Apple AirPods အသစ်ကို အနက်ရောင်နဲ့ ထုတ်လုပ်မည်

0
588

Zawgyi Version


Unicode Version

သတင်းတွေကြားထားတဲ့အတိုင်းဆိုရင်တော့ Apple AirPods အသစ်တွေကို မကြာခင်မှာ တွေ့မြင်ရတော့မှာပါ။ အချက်အလက်တွေ ဘယ်လိုမျိုး အဆင့်မြှင့်ထားမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
AirPods ဗားရှင်းအသစ်ကိုတော့ Inventec ကထုတ်လုပ်ထားတယ်လို့ Economic Daily News က ဖော်ပြထားပါတယ်။ နောက်ပြီး AirPods နဲ့ charging case တွေကို အဖြူရော အနက်ပါ တွေ့မြင်ရမယ်လို့လည်း ပြောသွားခဲ့ပါတယ်။ ဒါကြောင့် a matte coating နဲ့ မျှော်လင့်ထားလို့ရပါပြီ။
AirPods အသစ်တွေရဲ့ဈေးနှုန်းကတော့ အရင်ဗားရှင်းလို ၁၅၉ဒေါ်လာပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း အရင်မျိုးဆက်တုန်းကတော့ ၁၉၉ဒေါ်လာဖြစ်ခဲ့တာပါ။ Apple’s AirPower wireless charging mat နဲ့ တွေ့မြင်ရမှာပါ။
AirPods တွေကတော့ စတင်ထုတ်လုပ်ချိန်ကစပြီးတော့ လူကြိုက်များကြပါတယ်။ အနက်ရောင်လေးကတော့ နောက်ထပ်လူကြိုက်များစေမယ့်အချက်လို့ တွေးတောမိပါတယ်။ ဒါပေမယ့်လည်း အဖြူရောင်လေးကိုနားမှာတပ်ထားခြင်းက လူအများကြားမှာ ပေါ်လွင်နေတယ်လို့ ယူဆသူတွေလည်းရှိပါတယ်။ အနက်ရောင်ကို မက်မောသူတွေလည်း ရှိနေသေးတာဆိုတော့ hit ဖြစ်ဦးမှာပါ။
ခင်ဗျားတို့ရော AirPods 2 ကို အနက်ရောင်နဲ့ရမယ်ဆိုရင် စိတ်ဝင်စားမလား။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.