Redmi Note 7 Pro မွာ UD Fingerprint Scanner ပါမည္

0
879

ဒီလ ၂၈ ရက္ေန႔မွာ အိႏၵိယတြင္ Redmi Note 7 ကို ေရာင္းခ်ေတာ့မွာျဖစ္ပါတယ္။ အခုေတာ့ သူ႔ရဲ႕ ပရိုဗားရွင္းရဲ႕ သတင္းအခ်က္အလက္ အခ်ိဳ႕ကို ကုမၸဏီက အရိပ္အျမြက္ ေျပာၾကားလိုက္ပါတယ္။ Redmi India ရဲ႕ တြစ္တာ အေကာင့္မွာ နံပါတ္ ၇ ပံုကို တင္ထားၿပီး ပံုမွ လူအားလံုးကို ရွာေပးဖို႔ Fans မ်ားအား ေတာင္းဆိုလိုက္ပါတယ္။

ပံုမွာ နံပါတ္ ၇ ရဲ႕ အထက္ပိုင္းတြင္ မ်က္ႏွာျပင္ေအာက္မွ လက္ေဗြရာ စကင္နာလို ပံုသ႑ာန္ကို ျပသထားပါတယ္။ အဲဒီအတြက္ Redmi Note 7 Pro မွာ UD Fingerprint Scanner ပါလာမွာ ေသခ်ာသေလာက္ ရွိသြားပါတယ္။

သူ႔ကို Redmi Note 7 အမည္နဲ႔ပဲ ေရာင္းခ်ေကာင္း ေရာင္းခ်ႏိုင္ပါတယ္။  ဒါေပမယ့္ Specs မ်ား အနည္းငယ္ ကြဲျပားႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္တုန္းကလည္း Redmi Note 5 နဲ႔ Redmi Note 5 AI Dual Camera ဆိုၿပီး ထြက္လာခဲ့ဖူးပါတယ္။

Redmi India က အခ်ိဳ႕ Tweet မ်ားကို စာျပန္ထားရာမွာေတာ့ အမ်ားစုကို Note 7 Pro လို႔ ေျပာထားပါတယ္။ သူ႔မွာ 4000mAh Battery , Qualcomm Chipset မ်ား ပါလာႏိုင္ပါတယ္။ ဒါေပမယ့္ Snapdragon 660 Chipset အစား Snapdragon 675 Chipset ထည့္သြင္းထားႏုိင္ပါတယ္။ အမ်ားဆံုး အေနနဲ႔ 6/128GB အထိ ထုတ္လုပ္ထားနိုင္ပါတယ္။

unicode

Redmi Note 7 Pro မှာ UD Fingerprint Scanner ပါမည်

ဒီလ ၂၈ ရက်နေ့မှာ အိန္ဒိယတွင် Redmi Note 7 ကို ရောင်းချတော့မှာဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ပရိုဗားရှင်းရဲ့ သတင်းအချက်အလက် အချို့ကို ကုမ္ပဏီက အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။ Redmi India ရဲ့ တွစ်တာ အကောင့်မှာ နံပါတ် ၇ ပုံကို တင်ထားပြီး ပုံမှ လူအားလုံးကို ရှာပေးဖို့ Fans များအား တောင်းဆိုလိုက်ပါတယ်။

ပုံမှာ နံပါတ် ၇ ရဲ့ အထက်ပိုင်းတွင် မျက်နှာပြင်အောက်မှ လက်ဗွေရာ စကင်နာလို ပုံသဏ္ဍာန်ကို ပြသထားပါတယ်။ အဲဒီအတွက် Redmi Note 7 Pro မှာ UD Fingerprint Scanner ပါလာမှာ သေချာသလောက် ရှိသွားပါတယ်။

သူ့ကို Redmi Note 7 အမည်နဲ့ပဲ ရောင်းချကောင်း ရောင်းချနိုင်ပါတယ်။ ဒါပေမယ့် Specs များ အနည်းငယ် ကွဲပြားနိုင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း Redmi Note 5 နဲ့ Redmi Note 5 AI Dual Camera ဆိုပြီး ထွက်လာခဲ့ဖူးပါတယ်။

Redmi India က အချို့ Tweet များကို စာပြန်ထားရာမှာတော့ အများစုကို Note 7 Pro လို့ ပြောထားပါတယ်။ သူ့မှာ 4000mAh Battery , Qualcomm Chipset များ ပါလာနိုင်ပါတယ်။ ဒါပေမယ့် Snapdragon 660 Chipset အစား Snapdragon 675 Chipset ထည့်သွင်းထားနိုင်ပါတယ်။ အများဆုံး အနေနဲ့ 6/128GB အထိ ထုတ်လုပ်ထားနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.