ကိုယ်ဖော်တဲ့ဆေးကိုယ်ပြန်မစားတဲ့ Apple

0
1597

Zawgyi Version







Unicode Version

ဒါက referral ပရိုမိုးရှင်းလို့ ခေါ်မလား။
Apple က Apple Music subscriber တွေဆီကို push notification တွေ ပို့လွှတ်နေပါတယ်။ သူငယ်ချင်းတွေဆီကို refer လုပ်ပေးရင်းနဲ့ တစ်လစာအခမဲ့နားဆင်ခွင့်ကို ပေးအပ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက သက်တမ်းကုန်ဆုံးနေတဲ့ subscriber တွေဆီကို three-month free trial တွေလည်း ပေးအပ်ခဲ့ပါသေးတယ်။
ဒါဟာ App Store review guidelines ထဲက တစ်ခုကို ချိုးဖျက်လိုက်တာဖြစ်ပါတယ်။ အဲဒီထဲမှာ ဘာပြောထားသလဲဆိုတော့ “push notifications တွေကို ကြော်ငြာခြင်း၊ ပရိုမိုးရှင်းတွေ၊ direct marketing တွေအတွက် အသုံးမပြုသင့်” ။ ဒီအကြောင်းနဲ့ပတ်သတ်ပြီးတော့ Apple ကို စုံစမ်းထားပါတယ်။ အကြောင်းစုံသိရရင်တော့ ထပ်မံတင်ဆက်ပေးပါ့မယ်။

Ok, @AppleMusic, you’ve had your notification privileges revoked. pic.twitter.com/kRqmLWvdCr— Ben (@bbchase) February 15, 2019


Apple ဟာ ပရိုမိုးရှင်းအတွက် သူ့ရဲ့ app’s notifications ကို အသုံးပြုခဲ့တာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ Apple’s Carpool Karaoke show အတွက် push notifications ကို မြင်ဖူးပြီးလောက်ပြီဆိုရင်တော့ သင်ဟာ iPhone Upgrade Program ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေလို့ပါပဲ။ Apple Store ဟာ iPhone model အသစ်တွေအတွက် ရနိုင်ချိန်တိုင်းမှာ အသိပေးမယ့်ပရိုဂရမ်လေးလည်း ဖြစ်ပါတယ်။
ဖြစ်ရပ်နှစ်ခုစလုံးမှာ Apple ဟာ သူ့ရဲ့ ကိုယ်ပိုင် App Store စည်းမျဉ်းတွေကို မလိုက်နာဘူးဆိုတာ ထင်ရှားနေပါတယ်။ ဒါပေမယ့်လည်း iPhone Upgrade Program ဝင်ထားတဲ့သူတွေကတော့ iPhone အသစ်ထွက်တိုင်း သိချင်ကြပါတယ်။ သက်တမ်းကုန် Apple Music subscriber တွေကတော့ notification တက်ချင်မှာမဟုတ်တာ အသေအချာပါပဲ။ လက်ရှိမှာတော့ Apple’s App Store guidelines တွေဟာ Apple နဲ့တောင် ဆန့်ကျင်နေတယ်လို့ တွေ့မြင်ခံစားနေရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.