Social Trending

လူ႕ေလာကမွာ မရွိဖူးေသးတဲ့ လူေတြရဲ႕မ်က္ႏွာကိုဖန္တီးေပးႏုိင္တဲ့ AI နည္းပညာသံုး၀က္ဘ္ဆိုက္

Zawgyi Version

အဲဒီလူကို ျမင္ဖူးလား။ ဒါ လူေပ်ာက္ေၾကညာေနတာမဟုတ္ပါဘူး။ ဘာအေၾကာင္းအရာမွ မဟုတ္ပါဘူး။ ဒါကေတာ့ website အသစ္ ThisPersonDoesNotExist.com မွာ AI နည္းပညာသံုးျပီးေတာ့ မ်က္ႏွာပံုစံကို ထုတ္ထားတာပါ။ ဒီေန႕ေခတ္ AI ေတြဟာ လူသားေတြ႕ရဲ႕မ်က္ႏွာကို တိတိက်က်ထုတ္ေပးႏုိင္တဲ့အဆင့္ကိုေရာက္ေနပါျပီ။ 2004 ခုႏွစ္က Polar Express ဇာတ္ကားထဲကလိုမ်ိဳး ျဖစ္လာမယ္ထင္တယ္။
Philip Wang ရဲ႕လုပ္ေဆာင္ခ်က္နဲ႕အတူ ဒီ၀က္ဘ္ဆုိက္ေလးက ထြက္ေပၚလာခဲ့တာပါ။ သူဟာ Uber ရဲ႕ software engineer တစ္ေယာက္လည္း ျဖစ္ပါတယ္။ Wang ရဲ႕ ေျပာၾကားခ်က္အရ ဒီစိတ္ကူးေလးဟာ ၂၀၁၄ခုႏွစ္ကတည္းက စတင္ခဲ့တာျဖစ္ျပီးေတာ့ လက္ရွိ Google Brain မွာလုပ္ေဆာင္ေနတဲ့ Ian Goodfellow နဲ႕ စကားေျပာဆိုျပီးေနာက္မွာ ရခဲ့တာလည္း ျဖစ္ပါတယ္။ သူကေတာ့ generative adversarial network (GAN) ကို မိတ္ဆက္ခဲ့သူလည္း ျဖစ္ပါတယ္။ neural network အခ်င္းခ်င္း ဘယ္လိုလုပ္ေဆာင္မလဲဆိုတာနဲ႕ပတ္သတ္ျပီး ေဆြးေႏြးခဲ့ၾကပါတယ္။ တစ္ခုကေတာ့ ပံုရိပ္အသစ္ေတြကို ထုတ္လုပ္ေပးမွာျဖစ္ျပီးေတာ့ ေနာက္တစ္ခုက တကယ့္အစစ္လို႕ထင္ရတဲ့ ကြန္ပ်ဴတာထုတ္ပံုရိပ္ေတြ ထုတ္ေပးမွာ ျဖစ္ပါတယ္။ အခ်ိန္ေတြၾကာလာေတာ့ “generator” network ကေနဖန္တီးလိုက္တဲ့ပံုရိပ္ေတြက အစစ္နဲ႕အလားသ႑ာန္တူလာပါတယ္။
ေနာက္ဆံုးေပၚ GAN ကို အသံုးျပဳလိုက္ျခင္းအားျဖင့္ Wang ဟာ သူ႕ရဲ႕ deep-learning algorithm ကို ေလ့က်င့္ေပးလိုက္တဲ့အခါမွာ ေအာင္ျမင္သြားခဲ့ပါတယ္။ အရည္အေသြးျမင့္ဓါတ္ပံု ၇၀ ၀၀၀ ပါတဲ့ေဒတာအစုလိုက္နဲ႕ ေလ့က်င့္ခဲ့တာပါ။ ရလဒ္ကေတာ့ ၀က္ဘ္ဆုိက္မွာ ၾကည့္လိုက္ပါေတာ့။ refresh လုပ္လိုက္တုိင္းမွာ ပံုရိပ္အသစ္ေတြကို ထုတ္လုပ္ေပးသြားမွာ ျဖစ္ပါတယ္။
“ျမင္ရတဲ့မ်က္ႏွာက မူရင္းအတုိင္းပါပဲ။ ကၽြန္ေတာ္တို႕သတ္မွတ္ထားတဲ့ မူရင္းပါ” လို႕ Digital Trends ကို ေျပာသြားခဲ့ပါတယ္။ “ဘယ္လိုလူသားေတြကမွ မူရင္းမျဖစ္ႏုိင္ပါဘူး။ ကၽြန္ေတာ္တို႕အားလံုး ေဒတာေတြနဲ႕ ခ်ည္ေႏွာင္ထားခံရပါတယ္။ ပန္းခ်ီပညာရွင္တစ္ေယာက္ေတာင္မွ သူတို႕ဘ၀မွာ ျမင္ဖူးတဲ့အရာေတြကိုသာ ဆြဲသားႏုိင္မွာ ျဖစ္ပါတယ္။ neural network ကေတာ့ ကၽြန္ေတာ္တို႕တတ္ႏုိင္တာေလာက္အထိေတာင္ လယ္ဗယ္တန္းလိုက္ေနပါတယ္။ ေဒတာေကာင္းေကာင္းနဲ႕ ေလ့က်င့္ေပးလိုက္မယ္ဆိုရင္ေတာ့ သူဟာေဒတာေတြကို အပိုင္းပိုင္းခြဲျခားျပီးေတာ့ အေျခခံအက်ဆံုးအျဖစ္နဲ႕ ပိုင္းျခားလိုက္ပါတယ္။ ျပီးေတာ့ ယံုၾကည္ေလာက္စရာပံုစံေတြကို ျပန္လည္ဖြဲ႕စည္းလိုက္ပါတယ္။ ဒါဟာ သူမွတ္သားထားတဲ့ ပံုရိပ္ေတြကို ေပါင္းစပ္ျပီးေတာ့ ျဖတ္ညွပ္ကပ္လုပ္ေပးတဲ့ ပရိုဂရမ္ထက္ေတာင္ အဆင့္ျမင့္ေနပါတယ္။”

