Posted on Leave a comment

လူ႕အခြင့္အေရးနဲ႕ဆန္႕က်င္ေနတဲ့ သတၳဳလုပ္ငန္းငါးခုကို ပယ္ခ်ခဲ့တဲ့ Apple

Zawgyi Version

ဟုတ္ပါတယ္။ ကၽြန္ေတာ္တို႕ရဲ႕ iPhone ထုတ္လုပ္သူၾကီးကေတာ့ လူ႕အခြင့္အေရးကို တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားပါတယ္။
supply chainထဲကေနျပီးေတာ့ လူ႕အခြင့္အေရးလႈပ္ရွားမႈေတြမွာ မပါ၀င္ခဲ့တဲ့ တပ္ဆင္ျပီးေတာ့မြမ္းမံေပးတဲ့လုပ္ငန္းငါးခုကို ျဖဳတ္ခ်ခဲ့ပါတယ္။ ဒီအေၾကာင္းကိုေတာ့ ေသာၾကာေန႕က ထြက္ရွိခဲ့တဲ့ 2018 Conflict Minerals Report မွာ တင္ျပထားခဲ့တာျဖစ္ပါတယ္။
၂၀၁၈ခုႏွစ္မွာေတာ့ အိုင္ဖုန္းထုတ္လုပ္သူဟာ တရားမ၀င္လုပ္ေဆာင္ခ်က္ေတြနဲ႕အတူ Democratic Republic of the Congo နဲ႕ ျငိေနခဲ့တယ္လို႕ သတင္းထြက္ခဲ့ပါတယ္။ အျခားအမႈေတြက ပိတ္လုိက္ေပမယ့္လည္း အမႈဖြင့္ျပီးစံုစမ္းေနတာ ငါးခုက်န္ေနပါေသးတယ္။ အေသးစိတ္ကိုေတာ့ တင္ျပမထားပါဘူး။
Apple ဟာ လူ႕အခြင့္အေရးကို ကာကြယ္ဖို႕အတြက္ ကမာၻအႏွံ႕လုပ္ေဆာင္ေနပါတယ္။ supplier ေတြနဲ႕ ခ်ိတ္ဆက္ျပီးေတာ့လုပ္ေဆာင္ေနတာပါလို႕ တင္ျပခ်က္အရ သိရပါတယ္။ supplier ေတြရဲ႕စံႏႈန္းကို ကန္႕သတ္ထားတယ္ဆိုေပမယ့္လည္း သူ႕ရဲ႕ထုတ္ကုန္ေတြမွာ သတၳဳေတြအသံုးျပဳေနတဲ့အတြက္ေၾကာင့္ အဲဒီလုပ္ငန္းေတြဟာ ပါ၀င္လာေလ့ရွိပါတယ္။
၂၀၁၈ခုႏွစ္မွာ အရည္က်ိဳနဲ႕ ျပန္လည္မြမ္းမံလုပ္ငန္းေတြကို စစ္ေဆးျပီးေတာ့ Apple supply chain အတြက္ ေရြးခ်ယ္ခဲ့ပါတယ္။
ဒါဟာ ပထမဆံုးအၾကိမ္ေတာ့ မဟုတ္ပါဘူး။ ၂၀၁၇ခုႏွစ္မွာလည္း လုပ္ငန္း ၁၀ခုကို အဲဒီအေၾကာင္းျပခ်က္နဲ႕ ထုတ္ပယ္ခဲ့ဖူးပါတယ္။ ၂၀၁၈ ဇန္န၀ါရီလမွာေတာ့ တရုတ္အလုပ္သမားေစာင့္ၾကည့္ေရးအဖြဲ႕ရဲ႕ ေတြ႕ရွိမႈအရ Apple supplier ေတြဟာ လုပ္ခလစာအနည္းငယ္သာ ေပးေနတယ္လို႕ သိရပါတယ္။ အလုပ္ခ်ိန္ၾကာျမင့္မႈနဲ႕ မလံုျခံဳတဲ့အလုပ္ခြင္မွာ လုပ္ေဆာင္ေနၾကရတာကိုလည္း ေတြ႕ရွိခဲ့ပါတယ္။ ဒီအခ်က္ေတြကို စစ္ေဆးေပးဖို႕အတြက္ လုပ္ငန္းေတြဆီကို တိုက္ရုိက္ဆက္သြယ္ခဲ့တယ္လို႕လည္း တင္ျပခ်က္ထဲမွာ ေရးသား ထားပါတယ္။

