Posted on Leave a comment
‘Selfie harm’ သို့တည်းမဟုတ် Social media ရဲ့ တိုက်ခိုက်မှု
Zawgyi Version
Unicode Version
Selfie Harm လို့ခေါ်တဲ့ ပရောဂျက်လေးကိုစတင်ခဲ့တဲ့သူကတော့ ဓါတ်ပုံဆရာ John Rankin Waddell ဖြစ်ပါတယ်။ အတော်များများကတော့ Rankin လို့ သိကြပါတယ်။ သူကတော့ လူငယ်တွေရဲ့ဘဝမှာ လူမှုကွန်ရက်တွေရဲ့ အရေးပါပုံကို ချပြချင်ခဲ့တာပါ။ သူဟာ အသက် ၁၃-၁၉အထိ ဆယ်ကျော်သက်ကလေးတွေကို ဓါတ်ပုံရိုက်ကူးပြီးတော့ သူတို့စိတ်ကြိုက်တည်းဖြတ်ပေးခဲ့ပါတယ်။ ရလဒ်ကရော။ လူတွေက သူတို့ရဲ့အိုင်ဒေါတွေကို ပုံတူကူးနေတာပါ။ သူတို့ရဲ့မျက်လုံးကို ကြီးချင်ကြတယ်။ နှာတံလေးကို သေးသွယ်သွားအောင်လုပ်သလို သူတို့ရဲ့အသားအရေကို တောက်ပချင်ကြတယ်။ အားလုံးဟာ လူမှုကွန်ရက်က like အတွက်ပဲလို့ Instagram မှာ တင်ခဲ့ပါတယ်။
agency M&C Saatchi နဲ့ MTArt တို့ပူးပေါင်းဖန်တီးခဲ့တဲ့ Visual Diet ပရောဂျက်လေးကလည်း ပုံရိပ်တွေရဲ့သက်ရောက်မှုဟာ စိတ်ကျန်းမာရေးနဲ့ ပတ်သတ်နေကြောင်း ပြသခဲ့ပါတယ်။ စီးရီးတိုင်းဟာ မူရင်း၊ retouch မလုပ်ရသေးတဲ့မျက်နှာ၊ ပင်ကိုယ်မျက်နှာတွေကို ပြသထားခဲ့ပါတယ်။
Snapchat dysmorphia လို့ခေါ်တဲ့ ဖြစ်ရပ်ကတော့ virtual body dysmorphic disorder (BDD) အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ Facetune, SelfieCity, RetouchMe တို့လို app တွေက ဒီဂျစ်တယ်ဆာဂျရီလုပ်လိုက်သလို လုပ်ဆောင်ပေးနိုင်ပါတယ်။ ဘက်မလိုက်ပဲပြောရမယ်ဆိုရင် Rankin က app မသုံးတတ်တဲ့ ဆယ်ကျော်သက်တွေကိုလည်း တွေ့ခဲ့ဖူးပါတယ်တဲ့။
ဒီ app တွေနဲ့ဘာလုပ်နိုင်သလဲဆိုတော့ photoshop ဆရာသမားတွေလုပ်ဆောင်နိုင်တာထက်ပိုတဲ့ လုပ်ဆောင်ချက်တွေကို လုပ်နိုင်တယ်။ စွဲလမ်းလွယ်ပါတယ်။ အရမ်းအထင်ကြီးစရာကောင်းပါတယ်။ ကိုယ့်ရဲ့သွင်ပြင်ကို ပြောင်းလဲပြင်ဆင်ရတာလည်း ပျော်ဖို့ကောင်းပါတယ်။ လူတွေက social media မှာတင်မယ့်ကိုယ့်ပုံစံကို ပြုပြင်ပြောင်းလဲနေခြင်းက စိတ်ကျန်းမာရေးချို့ယွင်းနေတယ်ဆိုတာကို ပြသလိုက်ခြင်းပါပဲ။
Rankin ရဲ့ယုံကြည်မှုတစ်ခုကတော့ ဒီလိုစိတ်ကူးတွေဟာ လူမှုကွန်ရက်တွေကနေ ဆင်းသက်လာတာအပြင်ကို ကြော်ငြာလုပ်ငန်းတွေရဲ့ပတ်သတ်မှုလည်း ထည့်တွက်ရမယ်ဆိုတာပါပဲ။ မော်ဒယ်တွေကို အလွန်းအမင်းပြင်ဆင်ထားပေးခြင်းပါ။ ပြင်သစ်လိုနိုင်ငံမျိုးဆိုရင် ပြုပြင်ထားတဲ့ဓါတ်ပ့ုတွေအတွက် ဥပဒေဆွဲဖို့ လုပ်ဆောင်နေပါပြီ။ ဒါကတော့ စိတ်ကျန်းမာရေးနဲ့ အစားအသောက်မမှန်ခြင်းတွေကို တိုက်ခိုက်ဖို့အတွက်ပါ။ ဒါဟာ အသက်၁၅-၂၄ကြားမှာ သေဆုံးရခြင်းရဲ့ ဒုတိယမြောက် အကြောင်းရင်းတစ်ခု ဖြစ်နေလို့ပါပဲ။
