Enterprise Social Trending

Back ခလုတ္ေပ်ာက္သြားႏုိင္ေျခရွိေနတဲ့ Android Q

Zawgyi Version

Android ရဲ႕ back ခလုတ္ကေတာ့ လံုး၀ေပ်ာက္ေတာ့မယ္ထင္ပါတယ္။ home ခလုတ္ကေန ဘယ္ဘက္ကို ခပ္ျမန္ျမန္ပြတ္ဆြဲလိုက္တဲ့ gesture နဲ႕ အစားထိုးေတာ့မွာပါ။ XDA Developer ေတြက အဲဒီေပါက္ၾကားမႈကို တင္ေပးခဲ့တာျဖစ္ပါတယ္။ Android codename Q ရဲ႕ အေစာပိုင္း code ေတြကိုၾကည့္လိုက္ခ်ိန္မွာ သိရွိခဲ့တာျဖစ္ပါတယ္။

Android 9 Pie မွာ အလုပ္လုပ္တဲ့ပံုေလးေတြကေတာ့ နည္းနည္းကြဲျပားပါတယ္။ Google’s Pixel ကေတာ့ home ပဲရွိျပီးလိုအပ္ခ်ိန္မွာသာ back ေပၚလာပါတယ္။ multitask လုပ္ဖို႕ဆိုရင္ေတာ့ အေပၚကိုဆြဲရမွာပါ။ Android 9 သံုး အျခားဖုန္းေတြမွာေတာ့ traditional three-button layout ပါပဲ။ တခ်ိဳ႕ဖုန္းေတြကေတာ့ navigation bar ေပ်ာက္ျပီး custom gesture ထည့္လို႕ရတာကိုလည္း ေတြ႕ရွိထားပါတယ္။

မၾကာေသးခင္က iPhone ေတြမွာလည္း အလားတူ gesture ေတြ ရွိပါတယ္။ back gesture ဆိုရင္ မ်က္ႏွာျပင္ရဲ႕ဘယ္ဘက္ကေန ပြတ္ဆြဲရတာမ်ိဳး။ လက္ကေလးနဲ႕ဆြဲလိုက္တာနဲ႕ အမ်ိဳးမ်ိဳးလုပ္ေဆာင္ႏုိင္ေတာ့မယ့္ အနာဂတ္ကိုေရာက္လာေတာ့မွာပါ။ XDA လုပ္ထားတဲ့ ဗြီဒီယိုေလးကိုလည္း ၾကည့္ရွဳႏုိင္ပါတယ္။

ဒါကေတာ့ အားလံုးသိတဲ့အတုိင္း နည္းနည္းေတာ့ ရွဳပ္ပါတယ္။ home, back ကိုသြားျခင္းက ဖုန္းအမ်ိဳးအစားအေပၚမူတည္ျပီးေတာ့ ကြဲျပားတဲ့နည္းလမ္းေတြ ျဖစ္လာမွာပါ။

အရိုးသားဆံုးေျပာရမယ္ဆုိရင္ေတာ့ gesture system အသစ္က ဘယ္လိုဆိုတာ အတိအက်မသိရေသးပါဘူး။ ဗြီဒီယိုထဲမွာျမင္ရသလိုမ်ိဳး Google က လုပ္ခ်င္မွလည္း လုပ္မွာပါ။ Google က Pixel မွာ ထည့္ေပးရင္ေတာင္မွ အျခားဖုန္းေတြမွာ ရႏိုင္လိမ့္မယ္လို႕ တြက္ထားလို႕မရႏုိင္တဲ့အေျခအေနပါ။

gesture area ကို ေျပာရမယ္ဆိုရင္ေတာ့ အေပၚဆံုးကပံုအတုိင္းေပ့ါ။ Palm Pre ဖုန္းေလးဆိုရင္ ျမင္ကိုမျမင္္လိုက္ရဘူး။ home button ကေန ဘယ္ဘက္ကိုဆြဲ၊ switch apps လုပ္ခ်င္ရင္ gesture area ကို ဆြဲ၊ home button ဆိုရင္ အေျပာက္ေသးေသးေလးေတြပဲ ပါတာပါ။ 2009 ခုႏွစ္တည္းက လုပ္ေဆာင္ခဲ့တဲ့ဖုန္းေလးျဖစ္ပါတယ္။ ဒါေပမယ့္လည္း မထြက္လာခဲ့ပါဘူး။

