Smartphone Trending Uncategorized

Samsung က အလြန္ ပါးလႊာ ေပါ့ပါးတဲ့ Galaxy Tab S5e ကို ေၾကညာ

Samsung က ေဒၚလာ ၄၀၀ တန္ အန္းဒရြိဳက္ တက္ဘလက္ အသစ္တစ္လံုးကို ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ အမည္မွာ Galaxy Tab S5e ျဖစ္ပါတယ္။ သူဟာ အလြန္ပါးလႊာ ေပါ့ပါးၿပီး ၅.၅ မီလီမီတာသာ ရွိပါတယ္။ အေလးခ်ိန္က ၄၀၀ ဂရမ္သာ ရွိပါတယ္။ သူ႔ကို သတၱဳကိုယ္ထည္နဲ႔ တည္ေဆာက္ထားပါတယ္။ မ်က္ႏွာျပင္ ေဘးေဘာင္မ်ားက ပါးလႊာၿပီး Screen-to-body Ratio ဟာ ၈၁.၈ ရာခုိင္ႏႈန္း ရွိပါတယ္။

တက္ဘလက္မွာ ၁၀.၅ လက္မ Super AMOLED Display ထည့္သြင္းထားၿပီး 2560x1600p Resolution ျဖစ္ပါတယ္။ Octa-core Snapdragon 670 Chipset က စြမ္းေဆာင္ရည္သင့္ အမ်ိဳးအစား ျဖစ္ပါတယ္။ ဘက္ထရီ သက္တမ္းဟာ ၁၄.၅ နာရီ ျဖစ္တယ္လို႔ ကုမၸဏီက ေျပာပါတယ္။ လက္ပ္ေတာ့လိုပါ သံုးႏိုင္တဲ့ Book Cover Keyboard ထည့္ေပးထားပါတယ္။

တက္ဘလက္မွာ One UI ပါတဲ့ Android 9 Pie ထည့္သြင္းထားပါတယ္။ 4/64GB နဲ႔ 6/128GB Model မ်ား ထုတ္လုပ္ထားၿပီး 512GB အထိ ၀င္ဆန္႔တဲ့ microSD Card စိုက္ႏိုင္ပါတယ္။ 8MP Selfie Camera နဲ႔ 13MP Rear Camera မ်ား ပါပါတယ္။ AKG Tuned Speaker ေလးလံုး ထည့္သြင္းထားၿပီး Dolby Atmos နည္းပညာ ပါပါတယ္။

သူ႔အတြက္ ဒစ္ဂ်စ္တယ္ ေဘာပင္ေတာ့ မပါပါဘူး။ Face Recognition ပါပါတယ္။ ဒါ့အျပင္ လက္ေဗြရာ အာရံုခံ ကိရိယာကို ပါ၀ါခလုတ္မွာ ျမွပ္ႏွံထားပါတယ္။ ဥေရာပမွာ LTE Model ကို ယူရို ၄၈၀ သတ္မွတ္ထားပါတယ္။ မတ္လမွာ ႀကိဳတင္မွာယူႏိုင္ၿပီး ဧၿပီလ ၄ ရက္မွာ ေရာင္းမွာပါ။

Ref : theverge

unicode

Samsung က အလွန် ပါးလွှာ ပေါ့ပါးတဲ့ Galaxy Tab S5e ကို ကြေညာ

Samsung က ဒေါ်လာ ၄၀၀ တန် အန်းဒရွိုက် တက်ဘလက် အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Galaxy Tab S5e ဖြစ်ပါတယ်။ သူဟာ အလွန်ပါးလွှာ ပေါ့ပါးပြီး ၅.၅ မီလီမီတာသာ ရှိပါတယ်။ အလေးချိန်က ၄၀၀ ဂရမ်သာ ရှိပါတယ်။ သူ့ကို သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ မျက်နှာပြင် ဘေးဘောင်များက ပါးလွှာပြီး Screen-to-body Ratio ဟာ ၈၁.၈ ရာခိုင်နှုန်း ရှိပါတယ်။

တက်ဘလက်မှာ ၁၀.၅ လက်မ Super AMOLED Display ထည့်သွင်းထားပြီး 2560x1600p Resolution ဖြစ်ပါတယ်။ Octa-core Snapdragon 670 Chipset က စွမ်းဆောင်ရည်သင့် အမျိုးအစား ဖြစ်ပါတယ်။ ဘက်ထရီ သက်တမ်းဟာ ၁၄.၅ နာရီ ဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ လက်ပ်တော့လိုပါ သုံးနိုင်တဲ့ Book Cover Keyboard ထည့်ပေးထားပါတယ်။

တက်ဘလက်မှာ One UI ပါတဲ့ Android 9 Pie ထည့်သွင်းထားပါတယ်။ 4/64GB နဲ့ 6/128GB Model များ ထုတ်လုပ်ထားပြီး 512GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ 8MP Selfie Camera နဲ့ 13MP Rear Camera များ ပါပါတယ်။ AKG Tuned Speaker လေးလုံး ထည့်သွင်းထားပြီး Dolby Atmos နည်းပညာ ပါပါတယ်။

သူ့အတွက် ဒစ်ဂျစ်တယ် ဘောပင်တော့ မပါပါဘူး။ Face Recognition ပါပါတယ်။ ဒါ့အပြင် လက်ဗွေရာ အာရုံခံ ကိရိယာကို ပါဝါခလုတ်မှာ မြှပ်နှံထားပါတယ်။ ဥရောပမှာ LTE Model ကို ယူရို ၄၈၀ သတ်မှတ်ထားပါတယ်။ မတ်လမှာ ကြိုတင်မှာယူနိုင်ပြီး ဧပြီလ ၄ ရက်မှာ ရောင်းမှာပါ။

Ref : theverge

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.