Smartphone Trending

Mi 9 ရဲ႕ Specs ေတြကို Xiaomi က တရား၀င္ ထုတ္ေျပာလိုက္ၿပီ

Xiaomi က Mi 9 ကို မနက္ျဖန္မွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကုမၸဏီက မေအာင့္ႏိုင္ေတာ့ဘူး ထင္ပါတယ္။ လူမႈကြန္ရက္မွာ ပို႔စ္မ်ားစြာျဖင့္ သူ႔ရဲ႕ Specs နဲ႔ Features မ်ားကို ေဖာ္ျပလိုက္ပါတယ္။ Mi 9 ဟာ ယခင္မ်ိဳးဆက္ထက္ ဒီဇိုင္း လန္းလာသလို Snapdragon 855 နဲ႔ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာလို နည္းပညာ အသစ္မ်ား ပါလာပါတယ္။ သူ႔ရဲ႕ Specs နဲ႔ Feature မ်ားကို ပံုမ်ားမွာ ၾကည့္ႏိုင္ပါတယ္။

ဒီဇိုင္းအပိုင္းမွာ ႀကီးမားတဲ့ Notch အစား Waterdrop Notch ကို ေျပာင္းသံုးထားပါတယ္။ သူ႔ရဲ႕ Screen-to-body Ratio မွာ ၉၀.၇ ရာခုိင္ႏႈန္းနဲ႔ Chin မွာ ၃.၆ မီလီမီတာျဖစ္ပါတယ္။ ယခင္မ်ိဳးဆက္ထက္ အႀကီးမားဆံုး တိုးတက္မႈမွာ ပေရာ္ဆက္ဆာနဲ႔ ကင္မရာမ်ား ျဖစ္ပါတယ္။ Mi 9 ရဲ႕ အေနာက္ကင္မရာ သံုးလံုးမွာ 48MP Main +12MP Telephoto + 16MP Ultrawide မ်ား ျဖစ္ပါတယ္။ ေဒါင္လိုက္တပ္ဆင္ထားၿပီး PDAF , CDAF , Laser Autofocus မ်ားပါပါတယ္။ Game Turbo Mode အသစ္ပါလာၿပီး ဂိမ္းကစားရင္ လွ်င္ျမန္သြက္လက္ပါတယ္။ ေရွာင္မီရဲ႕ စီအီးအို ျဖစ္သူ လီဂြ်န္က Mi 9 Explorer Edition ကိုလည္း ထုတ္လုပ္ေရာင္းခ်မယ္လို႔ ေျပာပါတယ္။ သူ႔မွာ 12GB RAM အထိ ပါလာႏိုင္ပါတယ္။ သူ႔ရဲ႕ အေနာက္ဘက္ဟာ ေဖာက္ထြင္းျမင္ရတဲ့ ဒီဇိုင္း ျဖစ္ပါတယ္။ 

[Unicode]

Mi 9 ရဲ့ Specs တွေကို Xiaomi က တရားဝင် ထုတ်ပြောလိုက်ပြီ

Xiaomi က Mi 9 ကို မနက်ဖြန်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီက မအောင့်နိုင်တော့ဘူး ထင်ပါတယ်။ လူမှုကွန်ရက်မှာ ပို့စ်များစွာဖြင့် သူ့ရဲ့ Specs နဲ့ Features များကို ဖော်ပြလိုက်ပါတယ်။ Mi 9 ဟာ ယခင်မျိုးဆက်ထက် ဒီဇိုင်း လန်းလာသလို Snapdragon 855 နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာလို နည်းပညာ အသစ်များ ပါလာပါတယ်။ သူ့ရဲ့ Specs နဲ့ Feature များကို ပုံများမှာ ကြည့်နိုင်ပါတယ်။

ဒီဇိုင်းအပိုင်းမှာ ကြီးမားတဲ့ Notch အစား Waterdrop Notch ကို ပြောင်းသုံးထားပါတယ်။ သူ့ရဲ့ Screen-to-body Ratio မှာ ၉၀.၇ ရာခိုင်နှုန်းနဲ့ Chin မှာ ၃.၆ မီလီမီတာဖြစ်ပါတယ်။ ယခင်မျိုးဆက်ထက် အကြီးမားဆုံး တိုးတက်မှုမှာ ပရော်ဆက်ဆာနဲ့ ကင်မရာများ ဖြစ်ပါတယ်။ Mi 9 ရဲ့ အနောက်ကင်မရာ သုံးလုံးမှာ 48MP Main +12MP Telephoto + 16MP Ultrawide များ ဖြစ်ပါတယ်။ ဒေါင်လိုက်တပ်ဆင်ထားပြီး PDAF , CDAF , Laser Autofocus များပါပါတယ်။ Game Turbo Mode အသစ်ပါလာပြီး ဂိမ်းကစားရင် လျှင်မြန်သွက်လက်ပါတယ်။ ရှောင်မီရဲ့ စီအီးအို ဖြစ်သူ လီဂျွန်က Mi 9 Explorer Edition ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ ပြောပါတယ်။ သူ့မှာ 12GB RAM အထိ ပါလာနိုင်ပါတယ်။ သူ့ရဲ့ အနောက်ဘက်ဟာ ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.