္သြင္းေပးထားျပီးေတာ့ bokeh အတြက္ စီစဥ္ထားပါတယ္။ Galaxy S10 ကေတာ့ ဆယ္လ္ဖီကင္မရာတစ္လံုးတည္းကိုသာ ထည့္သြင္းေပးထားတာျဖစ္ပါတယ္။

•           ultrasonic fingerprint scanner ကိုေတာ့ Galaxy S10 ၊ S10 Plus တိုရဲ႕ OLED display မွာ ျမွဳပ္ထားေပးပါတယ္။ unlocking အျပင္ scanner ဟာ biometric content locking ေတြကိုလည္း လုုပ္ေဆာင္ႏုိင္မွာပါ။ normal screen protector ေတြေအာက္မွာ အလုပ္ျဖစ္မလားဆိုတာကေတာ့ မသိရေသးပါဘူး။

•           အေနာက္ကင္မရာသံုးလံုးနဲ႕အတူ flash တစ္လံုး၊ heart rate sensor တစ္လံုးတို႕ကိုလည္း ေတြ႕ျမင္လုိက္မွာပါ။ ကင္မရာ Lens ေတြမွာ view angles မတူညီတာေတြသံုးထားျပီးေတာ့ Huawei Mate 20 , LG G8 တို႕လို ဖန္တီးေပးထားပါတယ္။

•           Reverse wireless charging — ဒါကေတာ့ Galaxy S10 ကို ကိုက္ညီတဲ့ဖုန္းတစ္လံုးနဲ႕ ေက်ာကပ္လိုက္ရင္ သံုးႏုိင္ပါျပီ။ ဒီေနရာမွာေတာ့ Huawei က Samsung ကို အသာေပးလုိက္ရပါတယ္။

•           Galaxy Buds ကေတာ့ Galaxy S10 ၊ S10 Plus pre order ေတြနဲ႕အတူ ပါ၀င္လာမွာပါ။ pre order ေတြကိုလည္း ေဖေဖာ္၀ါရီ ၂၀ – မတ္လ ၇ရက္အတြင္း တင္ေပးရမွာပါ။ ဒီလိုမ်ိဳးပရိုမိုးရွင္းကိုေတာ့ ေနာ္ေ၀မွာသာမက အျခားေစ်းကြက္ေတြမွာလည္း လုပ္ေဆာင္ေပးသြားမွာပါ။

Unicode Version

Galaxy S10 ပေါက်ကြားမှုတွေကို တင်ဆက်ပေးနေခဲ့တာပါ။ အခုဆိုရင်လည်း ကြော်ငြာလေးကို ထပ်မံတွေ့မြင်ရပြန်ပါပြီ။
ဒီကနေ့မနက်မှာတော့ နော်ဝေတီဗွီအသံလွှင့်ရုံ TV2 ဟာ Galaxy S10 အတွက် ကြော်ငြာလေးကို official launch မတိုင်ခင်မှာ ထုတ်လွှင့်ခဲ့တာကို သတင်းရထားပါတယ်။ စက္ကန့်သုံးဆယ်ကြာကြော်ငြာလေးမှာတော့ Galaxy S10 နဲ့ S10 Plus တို့ရဲ့ အဓိက feature တွေဖြစ်တဲ့ ultrasonic fingerprint reader ၊ အနောက်ကင်မရာသုံးလုံးနဲ့ reverse wireless charging တို့ကို အတည်ပြုပေးထားပါတယ်။
TV2 ကတော့ ဒါဟာ မတော်တဆထုတ်လွှင့်ခဲ့မိတာလို့ အကြောင်းပြန်ထားပါတယ်။ ဒါဟာ ဆမ်ဆောင်းရဲ့ကြော်ငြာဖြစ်ကြောင်း ၁၀၀ရာခိုင်နှုန်းသေချာနေပါတယ်။ ဒါဟာ leak သက်သက်မဟုတ်ပါဘူး။ နောက်ပိုင်းမှာ ဒေသအလိုက်ကြော်ငြာတွေကိုလည်း တွေ့မြင်ရတော့မှပြါ။
ဗွီဒီယိုလေးထဲမှာ အဓိက အသားပေးဖော်ပြထားတာတွေကို ကောက်နုတ်ကြည့်လိုက်မယ်ဆိုရင်
• Infinity-O display – punch hole ထဲမှာ ဆယ်လ်ဖီကင်မရာကို မြှုပ်နှံထားပါတယ်။ Galaxy S10 Plus ကတော့ ရေစက်ပုံအဟိုက်ထဲမှာ ဆယ်လ်ဖီကင်မရာနှစ်လုံးထည့်သွင်းပေးထားပြီးတော့ bokeh အတွက် စီစဉ်ထားပါတယ်။ Galaxy S10 ကတော့ ဆယ်လ်ဖီကင်မရာတစ်လုံးတည်းကိုသာ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။
• ultrasonic fingerprint scanner ကိုတော့ Galaxy S10 ၊ S10 Plus တိုရဲ့ OLED display မှာ မြှုပ်ထားပေးပါတယ်။ unlocking အပြင် scanner ဟာ biometric content locking တွေကိုလည်း လုပ်ဆောင်နိုင်မှာပါ။ normal screen protector တွေအောက်မှာ အလုပ်ဖြစ်မလားဆိုတာကတော့ မသိရသေးပါဘူး။
• အနောက်ကင်မရာသုံးလုံးနဲ့အတူ flash တစ်လုံး၊ heart rate sensor တစ်လုံးတို့ကိုလည်း တွေ့မြင်လိုက်မှာပါ။ ကင်မရာ Lens တွေမှာ view angles မတူညီတာတွေသုံးထားပြီးတော့ Huawei Mate 20 , LG G8 တို့လို ဖန်တီးပေးထားပါတယ်။
• Reverse wireless charging — ဒါကတော့ Galaxy S10 ကို ကိုက်ညီတဲ့ဖုန်းတစ်လုံးနဲ့ ကျောကပ်လိုက်ရင် သုံးနိုင်ပါပြီ။ ဒီနေရာမှာတော့ Huawei က Samsung ကို အသာပေးလိုက်ရပါတယ်။
• Galaxy Buds ကတော့ Galaxy S10 ၊ S10 Plus pre order တွေနဲ့အတူ ပါဝင်လာမှာပါ။ pre order တွေကိုလည်း ဖေဖော်ဝါရီ ၂၀ – မတ်လ ၇ရက်အတွင်း တင်ပေးရမှာပါ။ ဒီလိုမျိုးပရိုမိုးရှင်းကိုတော့ နော်ဝေမှာသာမက အခြားဈေးကွက်တွေမှာလည်း လုပ်ဆောင်ပေးသွားမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.