Posted on Leave a comment

Screen တုန္ခါမႈျဖင့္ အသံထြက္တဲ့ နည္းပညာ ပါလာမယ့္ LG G8 ThinQ

LG G8 ThinQ မွာ Screen တုန္ခါမႈျဖင့္ အသံထြက္တဲ့ နည္းပညာ ပါလာမယ္လို႔ ယခင္က သတင္းထြက္ခဲ့ပါတယ္။ အခုေတာ့ ဒီသတင္းကို LG က အတည္ျပဳလိုက္ပါတယ္။  LG က အဲဒီ အသံဟာ က်ယ္ေလာင္ၿပီး ၾကည္လင္တယ္လုိ႔ ေျပာေပမယ့္ သူခ်ည္းပဲေတာ့ အေကာင္းဆံုး အသံအရည္အေသြးကို ရရွိမွာ မဟုတ္ပါဘူး။ အဲဒီအတြက္ ဖုန္းရဲ႕ ေအာက္ေျခမွာ စပီကာတစ္ခု ထည့္သြင္းထားပါတယ္။ Crystal Sound OLED (CSO) လို႔ အမည္ေပးထားၿပီး G8 ရဲ႕ မ်က္နွာျပင္ကို LG ကိုယ္တိုင္ ထုတ္မွာပါ။ ဒီနည္းပညာကို LG က သူ႕ရဲ႕ တီဗီမ်ားမွာ အသံုးျပဳထားပါတယ္။

LG အေနနဲ႔ G8 ThinQ ရဲ႕ မ်က္ႏွာျပင္ပိုင္းကို အဆင့္တိုးျမင့္မႈ ျပဳလုပ္သြားမွာျဖစ္ၿပီး သူ႕မွာ 4K Resolution သုံးလာမွာပါ။   4K screen နဲ႔ထြက္လာႏုိင္မယ့္  LG G8 ThinQ  ဟာ   Samsung ရဲ႕ Galaxy S10 စီရီးစမတ္ဖုန္းေတြနဲ႔ ေစ်းကြက္ယွဥ္ၿပိဳင္ရပါလိမ့္မယ္။ လက္ရွိအခ်ိန္မွာေတာ့ ကိုရီးယားထုတ္လုပ္သူ ၂ဦးဟာ သူတို႔ရဲ႕ စမတ္ဖုန္းေတြမွာ AMOLED display panel ေတြကိုသာ အသုံးျပဳလ်က္ရွိေနပါတယ္။ ယခုႏွစ္ကုန္ပိုင္းေလာက္မွာလည္း LG V40 ThinQ ဟာ AMOLED screen သုံးၿပီးထြက္ရွိလာႏုိင္ေျခရွိပါတယ္။ 4K panel ေတြကိုသာသုံးလာမယ္ဆုိရင္ အရည္အေသြးျမင့္မားတဲ့ VR content ေတြကို ျပည့္စုံတဲ့ျမင္ကြင္းအေတြ႕အႀကဳံနဲ႔ ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

တကယ္လို႔ LG အေနနဲ႔ G8 မွာသာ မ်က္ႏွာျပင္နည္းပညာကို ဆန္းသစ္လာခဲ့မယ္ဆိုရင္ ကုမၸဏီရဲ႕ 4K Screen သုံးထားတဲ့ ပထမဆုံးစမတ္ဖုန္းျဖစ္လာပါတယ္။ Display နည္းပညာပိုင္းမွာ အၿမဲတမ္းဆန္းသစ္တဲ့ LG အေနနဲ႔    Quad HD resolution နဲ႔ G3 စမတ္ဖုန္းကို  2014 မွာ ထုတ္လုပ္ၿပီးတဲ့ေနာက္ပိုင္းမွာ နည္းပညာေတြကို အဆင့္ျမင့္တင္ဖို႔ အခ်ိန္ေရာက္လာၿပီလို႔ ဆိုႏိုင္ပါတယ္။

unicode

Screen တုန်ခါမှုဖြင့် အသံထွက်တဲ့ နည်းပညာ ပါလာမယ့် LG G8 ThinQ

LG G8 ThinQ မှာ Screen တုန်ခါမှုဖြင့် အသံထွက်တဲ့ နည်းပညာ ပါလာမယ်လို့ ယခင်က သတင်းထွက်ခဲ့ပါတယ်။ အခုတော့ ဒီသတင်းကို LG က အတည်ပြုလိုက်ပါတယ်။ LG က အဲဒီ အသံဟာ ကျယ်လောင်ပြီး ကြည်လင်တယ်လို့ ပြောပေမယ့် သူချည်းပဲတော့ အကောင်းဆုံး အသံအရည်အသွေးကို ရရှိမှာ မဟုတ်ပါဘူး။ အဲဒီအတွက် ဖုန်းရဲ့ အောက်ခြေမှာ စပီကာတစ်ခု ထည့်သွင်းထားပါတယ်။ Crystal Sound OLED (CSO) လို့ အမည်ပေးထားပြီး G8 ရဲ့ မျက်နှာပြင်ကို LG ကိုယ်တိုင် ထုတ်မှာပါ။ ဒီနည်းပညာကို LG က သူ့ရဲ့ တီဗီများမှာ အသုံးပြုထားပါတယ်။

LG အနေနဲ့ G8 ThinQ ရဲ့ မျက်နှာပြင်ပိုင်းကို အဆင့်တိုးမြင့်မှု ပြုလုပ်သွားမှာဖြစ်ပြီး သူ့မှာ 4K Resolution သုံးလာမှာပါ။ 4K screen နဲ့ထွက်လာနိုင်မယ့် LG G8 ThinQ ဟာ Samsung ရဲ့ Galaxy S10 စီရီးစမတ်ဖုန်းတွေနဲ့ ဈေးကွက်ယှဉ်ပြိုင်ရပါလိမ့်မယ်။ လက်ရှိအချိန်မှာတော့ ကိုရီးယားထုတ်လုပ်သူ ၂ဦးဟာ သူတို့ရဲ့ စမတ်ဖုန်းတွေမှာ AMOLED display panel တွေကိုသာ အသုံးပြုလျက်ရှိနေပါတယ်။ ယခုနှစ်ကုန်ပိုင်းလောက်မှာလည်း LG V40 ThinQ ဟာ AMOLED screen သုံးပြီးထွက်ရှိလာနိုင်ခြေရှိပါတယ်။ 4K panel တွေကိုသာသုံးလာမယ်ဆိုရင် အရည်အသွေးမြင့်မားတဲ့ VR content တွေကို ပြည့်စုံတဲ့မြင်ကွင်းအတွေ့အကြုံနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ LG အနေနဲ့ G8 မှာသာ မျက်နှာပြင်နည်းပညာကို ဆန်းသစ်လာခဲ့မယ်ဆိုရင် ကုမ္ပဏီရဲ့ 4K Screen သုံးထားတဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်လာပါတယ်။ Display နည်းပညာပိုင်းမှာ အမြဲတမ်းဆန်းသစ်တဲ့ LG အနေနဲ့ Quad HD resolution နဲ့ G3 စမတ်ဖုန်းကို 2014 မှာ ထုတ်လုပ်ပြီးတဲ့နောက်ပိုင်းမှာ နည်းပညာတွေကို အဆင့်မြင့်တင်ဖို့ အချိန်ရောက်လာပြီလို့ ဆိုနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.