Google အေနနဲ႕ Pixel မွာပဲလုပ္ေဆာင္မလား။ အျခားဖုန္းေတြကိုေရာ ေထာက္ပံ့မလားဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပါပဲ။

Unicode Version

Android ရဲ့ back ခလုတ်ကတော့ လုံးဝပျောက်တော့မယ်ထင်ပါတယ်။ home ခလုတ်ကနေ ဘယ်ဘက်ကို ခပ်မြန်မြန်ပွတ်ဆွဲလိုက်တဲ့ gesture နဲ့ အစားထိုးတော့မှာပါ။ XDA Developer တွေက အဲဒီပေါက်ကြားမှုကို တင်ပေးခဲ့တာဖြစ်ပါတယ်။ Android codename Q ရဲ့ အစောပိုင်း code တွေကိုကြည့်လိုက်ချိန်မှာ သိရှိခဲ့တာဖြစ်ပါတယ်။
Android 9 Pie မှာ အလုပ်လုပ်တဲ့ပုံလေးတွေကတော့ နည်းနည်းကွဲပြားပါတယ်။ Google’s Pixel ကတော့ home ပဲရှိပြီးလိုအပ်ချိန်မှာသာ back ပေါ်လာပါတယ်။ multitask လုပ်ဖို့ဆိုရင်တော့ အပေါ်ကိုဆွဲရမှာပါ။ Android 9 သုံး အခြားဖုန်းတွေမှာတော့ traditional three-button layout ပါပဲ။ တချို့ဖုန်းတွေကတော့ navigation bar ပျောက်ပြီး custom gesture ထည့်လို့ရတာကိုလည်း တွေ့ရှိထားပါတယ်။
မကြာသေးခင်က iPhone တွေမှာလည်း အလားတူ gesture တွေ ရှိပါတယ်။ back gesture ဆိုရင် မျက်နှာပြင်ရဲ့ဘယ်ဘက်ကနေ ပွတ်ဆွဲရတာမျိုး။ လက်ကလေးနဲ့ဆွဲလိုက်တာနဲ့ အမျိုးမျိုးလုပ်ဆောင်နိုင်တော့မယ့် အနာဂတ်ကိုရောက်လာတော့မှာပါ။ XDA လုပ်ထားတဲ့ ဗွီဒီယိုလေးကိုလည်း ကြည့်ရှုနိုင်ပါတယ်။


ဒါကတော့ အားလုံးသိတဲ့အတိုင်း နည်းနည်းတော့ ရှုပ်ပါတယ်။ home, back ကိုသွားခြင်းက ဖုန်းအမျိုးအစားအပေါ်မူတည်ပြီးတော့ ကွဲပြားတဲ့နည်းလမ်းတွေ ဖြစ်လာမှာပါ။
အရိုးသားဆုံးပြောရမယ်ဆိုရင်တော့ gesture system အသစ်က ဘယ်လိုဆိုတာ အတိအကျမသိရသေးပါဘူး။ ဗွီဒီယိုထဲမှာမြင်ရသလိုမျိုး Google က လုပ်ချင်မှလည်း လုပ်မှာပါ။ Google က Pixel မှာ ထည့်ပေးရင်တောင်မှ အခြားဖုန်းတွေမှာ ရနိုင်လိမ့်မယ်လို့ တွက်ထားလို့မရနိုင်တဲ့အခြေအနေပါ။
gesture area ကို ပြောရမယ်ဆိုရင်တော့ အပေါ်ဆုံးကပုံအတိုင်းပေ့ါ။ Palm Pre ဖုန်းလေးဆိုရင် မြင်ကိုမမြင်လိုက်ရဘူး။ home button ကနေ ဘယ်ဘက်ကိုဆွဲ၊ switch apps လုပ်ချင်ရင် gesture area ကို ဆွဲ၊ home button ဆိုရင် အပြောက်သေးသေးလေးတွေပဲ ပါတာပါ။ 2009 ခုနှစ်တည်းက လုပ်ဆောင်ခဲ့တဲ့ဖုန်းလေးဖြစ်ပါတယ်။ ဒါပေမယ့်လည်း မထွက်လာခဲ့ပါဘူး။
Google အနေနဲ့ Pixel မှာပဲလုပ်ဆောင်မလား။ အခြားဖုန်းတွေကိုရော ထောက်ပံ့မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.