Unicode Version

ဟုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ iPhone ထုတ်လုပ်သူကြီးကတော့ လူ့အခွင့်အရေးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပါတယ်။
supply chainထဲကနေပြီးတော့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာ မပါဝင်ခဲ့တဲ့ တပ်ဆင်ပြီးတော့မွမ်းမံပေးတဲ့လုပ်ငန်းငါးခုကို ဖြုတ်ချခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ သောကြာနေ့က ထွက်ရှိခဲ့တဲ့ 2018 Conflict Minerals Report မှာ တင်ပြထားခဲ့တာဖြစ်ပါတယ်။
၂၀၁၈ခုနှစ်မှာတော့ အိုင်ဖုန်းထုတ်လုပ်သူဟာ တရားမဝင်လုပ်ဆောင်ချက်တွေနဲ့အတူ Democratic Republic of the Congo နဲ့ ငြိနေခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခြားအမှုတွေက ပိတ်လိုက်ပေမယ့်လည်း အမှုဖွင့်ပြီးစုံစမ်းနေတာ ငါးခုကျန်နေပါသေးတယ်။ အသေးစိတ်ကိုတော့ တင်ပြမထားပါဘူး။
Apple ဟာ လူ့အခွင့်အရေးကို ကာကွယ်ဖို့အတွက် ကမ္ဘာအနှံ့လုပ်ဆောင်နေပါတယ်။ supplier တွေနဲ့ ချိတ်ဆက်ပြီးတော့လုပ်ဆောင်နေတာပါလို့ တင်ပြချက်အရ သိရပါတယ်။ supplier တွေရဲ့စံနှုန်းကို ကန့်သတ်ထားတယ်ဆိုပေမယ့်လည်း သူ့ရဲ့ထုတ်ကုန်တွေမှာ သတ္ထုတွေအသုံးပြုနေတဲ့အတွက်ကြောင့် အဲဒီလုပ်ငန်းတွေဟာ ပါဝင်လာလေ့ရှိပါတယ်။
၂၀၁၈ခုနှစ်မှာ အရည်ကျိုနဲ့ ပြန်လည်မွမ်းမံလုပ်ငန်းတွေကို စစ်ဆေးပြီးတော့ Apple supply chain အတွက် ရွေးချယ်ခဲ့ပါတယ်။
ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၇ခုနှစ်မှာလည်း လုပ်ငန်း ၁၀ခုကို အဲဒီအကြောင်းပြချက်နဲ့ ထုတ်ပယ်ခဲ့ဖူးပါတယ်။ ၂၀၁၈ ဇန်နဝါရီလမှာတော့ တရုတ်အလုပ်သမားစောင့်ကြည့်ရေးအဖွဲ့ရဲ့ တွေ့ရှိမှုအရ Apple supplier တွေဟာ လုပ်ခလစာအနည်းငယ်သာ ပေးနေတယ်လို့ သိရပါတယ်။ အလုပ်ချိန်ကြာမြင့်မှုနဲ့ မလုံခြုံတဲ့အလုပ်ခွင်မှာ လုပ်ဆောင်နေကြရတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ ဒီအချက်တွေကို စစ်ဆေးပေးဖို့အတွက် လုပ်ငန်းတွေဆီကို တိုက်ရိုက်ဆက်သွယ်ခဲ့တယ်လို့လည်း တင်ပြချက်ထဲမှာ ရေးသား ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.