View this post on Instagram
For my latest series, Selfie Harm 🤳 I photographed teenagers & handed them the image to then edit & filter until they felt the image was ‘social media ready’. People are mimicking their idols, making their eyes bigger, their nose smaller and their skin brighter, and all for social media likes. It’s just another reason why we are living in a world of FOMO, sadness, increased anxiety, and Snapchat dysmorphia. It’s time to acknowledge the damaging effects that social media has on people’s self-image. Thanks to: the incredible individuals that took part in the @Visual.Diet project; Jennifer, Felix, Alessandra, Maisie, Isaac, Seb, Beneditcte, Shereen, Mahalia, Eve, Siena, Tomas, Emma & Georgia. Also, @mimigray_ at @mcsaatchilondon, @marinetanguyart, @gemfletcher, @technicallyron & @justintindall on making this project come to life 🙌 PLEASE NOTE 📝 The majority of subjects preferred their original image.
A post shared by Rankin Photography (@rankinarchive) on Jan 30, 2019 at 10:23am PST
Visual Diet ကတော့ လူမှုကွန်ရက်ကဓါတ်ပုံတွေရဲ့ ဆိုးကျိုးတွေကို ပြသချင်ခဲ့တာပါ။ ဒါပေမယ့်လည်း visual content တွေမှာလည်း ကောင်းကျိုးတွေသက်ရောက်နိုင်ပါသေးတယ်။ အနုပညာရှင်ငါးယောက်နဲ့ ဒီဂျစ်တယ်ပိုစတာတစ်ခု၊ ဝက်ဘ်ဆိုက်တစ်ခုတို့ကို လုပ်ဆောင်ခဲ့ပါတယ်။ လူတစ်ယောက်ရဲ့ဘေးမှာ အနှစ်သာရရှိတဲ့ content တွေဝန်းရံနေမယ်ဆိုရင် ကျန်းမာရေးပိုကောင်းတယ်ဆိုတာ တွေ့ခဲ့ပါတယ်။
Louvre museum ထက် follower အဆ၅၀ သာနေတာကတော့ Kim Kardashian ပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ social media influencer တွေရဲ့ content ကို နေ့စဉ်ကြည့်ရှုနေတာတွေ ရပ်လိုက်ပါ။ visual diet လေးလည်း လုပ်သင့်နေပါပြီလို့ ပြောကြားချင်ပါတယ်။ ဒါပေမယ့်လည်း ဓါတ်ပုံဆရာ Rankin ဝန်ခံသွားတာတစ်ခုရှိပါတယ်။ သူရိုက်ပေးလိုက်တဲ့သူအားလုံးက မပြင်ခင်ကပုံလေးကို ပိုကြိုက်ကြပါတယ်တဲ့။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.