Smartphone Trending
မျက်နှာပြင်အောက်မြုပ်နှံလက်ဗွေစနစ်ထည့်ထားတဲ့ Galaxy A50
Zawgyi Version
Galaxy A50 Design
Galaxy A50 Launch Date
Unicode Version
ဆမ်ဆောင်းကတော့ မကြာခင်မှာ Galaxy A series ရဲ့ မန်ဘာအသစ်ကိုမိတ်ဆက်ဖို့ မျှော်မှန်းထားပါတယ်။ ထုတ်မပြရသေးတဲ့ဖုန်းတွေဖြစ်တဲ့ Galaxy A50, Galaxy A30 နဲ့ Galaxy A10 တို့ရဲ့အချက်အလက်တွေကတော့ ပေါက်ကြားနေပါပြီ။ ပေါက်ကြားမှုတွေအရ လာမယ့်စမတ်ဖုန်းတွေမှာ Infinity notch display ၊ Octa-Core processor တို့ပါဝင်မှာပါ။ ဒီဇိုင်းကတော့ Galaxy A50 ရဲ့ပုံရိပ်ကိုသာ အွန်လိုင်းမှာ တွေ့မြင်ရသေးတာပါ။
Galaxy A50 Design
Samsung Galaxy A50 ကတော့ 158.5 x 74.5x 7.7 mm နဲ့ ဒီနေ့ခတေ်ဒီဇိုင်းပါပဲ။ အရှေ့မှန် ၊ အနောက်မှာ ပလတ်စတစ်ကိုယ်ထည်နဲ့ဖြစ်ပါတယ်။ ၆.၄လက်မမျက်နှာပြင်ကို Infinity U notch နဲ့ ဖွဲ့စည်းထားပြီး အတွင်းပိုင်းမှာ 25 Mp selfie camera ပါဝင်မှာပါ။ နောက်တစ်ချက်ပြောစရာရှိတာကတော့ မျက်နှာပြင်အောက်မှာ လက်ဗွေစနစ်ထည့်သွင်းထားတာပါပဲ။
Samsung Galaxy A50 ရဲ့ ညာဘက်မှာတော့ ပါဝါနဲ့ အသံခလုတ်တွေကို တွေ့မြင်ရပါတယ်။ အောက်ဘက်ခြမ်းမှာတော့ 3.5 mm audio jack, microphone pinhole, loudspeaker grille နဲ့ USB Type-C port တို့ကို ထည့်သွင်းထားပါတယ်။ နောက်ပြီး အားအမြန်သွင်းစနစ်လည်း ပါဝင်ဦးမှာပါ။
အနောက်ဘက်မှာတော့ သွင်ပြင်ကိုတင့်တယ်အောင် glossy plastic ကို အသုံးပြုပေးထားပါတယ်။ ကင်မရာကို ဒေါင်လိုက်စီထားပါတယ်။ ကင်မရာသုံးလုံးဖြစ်တဲ့အတွက် 25 MP + 8 MP + 5 MP နဲ့အတူ LED Flash ကို သုံးပေးထားပါတယ်။
Galaxy A50 Launch Date
လက်ရှိမှာတော့ ဘယ်နေ့ထွက်မယ်ဆိုတာ မကြေညာရသေးပါဘူး။ ဒါပေမယ့်လည်း မတ်လမကုန်ခင်မှာတော့ ကြေညာသွားမှာပါ။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.