Unicode Version

အဲဒီလူကို မြင်ဖူးလား။ ဒါ လူပျောက်ကြေညာနေတာမဟုတ်ပါဘူး။ ဘာအကြောင်းအရာမှ မဟုတ်ပါဘူး။ ဒါကတော့ website အသစ် ThisPersonDoesNotExist.com မှာ AI နည်းပညာသုံးပြီးတော့ မျက်နှာပုံစံကို ထုတ်ထားတာပါ။ ဒီနေ့ခေတ် AI တွေဟာ လူသားတွေ့ရဲ့မျက်နှာကို တိတိကျကျထုတ်ပေးနိုင်တဲ့အဆင့်ကိုရောက်နေပါပြီ။ 2004 ခုနှစ်က Polar Express ဇာတ်ကားထဲကလိုမျိုး ဖြစ်လာမယ်ထင်တယ်။
Philip Wang ရဲ့လုပ်ဆောင်ချက်နဲ့အတူ ဒီဝက်ဘ်ဆိုက်လေးက ထွက်ပေါ်လာခဲ့တာပါ။ သူဟာ Uber ရဲ့ software engineer တစ်ယောက်လည်း ဖြစ်ပါတယ်။ Wang ရဲ့ ပြောကြားချက်အရ ဒီစိတ်ကူးလေးဟာ ၂၀၁၄ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီးတော့ လက်ရှိ Google Brain မှာလုပ်ဆောင်နေတဲ့ Ian Goodfellow နဲ့ စကားပြောဆိုပြီးနောက်မှာ ရခဲ့တာလည်း ဖြစ်ပါတယ်။ သူကတော့ generative adversarial network (GAN) ကို မိတ်ဆက်ခဲ့သူလည်း ဖြစ်ပါတယ်။ neural network အချင်းချင်း ဘယ်လိုလုပ်ဆောင်မလဲဆိုတာနဲ့ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ တစ်ခုကတော့ ပုံရိပ်အသစ်တွေကို ထုတ်လုပ်ပေးမှာဖြစ်ပြီးတော့ နောက်တစ်ခုက တကယ့်အစစ်လို့ထင်ရတဲ့ ကွန်ပျူတာထုတ်ပုံရိပ်တွေ ထုတ်ပေးမှာ ဖြစ်ပါတယ်။ အချိန်တွေကြာလာတော့ “generator” network ကနေဖန်တီးလိုက်တဲ့ပုံရိပ်တွေက အစစ်နဲ့အလားသဏ္ဍာန်တူလာပါတယ်။
နောက်ဆုံးပေါ် GAN ကို အသုံးပြုလိုက်ခြင်းအားဖြင့် Wang ဟာ သူ့ရဲ့ deep-learning algorithm ကို လေ့ကျင့်ပေးလိုက်တဲ့အခါမှာ အောင်မြင်သွားခဲ့ပါတယ်။ အရည်အသွေးမြင့်ဓါတ်ပုံ ၇၀ ၀၀၀ ပါတဲ့ဒေတာအစုလိုက်နဲ့ လေ့ကျင့်ခဲ့တာပါ။ ရလဒ်ကတော့ ဝက်ဘ်ဆိုက်မှာ ကြည့်လိုက်ပါတော့။ refresh လုပ်လိုက်တိုင်းမှာ ပုံရိပ်အသစ်တွေကို ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။
“မြင်ရတဲ့မျက်နှာက မူရင်းအတိုင်းပါပဲ။ ကျွန်တော်တို့သတ်မှတ်ထားတဲ့ မူရင်းပါ” လို့ Digital Trends ကို ပြောသွားခဲ့ပါတယ်။ “ဘယ်လိုလူသားတွေကမှ မူရင်းမဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့အားလုံး ဒေတာတွေနဲ့ ချည်နှောင်ထားခံရပါတယ်။ ပန်းချီပညာရှင်တစ်ယောက်တောင်မှ သူတို့ဘဝမှာ မြင်ဖူးတဲ့အရာတွေကိုသာ ဆွဲသားနိုင်မှာ ဖြစ်ပါတယ်။ neural network ကတော့ ကျွန်တော်တို့တတ်နိုင်တာလောက်အထိတောင် လယ်ဗယ်တန်းလိုက်နေပါတယ်။ ဒေတာကောင်းကောင်းနဲ့ လေ့ကျင့်ပေးလိုက်မယ်ဆိုရင်တော့ သူဟာဒေတာတွေကို အပိုင်းပိုင်းခွဲခြားပြီးတော့ အခြေခံအကျဆုံးအဖြစ်နဲ့ ပိုင်းခြားလိုက်ပါတယ်။ ပြီးတော့ ယုံကြည်လောက်စရာပုံစံတွေကို ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။ ဒါဟာ သူမှတ်သားထားတဲ့ ပုံရိပ်တွေကို ပေါင်းစပ်ပြီးတော့ ဖြတ်ညှပ်ကပ်လုပ်ပေးတဲ့ ပရိုဂရမ်ထက်တောင် အဆင့်မြင့်နေပါတယ်။”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.