Mi 9 ရဲ႕ EE Edition ထြက္ေပၚလာ

0
968

Zawgyi Version

ဒီဇုိင္းရဲ႕ေနာက္ကြယ္က လုပ္ငန္းစဥ္ကို အခုလိုေျပာထားပါတယ္။

ထြင္းေပါက္ျမင္ေနရတဲ့ Xiaomi Mi 8 ဖုန္းေလးက အတြင္းပိုင္းကို တကယ္မျပထားဘူးဆိုတာကို မွတ္မိၾကဦးမွာေပါ့။ ဒါလည္းေကာင္းပါတယ္။ Mi 9 မွာ ဒီဇိုင္းပုိင္းကို လွည့္စားလို႕မရေတာ့ဘူးေပါ့။ Mi 9 Explorer Edition ရဲ႕ ပံုၾကမ္းေလးေတြကို Chinese social media platform Weibo ေပၚမွာ တင္ေပးခဲ့ပါတယ္။

ဒီတစ္ၾကိမ္မွာေတာ့ အရင္တစ္ေခါက္ကသံုးခဲ့တဲ့နည္းလမ္းကုိ မသံုးေတာ့ဘဲ ဆန္းသစ္တဲ့နည္းလမ္းကို ၾကိဳးစားထားပါတယ္။ Mi 8 တုန္းက ျမင္ေနရသေယာင္လုပ္ထားတဲ့ ဆားကစ္ဘုတ္လိုမ်ိဳးမဟုတ္ေတာ့ဘဲ အလူမီနီယမ္ျပားကို ထည့္သြင္းထားတာပါ။ အေသးစိတ္ေတြက်နဖို႕အတြက္ CNC စက္နဲ႕ ျဖတ္ေတာက္ထားတယ္လို႕ဆိုပါတယ္။

Xiaomi

ဖုန္းေလးမွာ lens ၇ခု၊ f/1.47 aperture ပါ၀င္မယ့္ 48 MP AI ကင္မရာ၊ RAM 12GB စတာေတြကိုလည္း ထည့္သြင္းမယ့္အေၾကာင္း ေျပာသြားခဲ့ပါတယ္။ Mi 8 Explorer Edition လိုပဲ fake board ေလးကေတာ့ hit ျဖစ္ဦးမွာပါ။ ဒါေပမယ့္လည္း အလူမီနီယမ္ျပားေလးက အပူစုပ္အေနနဲ႕ တပ္ဆင္ထားတာျဖစ္တဲ့အတြက္ အျမင္ပိုင္းအရထည့္သြင္းထားတယ္လို႕ မဆိုႏုိင္ေၾကာင္း ေျပာဆိုထားပါတယ္။ ဒါေပမယ့္လည္း Explorer Edition ကို Mi 9 နဲ႕ တြဲထုတ္မလားဆိုတာကေတာ့ မေျပာတတ္ေသးပါဘူး။ Xiaomi ကေတာ့ Mi 8 တုန္းက ေနာက္က်ျပီးမွ ထုတ္ခဲ့ပါတယ္။ ဒီတစ္ခုမွာလည္း ဘယ္လိုလုပ္မလဲဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပါ။

Unicode Version

ဒီဇိုင်းရဲ့နောက်ကွယ်က လုပ်ငန်းစဉ်ကို အခုလိုပြောထားပါတယ်။
ထွင်းပေါက်မြင်နေရတဲ့ Xiaomi Mi 8 ဖုန်းလေးက အတွင်းပိုင်းကို တကယ်မပြထားဘူးဆိုတာကို မှတ်မိကြဦးမှာပေါ့။ ဒါလည်းကောင်းပါတယ်။ Mi 9 မှာ ဒီဇိုင်းပိုင်းကို လှည့်စားလို့မရတော့ဘူးပေါ့။ Mi 9 Explorer Edition ရဲ့ ပုံကြမ်းလေးတွေကို Chinese social media platform Weibo ပေါ်မှာ တင်ပေးခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာတော့ အရင်တစ်ခေါက်ကသုံးခဲ့တဲ့နည်းလမ်းကို မသုံးတော့ဘဲ ဆန်းသစ်တဲ့နည်းလမ်းကို ကြိုးစားထားပါတယ်။ Mi 8 တုန်းက မြင်နေရသယောင်လုပ်ထားတဲ့ ဆားကစ်ဘုတ်လိုမျိုးမဟုတ်တော့ဘဲ အလူမီနီယမ်ပြားကို ထည့်သွင်းထားတာပါ။ အသေးစိတ်တွေကျနဖို့အတွက် CNC စက်နဲ့ ဖြတ်တောက်ထားတယ်လို့ဆိုပါတယ်။

Xiaomi


ဖုန်းလေးမှာ lens ၇ခု၊ f/1.47 aperture ပါဝင်မယ့် 48 MP AI ကင်မရာ၊ RAM 12GB စတာတွေကိုလည်း ထည့်သွင်းမယ့်အကြောင်း ပြောသွားခဲ့ပါတယ်။ Mi 8 Explorer Edition လိုပဲ fake board လေးကတော့ hit ဖြစ်ဦးမှာပါ။ ဒါပေမယ့်လည်း အလူမီနီယမ်ပြားလေးက အပူစုပ်အနေနဲ့ တပ်ဆင်ထားတာဖြစ်တဲ့အတွက် အမြင်ပိုင်းအရထည့်သွင်းထားတယ်လို့ မဆိုနိုင်ကြောင်း ပြောဆိုထားပါတယ်။
ဒါပေမယ့်လည်း Explorer Edition ကို Mi 9 နဲ့ တွဲထုတ်မလားဆိုတာကတော့ မပြောတတ်သေးပါဘူး။ Xiaomi ကတော့ Mi 8 တုန်းက နောက်ကျပြီးမှ ထုတ်ခဲ့ပါတယ်။ ဒီတစ်ခုမှာလည်း ဘယ်လိုလုပ်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.