Ryan အမည္ရ အသက္ ၇ ႏွစ္အရြယ္ ကေလးငယ္ရဲ႕ အံ့ၾသေလာက္စရာ ေကာင္းတဲ့ သတင္းေတြကို စာဖတ္သူေတြ ယခင္ကလည္း ၾကားသိခဲ့ၾကမွာပါ။ သူဟာ ကေလး ကစားစရာမ်ား၊ စားစရာမ်ားကို Review လုပ္တဲ့ ဗီဒီယိုမ်ားကို YouTube မွာ တင္ျခင္းျဖင့္ နာမည္ႀကီးလာတာ ျဖစ္ပါတယ္။ Forbes ရဲ႕ စာရင္းအရ သူဟာ ၂၀၁၈ ခုနွစ္မွာ ေဒၚလာ ၂၂ သန္း ရွာႏုိင္ခဲ့ၿပီး ၀င္ေငြ အေကာင္းဆံုး YouTuber ျဖစ္လာပါတယ္။ သူနဲ႔ လက္တြဲ အလုပ္လုပ္တဲ့ ႏိုင္ငံတကာ ကုမၸဏီေပါင္း ၄၀ ေလာက္ ရွိေနပါၿပီ။ သူနဲ႔ လက္တြဲ အလုပ္လုပ္တဲ့ ႏိုင္ငံတကာ ကုမၸဏီေပါင္း ၄၀ ေလာက္ ရွိေနပါၿပီ။
အခုေတာ့ သူဟာ Nickelodeon မွာ တီဗီ ရိႈးတစ္ခုကို တင္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ ဒီႏွစ္ထဲမွာ Episode ၂၀ ကို ထုတ္လႊင့္မွာပါ။ သူ႔ရဲ႕ တီဗီ ရိႈး အမည္မွာ “ Ryan’s Mystery Playdate “ ျဖစ္ၿပီး သူ၊ သူ႔ မိသားစုနဲ႔ ကာတြန္း ဇာတ္ေကာင္မ်ားက ပေဟဌိမ်ားကို အေျဖရွာျခင္း၊ ကစားျခင္းမ်ား ျပဳလုပ္တာကို ရိုက္ကူးတင္ဆက္မွာ ျဖစ္ပါတယ္။
သူ႕အသက္၃ႏွစ္အရြယ္မွာ အေမ၊ အေဖနဲ႕အတူ အဲဒီ Channel ကို စတင္ခဲ့တာ ျဖစ္ပါတယ္။ သူ႕ရဲ႕ကိုယ္ပုိင္ Channel တစ္ခုေထာင္လို႕ရမလားေမးခဲ့ျပီးေတာ့ အခုလို အရုပ္ review ေတြကို တင္ခဲ့ပါတယ္။ မတ္လ ၂၀၁၅ ကအစျပဳလို႕ ဗြီဒီယိုေတြ စတင္ဖန္တီးျပီး တင္ခဲ့ပါတယ္။
သူတို႕ရဲ႕ ပထမဆံုး ဗြီဒီယိုကေတာ့ စတိုးဆိုင္မွာ သူ႕အတြက္ အရုပ္ေပးေနတာ၊ အိမ္ကိုျပန္လာတာ၊ အဲဒီေနာက္မွာေတာ့ အဲဒီအရုပ္ေလးနဲ႕ ကစားတာကို ရုိက္ျပထားပါတယ္။ ဒီကေန႕အထိ ၾကည့္ရွဳသူေပါင္း ၃၀မီလ်ံအထိ ရွိသြားျပီ ျဖစ္ပါတယ္။
၂၀၁၅ ဂ်ဴလိုင္မွာေတာ့ Disney ရဲ႕ Cars Theme ကို ဗြီဒီယိုေလးတင္ခဲ့ျပီးေနာက္မွာေတာ့ ပ်ံ႕ႏွံ႕သြားခဲ့ပါတယ္။ အဲဒီ Channel ေလးမွာ Subscriber ေပါင္း ၁၈ သန္းေလာက္ ရွိေနျပီ ျဖစ္ပါတယ္။ ဒါ့အျပင္ အျခားေသာၾကည့္ရွဳသူေတြနဲ႕ ေၾကာ္ျငာေတြဆီကေနလည္း ရေနပါေသးတယ္။
unicode
TV Show တင်ဆက်မယ့် YouTube မှာ တစ်နှစ် ဒေါ်လာ ၂၂ သန်း ရှာနိုင်တဲ့ ကလေးငယ်
