Smartphone Trending

အနီေရာင္ iPhone XS နဲ႔ XS Max တို႔ကို ေရာင္းမယ့္ Apple

တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ Apple က တရုတ္မွာ အနီေရာင္ iPhone XS နဲ႔ XS Max မ်ားကို ေရာင္းမယ္လို႔ သတင္းထြက္လာပါတယ္။ ပို႔စ္တင္သူက Apple အတြက္ ဖုန္း အစိတ္အပိုင္းမ်ားကို ပံ့ပိုးေပးေနတဲ့ အသိုင္းအ၀ိုင္းကေန ထြက္ေပၚလာတာ ျဖစ္တယ္လို႔ ေျပာပါတယ္။ ဒီလကုန္မွာ အနီေရာင္ ေမာ္ဒယ္မ်ားကို ေရာင္းခ်မွာ ျဖစ္ပါတယ္။

Apple က ယခင္က ေရာင္းခ်ခဲ့တဲ့ အနီေရာင္ ေမာ္ဒယ္မ်ားကို (Product) RED Brand အေနနဲ႔ ထုတ္လုပ္ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။ ယခု ေရာင္းမယ့္ အနီေရာင္ iPhone XS နဲ႔ XS Max မ်ားကိုေတာ့ အဲဒီ ဘရန္း အေနနဲ႔ ေရာင္းခ်မွာ မဟုတ္ပါဘူး။ သူတို႔ကို China Red လို႔ အမည္ေပးထားမွာ ျဖစ္ပါတယ္။

Apple ဟာ ဒီႏွစ္ စက္တင္ဘာလမွာ iPhone XS, XS Max နဲ႔ XR တို႔ရဲ႕ မ်ိဳးဆက္သစ္မ်ားကို ေရာင္းခ်မွာ ျဖစ္ပါတယ္။ အန္းဒရြိဳက္ ဖုန္း ထုတ္လုပ္သူမ်ားက Notch မ်ားကို ဖယ္ရွားလာၾကေပမယ့္ Apple ကေတာ့ ဒီႏွစ္ထုတ္ အိုင္ဖုန္းမ်ားမွာ Notch မ်ားကို ဆက္လက္ အသံုးျပဳထားမွာ ျဖစ္ပါတယ္။ XR ရဲ႕ မ်ိဳးဆက္ဟာ XS Max ရဲ႕ မ်ိဳးဆက္ထက္ ပိုက်ယ္တဲ့ Notch ပါလာမယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္လည္း ကုမၸဏီက အရြယ္ေသး Notch ပါတဲ့ XR မ်ိဳးဆက္ကိုလည္း ဖန္တီးေနတယ္လို႔ သတင္းထြက္ေနပါတယ္။

ေစ်းႏႈန္းပိုင္းမွာေတာ့ အိုင္ဖုန္း အသစ္မ်ားဟာ ယခင္ႏွစ္ထုတ္ ေမာ္ဒယ္မ်ားန          ဲ႔ တူညီမယ္လို႔ သိရပါတယ္။ တန္ဖိုး အနည္းဆံုး ေမာ္ဒယ္မ်ား အတြက္ XR မ်ိဳးဆက္သစ္ဟာ ၇၄၉ ေဒၚလာ ၊ XS မ်ိဳးဆက္သစ္ဟာ ၉၉၉ ေဒၚလာ၊ XS Max မ်ိဳးဆက္သစ္ဟာ ၁၀၉၉ ေဒၚလာ ရွိႏုိင္ပါတယ္။

unicode

အနီရောင် iPhone XS နဲ့ XS Max တို့ကို ရောင်းမယ့် Apple

တရုတ် လူမှုကွန်ရက် ဝီဘိုမှာ Apple က တရုတ်မှာ အနီရောင် iPhone XS နဲ့ XS Max များကို ရောင်းမယ်လို့ သတင်းထွက်လာပါတယ်။ ပို့စ်တင်သူက Apple အတွက် ဖုန်း အစိတ်အပိုင်းများကို ပံ့ပိုးပေးနေတဲ့ အသိုင်းအဝိုင်းကနေ ထွက်ပေါ်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလကုန်မှာ အနီရောင် မော်ဒယ်များကို ရောင်းချမှာ ဖြစ်ပါတယ်။

Apple က ယခင်က ရောင်းချခဲ့တဲ့ အနီရောင် မော်ဒယ်များကို (Product) RED Brand အနေနဲ့ ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ယခု ရောင်းမယ့် အနီရောင် iPhone XS နဲ့ XS Max များကိုတော့ အဲဒီ ဘရန်း အနေနဲ့ ရောင်းချမှာ မဟုတ်ပါဘူး။ သူတို့ကို China Red လို့ အမည်ပေးထားမှာ ဖြစ်ပါတယ်။

Apple ဟာ ဒီနှစ် စက်တင်ဘာလမှာ iPhone XS, XS Max နဲ့ XR တို့ရဲ့ မျိုးဆက်သစ်များကို ရောင်းချမှာ ဖြစ်ပါတယ်။ အန်းဒရွိုက် ဖုန်း ထုတ်လုပ်သူများက Notch များကို ဖယ်ရှားလာကြပေမယ့် Apple ကတော့ ဒီနှစ်ထုတ် အိုင်ဖုန်းများမှာ Notch များကို ဆက်လက် အသုံးပြုထားမှာ ဖြစ်ပါတယ်။ XR ရဲ့ မျိုးဆက်ဟာ XS Max ရဲ့ မျိုးဆက်ထက် ပိုကျယ်တဲ့ Notch ပါလာမယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီက အရွယ်သေး Notch ပါတဲ့ XR မျိုးဆက်ကိုလည်း ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။

ဈေးနှုန်းပိုင်းမှာတော့ အိုင်ဖုန်း အသစ်များဟာ ယခင်နှစ်ထုတ် မော်ဒယ်များန ဲ့ တူညီမယ်လို့ သိရပါတယ်။ တန်ဖိုး အနည်းဆုံး မော်ဒယ်များ အတွက် XR မျိုးဆက်သစ်ဟာ ၇၄၉ ဒေါ်လာ ၊ XS မျိုးဆက်သစ်ဟာ ၉၉၉ ဒေါ်လာ၊ XS Max မျိုးဆက်သစ်ဟာ ၁၀၉၉ ဒေါ်လာ ရှိနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.