Posted on Leave a comment





unicode

အမျိုးသမီးများအတွက် ဖန်တီးထားတဲ့ Oral Sex Toy

အမျိုးသားနဲ့ အမျိုးသမီးများဟာ Orgasm ရရှိမှု အပိုင်းမှာ ညီမျှမှု မရှိပါဘူး။ သုတေသန စစ်တမ်းတစ်ခုက အမျိုးသားများဟာ အမျိုးသမီးများထက် Orgasm ပိုမို ရရှိကြတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မကြာခင်က ပြုလုပ်ခဲ့တဲ့ သုတေသန စစ်တမ်းအရ အမျိုးသမီးများရဲ့ ၈၀ ရာခိုင်နှုန်းဟာ Oral Sex ကို လိုလားကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် အမျိုးသမီး ၄၀ ရာခိုင်နှုန်းကသာ အမျိုးသားများထံကနေ Oral Sex ကို ရရှိကြတယ်လို့ သိရပါတယ်။

အခုတော့ အမျိုးသမီးများအတွက် ဖန်တီးထားတဲ့ Oral Sex Toy တစ်ခု ပေါ်ထွက်လာပါပြီ။ ဒါဟာ ကမ္ဘာ့ ပထမဆုံး Oral Sex Toy ဖြစ်ပါတယ်။ သူ့ကို ဟောင်ကောင် အခြေစိုက် Cunni Company က ဖန်တီးထားတာ ဖြစ်ပါတယ်။ သူဟာ Vibrator ထက် စွမ်းဆောင်ရည်မြင့်မားပါတယ်။ လူရဲ့ လျှာလို နူးညံ့ချောမွတ်တဲ့ အရသာကို ခံစားရမှာ ဖြစ်ပါတယ်။ လူရဲ့ လျှာလို လှုပ်ရှားမှုများကို ပြုလုပ်နိုင်ပါတယ်။

သူ့ကို ဆီလီကွန်နဲ့ ဖန်တီးထားတဲ့ အတွက် နူးညံ့မှု အပိုင်းမှာ လူရဲ့ လျှာလို ခံစားရမှာ ဖြစ်ပါတယ်။ ခလုတ် သုံးခုပါပြီး လှုပ်ရှားမှုများကို ပြောင်းလဲနိုင်ပါတယ်။ အမြန်နှုန်းကိုလည်း ချိန်ညှိနိုင်ပါတယ်။ အကောင်းဆုံးကတော့ သူ့ရဲ့ App ဖြစ်ပါတယ်။ App မှာ ကြိုတင်ထည့်သွင်းထားတဲ့ လျှာလှုပ်ရှားမှု ပုံစံများကို အသုံးပြုနိုင်သလို သင် ကိုယ်တိုင်လည်း လျှာလှုပ်ရှားမှု ပုံစံများကို သတ်မှတ်နိုင်ပါတယ်။ App ရဲ့ Touchpad လို Interface ကနေ လျှာလှုပ်ရှားမှုများကို သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.