Ryan အမည်ရ အသက် ၇ နှစ်အရွယ် ကလေးငယ်ရဲ့ အံ့သြလောက်စရာ ကောင်းတဲ့ သတင်းတွေကို စာဖတ်သူတွေ ယခင်ကလည်း ကြားသိခဲ့ကြမှာပါ။ သူဟာ ကလေး ကစားစရာများ၊ စားစရာများကို Review လုပ်တဲ့ ဗီဒီယိုများကို YouTube မှာ တင်ခြင်းဖြင့် နာမည်ကြီးလာတာ ဖြစ်ပါတယ်။ Forbes ရဲ့ စာရင်းအရ သူဟာ ၂၀၁၈ ခုနှစ်မှာ ဒေါ်လာ ၂၂ သန်း ရှာနိုင်ခဲ့ပြီး ဝင်ငွေ အကောင်းဆုံး YouTuber ဖြစ်လာပါတယ်။ သူနဲ့ လက်တွဲ အလုပ်လုပ်တဲ့ နိုင်ငံတကာ ကုမ္ပဏီပေါင်း ၄၀ လောက် ရှိနေပါပြီ။ သူနဲ့ လက်တွဲ အလုပ်လုပ်တဲ့ နိုင်ငံတကာ ကုမ္ပဏီပေါင်း ၄၀ လောက် ရှိနေပါပြီ။
အခုတော့ သူဟာ Nickelodeon မှာ တီဗီ ရှိုးတစ်ခုကို တင်ဆက်တော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ Episode ၂၀ ကို ထုတ်လွှင့်မှာပါ။ သူ့ရဲ့ တီဗီ ရှိုး အမည်မှာ “ Ryan’s Mystery Playdate “ ဖြစ်ပြီး သူ၊ သူ့ မိသားစုနဲ့ ကာတွန်း ဇာတ်ကောင်များက ပဟေဌိများကို အဖြေရှာခြင်း၊ ကစားခြင်းများ ပြုလုပ်တာကို ရိုက်ကူးတင်ဆက်မှာ ဖြစ်ပါတယ်။
သူ့အသက်၃နှစ်အရွယ်မှာ အမေ၊ အဖေနဲ့အတူ အဲဒီ Channel ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ကိုယ်ပိုင် Channel တစ်ခုထောင်လို့ရမလားမေးခဲ့ပြီးတော့ အခုလို အရုပ် review တွေကို တင်ခဲ့ပါတယ်။ မတ်လ ၂၀၁၅ ကအစပြုလို့ ဗွီဒီယိုတွေ စတင်ဖန်တီးပြီး တင်ခဲ့ပါတယ်။
သူတို့ရဲ့ ပထမဆုံး ဗွီဒီယိုကတော့ စတိုးဆိုင်မှာ သူ့အတွက် အရုပ်ပေးနေတာ၊ အိမ်ကိုပြန်လာတာ၊ အဲဒီနောက်မှာတော့ အဲဒီအရုပ်လေးနဲ့ ကစားတာကို ရိုက်ပြထားပါတယ်။ ဒီကနေ့အထိ ကြည့်ရှုသူပေါင်း ၃၀မီလျံအထိ ရှိသွားပြီ ဖြစ်ပါတယ်။
၂၀၁၅ ဂျူလိုင်မှာတော့ Disney ရဲ့ Cars Theme ကို ဗွီဒီယိုလေးတင်ခဲ့ပြီးနောက်မှာတော့ ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီ Channel လေးမှာ Subscriber ပေါင်း ၁၈ သန်းလောက် ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသောကြည့်ရှုသူတွေနဲ့ ကြော်ငြာတွေဆီကနေလည်း ရနေပါသေးတယ်။